News

POST TYPE

SPORTS

ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် လာလီဂါသွင်းဂိုး ၆၀၀၀ ပြည့်ဂိုးကို မက်ဆီ သွင်းယူ
19-Aug-2018 tagged as Soccer La Liga Barcelona Messi

 

ဘာစီလိုနာ၊ သြဂုတ် ၁၉

 

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာက အလာဗက်စ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော လာလီဂါ ဘောလုံးရာသီဖွင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်း သမိုင်းကြောင်းတစ်လျှောက် လာလီဂါသွင်းဂိုး ၆၀၀၀ ပြည့် အထိမ်းအမှတ်ဂိုးကို ရယူပေးနိုင်ခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။

 

မက်ဆီသည် ဘာစီလိုနာက အလာဗက်စ်ကို အနိုင်ရရှိခဲ့သည့် ယင်းလာလီဂါ ဘောလုံးရာသီဖွင့်ပွဲစဉ်တွင် အသင်းအတွက် ပွဲကစားချိန် ၆၄ မိနစ်နှင့် ပွဲပြီးခါနီး နာကျင်အချိန်ပိုတို့၌ ဂိုးများ သွင်းယူပေးနိုင်ခဲ့ပြီး ပွဲကစားချိန် ၆၄ မိနစ်တွင် မက်ဆီ သွင်းယူပေးခဲ့သောဂိုးမှာ ဘာစီလိုနာအသင်းသမိုင်းကြောင်းတစ်လျှောက် လာလီဂါသွင်းဂိုး ၆ယ၀၀၀ ပြည့်ဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းဖြစ်သည်။

 

မက်ဆီသည် ပွဲကစားချိန် ၆၄ မိနစ်တွင် အသင်းအတွက် ဦးဆောင်ဂိုးကို ပြစ်ဒဏ်ဘော တိုက်ရိုက်ကန်သွင်း၍ ရယူပေးခဲ့ခြင်းဖြစ်ပြီး ယင်းပြစ်ဒဏ်ဘောကို အလာဗက်စ်လူတံတိုင်း ခုန်လိုက်မည့်အချိန်နှင့် အံကိုက်တွက်ဆကာ အနိမ့်ဘောကန်သွင်း၍ မက်ဆီက ဂိုးရယူသွားခဲ့ခြင်းဖြစ်သည်။

 

မက်ဆီသည် လွန်ခဲ့သည့် ကိုးနှစ်ခန့်က ဘာစီလိုနာအတွင် အသင်းသမိုင်းကြောင်းတစ်လျှောက် လာလီဂါသွင်းဂိုး ၅၀၀၀ ပြည့် အထိမ်းအမှတ်ဂိုးကိုလည်း ရယူပေးခဲ့သူဖြစ်ပြီး အဓိကပြိုင်ဘက်ဖြစ်သူ စီရော်နယ်ဒို မရှိတော့ချိန်တွင် မက်ဆီမှာ လာလီဂါပြိုင်ပွဲကို အကြွင်းမဲ့ဦးဆောင်တော့မည်ဟုလည်း ယူဆခြင်းခံနေရပြီဖြစ်သည်။