News

POST TYPE

SPORTS

၀ကဖှို့ဒနှှင့ပှှဲစဉတှှငှ ပါဝငကှစားပေးနိုငရှနှ အသင့ရှှိနပှေီဟု ဒါလော့တှ အသိပေး
11-Sep-2018

မန်ချက်စတာ၊ စက်တင်ဘာ ၁၁

မန်ယူနောက်ခံကစားသမားသစ် ဒါလော့တ်သည် လာမည့်စနေနေ့တွင် မန်ယူနှင့် ဝက်ဖို့ဒ်တို့ ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်၌ အသင်းအတွက် ပွဲထွက်ကစားပေးနိုင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဒါလော့တ်သည် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ပေါ်တိုမှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၉ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အသင်းပြောင်းရွှေ့လာချိန်တွင် ဒါလော့တ်ထံ၌ ဒူးဒဏ်ရာပါရှိလာခြင်းကြောင့် ၎င်းကို မန်ယူက ကာလတစ်ခုကြာ အနားပေးထားလိုက်ရခြင်းဖြစ်သည်။

ဒါလော့တ်သည် လက်ရှိတွင် ဒဏ်ရာသက်သာပျောက်ကင်းကာ မန်ယူ ယူ-၂၃ အသင်း၏ပွဲစဉ်များ၌ပင် ပါဝင်ကစားနေပြီဖြစ်ပြီး နည်းပြဖြစ်သူခွင့်ပြုမည်ဆိုပါက ဝက်ဖို့ဒ်နှင့်ပွဲစဉ်တွင် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ကို ၎င်းအနေနှင့် ရလိုကြောင်းလည်း ဒါလော့တ်က ဖွင့်ဟပြောကြားထားပြီဖြစ်သည်။

ဒါလော့တ်သည် ခံစစ်အစွန်နှစ်နေရာလုံးတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်စွမ်းရှိသူဖြစ်ပြီး လုခ်ရှော၏ဦးခေါင်းဒဏ်ရာအခြေအနေ စိတ်မချရပါက ယင်းနေရာတွင် ဒါလော့တ်မှာ ကစားခွင့်ရလာနိုင်ကြောင်း ခန့်မှန်းသတင်းများလည်း ထွက်ပေါ်နေသည်။



  • VIA