News

POST TYPE

SPORTS

ပဲရစ်မြို့တွင် CR7 အမှတ်တံဆိပ် ဟိုတယ်သစ်တစ်လုံး စီရော်နယ်ဒို ဖွင့်လှစ်မည်
14-Sep-2018 tagged as Soccer Serie A C Ronaldo Juventus


ပဲရစ်၊ စက်တင်ဘာ ၁၄

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် CR7 အမှတ်တံဆိပ် ဟိုတယ်သစ်တစ်လုံးကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဖွင့်လှစ်ရန် စီစဉ်လိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။ 

ပဲရစ်မြို့တွင် တည်ဆောက်မည့် CR7 ဟိုတယ်သစ်သည် ကြယ်လေးပွင့်အဆင့်ရှိမည်ဖြစ်ပြီး CR7 အမှတ်တံဆိပ်ဖြင့် ဖွင့်လှစ်မည့်ဟိုတယ်များအနက်တွင် အရွယ်အစားအကြီးမားဆုံးဖြစ်လိမ့်မည်ဟု စီရော်နယ်ဒိုနှင့်လက်တွဲအလုပ်လုပ်နေသော ပက်စ်တာနာ ဟိုတယ်စီးပွားရေးလုပ်ငန်းစုက ထုတ်ဖော်အသိပေးသွားခဲ့သည်။ 

ပက်စ်တာနာ ဟိုတယ်စီးပွားရေးလုပ်ငန်းစုသည် ယင်း CR7 ဟိုတယ်သစ်ကို ပဲရစ်မြို့ရှိ ဂေါ်ချီမြစ်ကမ်းပါးထက်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းဟိုတယ်တွင် အခန်းပေါင်း ၂၁၁ ခန်း ပါရှိလိမ့်မည်ဟုလည်း ပက်စ်တာနာ ဟိုတယ်စီးပွားရေးလုပ်ငန်းစုက ရှင်းပြထားသည်။ 

စီရော်နယ်ဒိုသည် ယခုဟိုတယ်သစ်ကို ပေါင် ၅၃ ဒသမ ၄ သန်း အကုန်အကျခံ တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ယင်းဟိုတယ်ကို စတင်ဖွင့်လှစ်နိုင်ရန် စီရော်နယ်ဒိုက ရည်မှန်းထားကြောင်းလည်း ပက်စ်တာနာ ဟိုတယ်စီးပွားရေးလုပ်ငန်းစုက အသိပေးထားသည်။