News

POST TYPE

SPORTS

၄၈ သင်း ပါဝင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာရန် ဖီဖာဥက္ကဋ္ဌ ယခုတစ်ပတ် ဆွေးနွေးမည်
12-Oct-2016 tagged as ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလားမှာ အသင်းပေါင်း ၄၈ သင်း ပါဝင်ယှဉ်ပြိုင်ဖို့ ကိစ္စကို ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ယခုရက်သတ္တပတ်အတွင်း စတင် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင် အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရပေမယ့် ဥက္ကဋ္ဌ အင်ဖန်တီနိုက ၄၈ သင်း ပြိုင်ပွဲလုပ်ဖို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။

လာမယ့် ကြာသပတေးနေ့ရောက်ရင် ဇူးရစ်ခ်ျမြို့မှာ ဖီဖာကောင်စီဝင်တွေ တွေ့ဆုံကြတော့မှာဖြစ်ပြီး အဲဒီ အစည်းအဝေးပွဲမှာ ကော်မတီဝင်တွေနဲ့ ကမ္ဘာ့ဖလား ၄၈ သင်းကိစ္စကို ဆွေးနွေးဖို့ အင်ဖန်တီနိုက ပြင်ဆင်နေတာပါ။

ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲတုန်းကလည်း အင်ဖန်တီနိုက ကမ္ဘာ့ဖလားကို အသင်းတွေ ပိုမို ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ပွဲ ဖြစ်အောင်လုပ်မယ်ဆိုပြီး မဲဆွယ်စည်းရုံး ခဲ့ပါသေးတယ်။

၄၈ သင်းပြိုင်ပွဲဝင်မယ့် ကမ္ဘာ့ဖလား ဖြစ်လာခဲ့မယ်ဆိုရင် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စနစ်သစ်ကို စတင်နိုင်မှာပါ။

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံ မရွေးချယ်ရသေးပါဘူး။

၄၈ သင်းပါဝင်တဲ့ ပြိုင်ပွဲ ကျင်းပမယ်ဆိုရင် အသင်း ၁၆ သင်းအဆင့် ရှုံးထွက် စနစ်ကို ကျင့်သုံးရဖွယ် ရှိပါတယ်။

Ref : Mirror