News

POST TYPE

SPORTS

ပွဲစဉ်တွေများလွန်းတာကြောင့် ရွေးချယ်ရခက်နိုင်တဲ့ ယူရိုပါလိဂ်ည လာပြီ
08-Nov-2018


ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၄)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဖီနာဘာချီ - အန်ဒါလက်ခ်ျ
အန်ဒါလက်ခ်ျအတွက်က မျှော်လင့်ချက်ကုန်သလောက်ဖြစ်သွားပါပြီ။ ပထမအကျော့တုန်းက နှစ်ဂိုးစီသရေကစားနိုင်ခဲ့တာဟာ ဖီနာဘာချီအတွက် ကြီးစွာသောအောင်မြင်မှုပါပဲ။ အိမ်ကွင်းပွဲစဉ်တွေဆိုရင် ဖီနာဘာချီ ခြေစွာတတ်လေ့ရှိတာကို သတိပြုရမှာပါ။ ကပ်နိုင်ရုံနဲ့တင် အဆင်ပြေမှာဖြစ်လို့ ဖီနာဘာချီကို ရွေးသင့်တယ်။

အက်စ်တာနာ - ဂျာဘလိုနက်
ချက်ကလပ် ဂျာဘလိုနက်ဟာ ကာဇက်စတန်မြေကို ကာဇက်စတန်ကလပ်တွေနဲ့ရင်ဆိုင်ဖို့ ငါးကြိမ်လာရောက်ခဲ့ဖူးပြီး နှစ်ပွဲနိုင်၊ သုံးပွဲသရေ ရလဒ်ကို ရယူထားတဲ့အသင်းပါ။ အက်စ်တာနာဟာ ဒီပွဲကို အနိုင်ရလိုက်ရင် နောက်တစ်ဆင့်တက်ဖို့အတွက် အခြေအနေ အရမ်းကောင်းသွားတော့မှာဖြစ်လို့ အမှားမခံစတမ်း ကစားလာပါလိမ့်မယ်။ အက်စ်တာနာကို အားပေးပါ။

ရက်ပစ်ဗီယင်နာ - ဗီလာရီးရဲလ်
ဗီလာရီးရဲလ်ရဲ့ခြေစွမ်းက ဒီနှစ်မှာ သုံးစားမရလောက်အောင်ကို ဖြစ်နေပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ဘက်မှာတော့ ဗီလာရီးရဲလ်က အခွင့်အလမ်းကောင်းတစ်ချို့ ဖန်တီးထားနိုင်တာကို သတိပြုရမှာပါ။ ယူရိုပါလိဂ်မှာ အိမ်ကွင်းပွဲစဉ် ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိဖြတ်သန်းထားတဲ့ ရက်ပစ်ဗီယင်နာရဲ့မာကျောမှုကို အသိအမှတ်ပြုသင့်တယ်။ သရေဟာ နှစ်သင်းလုံးအတွက် အမျှတဆုံးသောအဖြေပါပဲ။ ဗီလာရီးရဲလ်ကို သဘောကျမိတယ်။

စပါးတပ်မော်စကို - ရိန်းဂျား
ဥရောပအဆင့်ပြိုင်ပွဲ နောက်ဆုံးအိမ်ကွင်းပွဲစဉ် ကိုးပွဲမှာ စပါးတပ်မော်စကိုက တစ်ပွဲတည်းသာ အနိုင်ရထားပါတယ်။ ရိန်းဂျားက နည်းပြဂျာရတ် တာဝန်ယူပြီးချိန်ကစလို့ ဥရောပအဆင့်ပွဲစဉ် ၁၁ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ ရှုံးပွဲမရှိခဲ့ပါဘူး။ ရိန်းဂျား သရေခံကစားသွားနိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။ ရိန်းဂျားကို အားပေးမယ်။

လာဇီယို - မာဆေး
လာဇီယိုဟာ အသင်းသမိုင်းကြောင်းတစ်လျှောက်မှာ ယူရိုပါလိဂ် အိမ်ကွင်းပွဲစဉ်ပေါင်း ၁၆ ပွဲ ယှဉ်ပြိုင်ခဲ့ဖူးပြီး အဲ့ဒီ ၁၆ ပွဲမှာ ၁၂ ပွဲနိုင်၊ လေးပွဲသရေ ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ် ခုနစ်ပွဲမှာဆိုရင် လာဇီယိုက ခြောက်ပွဲတောင် အနိုင်ရခဲ့တာပါ။ လာဇီယိုပဲ အောင်ပွဲခံသွားပါလိမ့်မယ်။

အပိုလွန် - ဖရန့်ဖတ်
အပိုလွန်ဟာ အိမ်ကွင်းကစားအားကောင်းတဲ့အသင်းဖြစ်ပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ ဥရောပအဆင့် အိမ်ကွင်းပွဲစဉ် ၁၅ ပွဲမှာ အပိုလွန်က ရှုံးပွဲဆိုလို့ တစ်ပွဲတည်းသာရှိခဲ့တာကို သတိပြုရမှာပါ။ ဖရန့်ဖတ် အနိုင်ရခဲ့မယ်ဆိုရင်တောင် ကပ်နိုင်တာမျိုးလောက်ပဲဖြစ်မှာပါ။ အပိုလွန်ကို သဘောကျမိတယ်။

ဂျန့်ခ် - ဘက်ဆစ်တပ်
ဘက်ဆစ်တပ်ဟာ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ ပြိုင်ပွဲအရပ်ရပ်ပွဲစဉ်ငါးပွဲမှာ နိုင်ပွဲဆိုလို့ တစ်ပွဲတည်းသာ ရှာဖွေရရှိခဲ့ပါတယ်။ ဂျန့်ခ်က အိမ်ရှင်အခွင့်အရေးကို လက်ကိုင်ပြုပြီး ဘက်ဆစ်တပ်ကို တိုက်စစ်အသားပေးတဲ့ ကစားဟန်နဲ့ ပွဲစကတည်းက ဖိအားပေးသွားမှာပါ။ ဂျန့်ခ်ဟာ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ ဥရောပအဆင့် အိမ်ကွင်းပွဲစဉ် ၁၃ ပွဲမှာ ၁၁ ပွဲနိုင်၊ နှစ်ပွဲသရေရလဒ်ကို ရရှိပိုင်ဆိုင်ထားပါတယ်။ ဂျန့်ခ်ကို ရွေးပါ။

မယ်လ်မို - ဆပ်စ်ဘော့ဂ်ျ
ဒီပွဲမှာ အနိုင်ရတဲ့အသင်းက နောက်တစ်ဆင့်ဆီ တက်ရောက်နိုင်ဖို့ အခွင့်အလမ်းသာလွန်သွားပါလိမ့်မယ်။ အိမ်ကွင်းမှာ ဥရောပပွဲစဉ်ခြောက်ပွဲဆက်တိုက် ရှုံးပွဲမရှိ ဖြတ်သန်းထားနိုင်တဲ့ မယ်လ်မိုခြေစွမ်းက အားရစရာပါပဲ။ ဂိုးမပြတ်ခဲ့ရင်တောင် မယ်လ်မို ကပ်နိုင်သွားလိမ့်မယ်လို့ ယူဆမိပါတယ်။

အက်ခ်ဟီဆာစပေါ - ဆီဗီလာ
ပထမအကျော့တုန်းကလိုမျိုး ဆီဗီလာ ခြောက်ဂိုးပြတ် အနိုင်ရဖို့ကတော့ မလွယ်လောက်တော့ပါဘူး။ ဒါပေမဲ့ တူရကီကလပ်တွေအပေါ် ဆီဗီလာ အသာစီးရထားတဲ့ မှတ်တမ်းကောင်းတစ်ခုကို သတိပြုရပါလိမ့်မယ်။ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ ဆီဗီလာက တူရကီကလပ်တွေနဲ့ ရှစ်ကြိမ်ဆုံဖူးပြီး ငါးပွဲနိုင်၊ တစ်ပွဲသရေကျကာ နှစ်ပွဲသာ ရှုံးဖူးပါတယ်။ ဆီဗီလာရဲ့အနိုင်ရလဒ်ဟာ အနိမ့်ဆုံးအဖြစ် နှစ်ဂိုးပြတ်မယ်လို့ မျှော်လင့်မိတယ်။

ခရတ်စ်နိုဒါ - စတန်းဒက်လီဂီ
ခရတ်စ်နိုဒါက နောက်ဆုံးကစားထားတဲ့ အိမ်ကွင်းပွဲစဉ်သုံးပွဲကို ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ ဖြတ်သန်းထားပါတယ်။ စတန်းဒက်လီဂီကတော့ ရုရှားမြေဆီကို လာရောက်ကစားခဲ့တဲ့ပွဲစဉ်သုံးပွဲ့ကို သွင်းဂိုးတောင် မရယူနိုင်ဘဲ ရှုံးခဲ့ဖူးတဲ့အသင်းပါ။ ခရတ်စ်နိုဒါ ကပ်နိုင်သွားပါလိမ့်မယ်။

ဒိုင်နမိုကိဗ် - ရန်းနက်စ်
နှစ်သင်းလုံးအတွက် နောက်တစ်ဆင့်တက်ရောက်ခွင့်မျှော်လင့်ချက် အကောင်အထည်ပေါ်နိုင်ရေးအတွက် အရမ်းကို အရေးပါနေတဲ့ပွဲစဉ်ဖြစ်ပါတယ်။ အထူးသဖြင့် ရန်းနက်စ်ဟာ ဒီပွဲမှာ အနိုင်မရခဲ့ရင် အုပ်စုကနေ ထွက်ရဖို့ အရမ်းကို နီးစပ်သွားမှာပါ။ ဥရောပအဆင့်မှာ အဝေးကွင်းပွဲစဉ်လေးပွဲဆက်တိုက် အရေးနိမ့်ထားတဲ့ ရန်းနက်စ်ကို လက်ရှောင်လိုက်ပါ။ ဒိုင်နမိုကိဗ်ကို အားပေးသင့်ပါတယ်။

ဗီဒီအိုတန် - ပီအေအိုကေ
ဒီအုပ်စုရဲ့အုပ်စုဒုတိယနေရာအတွက် ပီအေအိုကေ၊ ဗီဒီအိုတန်နဲ့ ဘိုရီဆော့ဗ်တို့ အပြိုင်ဖြစ်နေပါတယ်။ ဥရောပအဆင့် အဝေးကွင်းပွဲစဉ် နောက်ဆုံးရှစ်ပွဲမှာ ပီအေအိုကေက တစ်ပွဲတည်းသာ ရှုံးနိမ့်ထားတာကို သတိပြုရမှာပါ။ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ဥရောပပွဲစဉ် ၁၁ ပွဲမှာ နိုင်ပွဲသုံးပွဲတည်းသာ ရရှိခဲ့တဲ့ ဗီဒီအိုတန်ရဲ့ ခြေအတက်အကျမြန်ဆန်လွန်းမှုကို သဘောမတွေ့လှပါဘူး။ သရေကျမယ့်တစ်ချက်ကိုပဲ စိုးရိမ်ရပါတယ်။ ပီအေအိုကေနဲ့ စွန့်စားကြည့်လိုက်ပါ။

ဘိုရီဆော့ဗ် - ချယ်လ်ဆီး
ချယ်လ်ဆီးဟာ ဒီပွဲကနေပြီး သရေတစ်မှတ်လောက် ရယူနိုင်ရုံနဲ့တင် နောက်တစ်ဆင့်ဆီတက်ရောက်နိုင်ဖို့ သေချာသွားပါလိမ့်မယ်။ ချယ်လ်ဆီးနည်းပြကွန်တီဟာ အရန်ကစားသမားအများစုကို ပွဲထုတ်ပြီး အနိုင်ရရုံလောက်သာ အားထုတ်သွားမှာပါ။ ဘိုရီဆော့ဗ်နဲ့ စွန့်စားကြည့်ကြရအောင်လား။

လူဒိုဂိုရက်စ် - လာနာကာ
လူဒိုဂိုရက်စ်ဟာ ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေမှာ အိမ်ကွင်းပွဲစဉ်ကိုးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရတာကို အဆုံးသတ်ဖို့ ကြိုးပမ်းရပါလိမ့်မယ်။ ဒီပွဲကို အနိုင်ရတဲ့အသင်းကသာ ရှေ့လာမယ့်ပွဲစဉ်နှစ်ပွဲအတွက် ဆက်ပြီး စိတ်ကူးယဉ်ခွင့်ရှိတော့မှာပါ။ ကပ်နိုင်ရုံနဲ့တင် ပျော်ရွှင်ရမှာဖြစ်လို့ လူဒိုဂိုရက်စ်နဲ့ စွန့်စားသင့်တယ်။

လေဗာကူဆင် - ဇူးရစ်ခ်ျ
ဇူးရစ်ခ်ျဟာ ဂျာမနီကလပ်တွေနဲ့ထိပ်တိုက်တွေ့ခဲ့တဲ့ ဥရောပပွဲစဉ်ပေါင်း ၁၅ ပွဲမှာ နိုင်ပွဲဆိုလို့ နှစ်ပွဲတည်းပဲ ရခဲ့ဖူးပါတယ်။ ယူရိုပါလိဂ်အုပ်စုပွဲစဉ် ခုနစ်ပွဲဆက်တိုက် ရှုံးပွဲမရှိဖြတ်သန်းခဲ့တဲ့ လေဗာကူဆင်ကို ဇူးရစ်ခ်ျ အနိုင်ရဖို့ မလွယ်ပါဘူး။ ပထမအကျော့ရှုံးကြွေးကို လေဗာကူဆင် ပြန်ဆပ်ပါလိမ့်မယ်။ လေဗာကူဆင်ကို ဂိုးအများနဲ့ တွဲရွေးပါ။

ဆဲလ်တစ် - လိုက်ပ်ဇစ်ဂ်ျ
ဆဲလ်တစ်ဟာ ဒီပွဲမှာသာ အရှုံးရလဒ်နဲ့ရင်ဆိုင်ခဲ့ရမယ်ဆိုရင် အုပ်စုကနေ ထွက်ရပါပြီ။ ၂၀၁၈ ခုနှစ်အတွင်း အိမ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပပွဲစဉ်ခြောက်ပွဲမှာ ဆဲလ်တစ်က ငါးပွဲနိုင်၊ တစ်ပွဲသရေ ရရှိထားတာကို အသိအမှတ်ပြုရပါလိမ့်မယ်။ လိုက်ပ်ဇစ်ဂ်ျရဲ့တန်ပြန်တိုက်စစ်တွေကို တည်တည်ငြိမ်ငြိမ် ထိန်းချုပ်နိုင်ရင် ဆဲလ်တစ် အနိုင်ရဖို့ မခက်လောက်ပါဘူး။ ဆဲလ်တစ်ကို အားပေးပါ။

ရိုစင်ဘော့ - ဆဲလ်ဘတ်
ရိုစင်ဘော့က အတိတ်ကာလတုန်းကလို စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားခြင်း မရှိတော့ပါဘူး။ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ ယူရိုပါလိဂ်အုပ်စုအဆင့် အိမ်ကွင်းပွဲစဉ် ၁၀ ပွဲမှာ ရိုစင်ဘော့က နှစ်ပွဲသာ အနိုင်ရပြီး ခြောက်ပွဲ ရှုံးနိမ့်ထားပါတယ်။ ဥရောပပွဲစဉ် ၁၉ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းနဲ့ဖြတ်သန်းထားတဲ့ ဆဲလ်ဘတ်နဲ့ပဲ စွန့်စားလိုက်ရအောင်လား။

ဆလားဗီးယားပရပ် - ကိုပင်ဟေဂင်
ကိုပင်ဟေဂင်က အနိုင်ရမှသာ နောက်တစ်ဆင့်တက်ဖို့အတွက် အခြေအနေတွေ ပြန်ကောင်းလာနိုင်မှာဖြစ်ပါတယ်။ ကိုပင်ဟေဂင်ဟာ နောက်ဆုံးကစားထားတဲ့ ဥရောပအဝေးကွင်းပွဲစဉ် ငါးပွဲကို လေးပွဲနိုင်၊ တစ်ပွဲသရေရလဒ်နဲ့ဖြတ်သန်းထားလို့ သူ့မှာ အစွမ်းအစတစ်ခုရှိနေတာကို သတိပြုရမှာပါ။ ကိုပင်ဟေဂင် သရေတစ်မှတ်လောက်တော့ ရသွားနိုင်ပါတယ်။ ကိုပင်ဟေဂင်ကို ရွေးပါ။

ဘော်ဒိုး - ဇင်းနစ်
ဘော်ဒိုးဟာ ပထမအကျော့ပွဲစဉ်သုံးပွဲလုံးကို အရှုံးရလဒ်တွေချည်းကြုံခဲ့တာကြောင့် နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် အလှမ်းဝေးသွားခဲ့ပါပြီ။ ဒါပေမဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ သိက္ခာဆယ်နိုင်ပွဲတွေ ရယူနိုင်ဖို့အတွက် ဘော်ဒိုး ရုန်းကန်လာနိုင်တာကို သတိပြုရမှာပါ။ သရေနဲ့ အနိုင် သေချာသလောက်ရှိနေတဲ့ ဘော်ဒိုးကို အားပေးချင်မိတယ်။

ဒိုင်နမိုဇာဂရက် - တာနာဗာ
ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ဟာ အိမ်ကွင်းမှာ ဆလိုဗက်ကီးယားကလပ်တွေကို တစ်ကြိမ်တစ်ခါမှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပါဘူး။ ဒီပွဲမှာ အနိုင်ရလိုက်ရင် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ဆီ တက်ရောက်နိုင်ဖို့ သေချာသွားမှာဖြစ်လို့ ဒိုင်နမိုဇာဂရက် အမှားမခံလောက်ပါဘူး။ ဒိုင်နမိုဇာဂရက်ရဲ့အနိုင်ရလဒ်ဟာ အနိမ့်ဆုံးအဖြစ် နှစ်ဂိုးပြတ်ပါလိမ့်မယ်။

အာဆင်နယ် - စပို့တင်းလစ္စဘွန်း
အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီရဲ့ယူရိုပါလိဂ်စွမ်းဆောင်ရည်က လက်ဖျားခါလောက်ပါတယ်။ နောက်ဆုံးကစားထားတဲ့ ဥရောပအဆင့်အဝေးကွင်းပွဲစဉ် ၃၀ ဆက်တိုက် ပြိုင်ဘက်ကို ဂိုးပေးခဲ့ရတဲ့ စပို့တင်းလစ္စဘွန်းဟာ ဒီပွဲမှာလည်း အာဆင်နယ်တိုက်စစ်ကို ဟန့်တားနိုင်ဖို့ မလွယ်လောက်ပါဘူး။ ယူရိုပါလိဂ်အုပ်စုအဆင့် အိမ်ကွင်းပွဲစဉ် ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ အာဆင်နယ်ရဲ့စွမ်းဆောင်ရည်ကလည်း လေးစားလောက်စရာပါ။ အာဆင်နယ်ရဲ့အနိုင်ရလဒ်ဟာ နှစ်ဂိုးပြတ်မယ်လို့ ယုံကြည်မိတယ်။

ဗော့စ်ကာလာ - ကာရာဘတ်ဂ်ျ
ကာရာဘတ်ဂ်ျဟာ ဒီပွဲမှာ အရှုံးရလဒ်နဲ့ ဆက်ပြီး ကြုံဆုံခဲ့ရရင် အုပ်စုကနေ ထွက်ရပါပြီ။ ဗော့စ်ကာလာကလည်း ဒီပွဲမှာ အနိုင်ရလဒ်ကို ရယူနိုင်မှသာ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ မျှော်လင့်နိုင်မှာပါ။ ယူရိုပါလိဂ် အုပ်စုပွဲစဉ် ငါးပွဲဆက်တိုက် ဂိုးပေါက်ပျောက်ထားတဲ့ ကာရာဘတ်ဂ်ျကို အားမရလှပါဘူး။ ဗော့စ်ကာလာ ကပ်နိုင်သွားလိမ့်မယ်လို့ မျှော်လင့်မိတယ်။

အိုလံပီယာကော့စ် - ဒူဒီလန်ဂီ
ဒူဒီလန်ဂီက ယူရိုပါလိဂ်အုပ်စုအဆင့်မှာ အမှတ်မရသေးလို သွင်းဂိုးလည်း မရသေးပါဘူး။ အိုလံပီယာကော့စ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဥရောပအဆင့်အိမ်ကွင်းပွဲစဉ် သုံးပွဲကစားခဲ့ရာမှာ နှစ်ပွဲနိုင်ပြီး တစ်ပွဲသရေရခဲ့ပါတယ်။ ဘက်တစ်နဲ့ အေစီမီလန်တို့ ပွဲကျပ်ကစားနေရချိန်မှာ အိုလံပီယာကော့စ်က အနိုင်သုံးမှတ်ကို အမိအရ ရှာဖွေမှာပါ။ အိုလီပီယာကော့စ်ရဲ့အနိုင်ဟာ အနိမ့်ဆုံးနှစ်ဂိုးပြတ်ပါလိမ့်မယ်။ သုံးဂိုး ပြတ်၊မပြတ်ကို မျှော်လင့်စောင့်စားရင်း အိုလံပီယာကော့စ်ကို ရွေးပါ။

ဘက်တစ် - အေစီမီလန်
အေစီမီလန်ရဲ့စပိန်ပြေသွားတောလားဟာ သိပ်ပြီးတော့ မချိုမြိန်လှပါဘူး။ စပိန်မြေဆီကို စပိန်ကလပ်တွေနဲ့ ဥရောပပွဲစဉ်တွေယှဉ်ပြိုင်ဖို့ ၂၅ ကြိမ်သွားရောက်ခဲ့ဖူးရာမှာ အေစီမီလန်က နိုင်ပွဲလေးပွဲတည်းသာ ရှာဖွေရရှိခဲ့ပြီး ၁၆ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ခံစစ်မာကျောတဲ့ ဘက်တစ်အတွက် သရေတစ်မှတ်ရနိုင်ဖို့ မခက်လောက်ပါဘူး။ နိုင်ပွဲရယူနိုင်အောင်လည်း ဘက်တစ် အစွမ်းကုန် ကြိုးပမ်းမှာဖြစ်လို့ ဘက်တစ်ကို သဘောကျမိတယ်။