News

POST TYPE

SPORTS

၂၀၁၉ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် အီဂျစ်ကို ရွေးချယ်
10-Jan-2019


ဒတ်ကာ၊ ဇန်နဝါရီ ၁၀

အာဖရိကဘောလုံးအဖွဲ့ချုပ်သည် ဆီနီဂေါနိုင်ငံ ဒတ်ကာမြို့တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲတွင် ၂၀၁၉ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံ ပြန်လည်ရွေးချယ်လိုက်ပြီး ယင်းအခွင့်အရေးကို အီဂျစ်နိုင်ငံက ရရှိသွားကြောင်း Reuters က ဖော်ပြထားသည်။

အာဖရိကနိုင်ငံများဘောလုံးအဖွဲ့ချုပ်သည် အစောပိုင်း၌ ကင်မရွန်းနိုင်ငံကို ၂၀၁၉ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ရွေးချယ်ထားခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ အားရကျေနပ်ဖွယ်ရာ မရှိခြင်းကြောင့် ၎င်းတို့အနေနှင့် ကင်းမရွန်းထံမှနေ၍ ယင်းအခွင့်အရေးကို ပြန်လည်ရုပ်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု အာဖရိကနိုင်ငံများဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်သွားခဲ့သည်။

အာဖရိကဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အပြောင်းအလဲနှစ်ရပ် ဆောင်ရွက်ထားပြီး ယင်းအပြောင်းအလဲများမှာ ပြိုင်ပွဲကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့အစား ဇွန်လနှင့် ဇူလိုင်လတို့တွင် ကျင်းပခြင်း၊ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို ၁၆ သင်းမှနေ၍ ၂၄ သင်းသို့ တိုးမြှင့်လိုက်ခြင်း စသည်တို့ဖြစ်သည်။