News

POST TYPE

SPORTS

ဂိုဒင်ကို ခေါ်ယူရန် မန်ယူ ကြိုးပမ်းခဲ့သော်လည်း ကစားသမားဖြစ်သူက ငြင်းပယ်ခဲ့ခြင်းကြောင့် အဆင်မပြေခဲ့
09-Aug-2018


မန်ချက်စတာ၊ သြဂုတ် ၉

မန်ယူအသင်းသည် အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီတွင် အက်သလက်တီကိုနောက်ခံလူ ဒီယေဂို ဂိုဒင်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကာယကံရှင် ကစားသမားဖြစ်သူက ငြင်းဆန်ပယ်ချလိုက်ခြင်းကြောင့် အဆင်မပြေဖြစ်ခဲ့ရကြောင်း Daily Star က ဖော်ပြထားသည်။

မန်ယူသည် အက်သလက်တီကိုက ဂိုဒင်အတွက် သတ်မှတ်ထားသော စာချုပ်ဖျက်သိမ်းခ ပေါင် ၁၇ ဒသမ ၅ သန်းကို ပေးချေကာ ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မန်ယူ၏ကမ်းလှမ်းမှုကို အက်သလက်တီကိုက လက်ခံခဲ့သော်လည်း ဂိုဒင်က ငြင်းဆန်သွားခဲ့ခြင်းဖြစ်သည်။

မန်ယူသည် ဂိုဒင်ကို တစ်ပတ်လုပ်ခလစာ ပေါင်တစ်သိန်းခွဲပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဂိုဒင်မှာ အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီနှင့် လက်တွဲအလုပ်လုပ်ရသည်ကို နှစ်ခြိုက်ခြင်း၊ မန်ယူနည်းပြ မော်ရင်ညို၏ကစားသမားများအပေါ်ဆက်ဆံပုံကို ဘ၀င်မကျခြင်း စသည်တို့ကြောင့် မန်ယူ၏ကမ်းလှမ်းမှုကို ငြင်းဆန်ပစ်လိုက်ခြင်းဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် ၎င်းတို့၏ကမ်းလှမ်းမှုကို ဂိုဒင်ဘက်က လက်ခံခဲ့မည်ဆိုပါက အပြောင်းအရွှေ့အတွက် ဆေးစစ်မှုကို အလျင်အမြန် ဆောင်ရွက်၍ ၂ နှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ရန် ပြင်ဆင်ထားခဲ့ခြင်းဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့သို့ရောက်မှသာ အလုပ်လုပ်သော အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို နည်းပြ မော်ရင်ညိုက လွန်စွာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့သည်။