News

POST TYPE

SPORTS

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဘောလုံးကလပ်အသင်းအဖြစ် မန်ယူ ရပ်တည်

နယူးယောက်၊ ဇူလိုင် ၁၉

ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းသည် Forbes စီးပွားရေးမဂ္ဂဇင်းကထုတ်ပြန်လိုက်သည့် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး အားကစားအသင်းများစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့ပြီး အားကစားနည်းအားလုံးအနက်မှနေ၍ ဘောလုံးတစ်ခုတည်းကို ရွေးချယ်ကာ စာရင်းပြန်လည်ပြုစုမည်ဆိုပါက မန်ယူမှာ တန်ကြေးအမြင့်ဆုံးဘောလုံးကလပ်အသင်းအဖြစ်ရှိနေကြောင်း The Mirror က ဖော်ပြထားသည်။

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး အားကစားအသင်းများစာရင်းတွင် ထိပ်ဆုံးနေရာကို ရရှိသွားခဲ့သည်မှာ American Football ကလပ် ဒဲလပ်စ်ကောင်းဘွိုင်းစ်ဖြစ်ပြီး ယင်းအသင်း၏တန်ကြေးကို Forbes က ပေါင် ၃ ဒသမ ၆၇ ဘီလီယံ သတ်မှတ်ပေးထားသည်။

မန်ယူသည် တန်ကြေးပမာဏ ပေါင် ၃ ဒသမ ၁၆ ဘီလီယံရှိသော အားကစားအသင်းအဖြစ် သတ်မှတ်ပေးခြင်းခံထားရကာ တန်ကြေးအမြင့်ဆုံး အားကစားအသင်းစာရင်း ထိပ်ဆုံး ၁၀ နေရာတွင် ဘောလုံးအသင်းအရေအတွက်ပါဝင်မှုမှာ သုံးသင်းမျှသာရှိခဲ့သည်။

မန်ယူ၏နောက် တတိယနေရာတွင် တတိယမြောက်တန်ကြေးအမြင့်ဆုံး အားကစားအသင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်မှာ တန်ကြေးပမာဏ ပေါင် ၃ ဒသမ ၁၄ ဘီလျံတန်ကြေးရှိသည့် ရီးရဲလ်မက်ဒရစ်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၏နောက် စတုတ္ထနေရာတွင် တန်ကြေးပမာဏ ပေါင် ၃ ဒသမ ၁၁ ဘီလီယံဖြင့် ကပ်လျက်ရပ်တည်နေသည်မှာ ဘာစီလိုနာဖြစ်သည်။