News

POST TYPE

SPORTS

လီဗာပူးထံသို့ပြောင်းရွှေ့ခွင့်ပေးရေးအတွက် လိုင်ယွန်တာဝန်ရှိသူများထံ ဖာကီရာ တောင်းဆိုထားမှု အောင်မြင်
12-Jul-2018 tagged as Liverpool Soccer Ligue Nabil Fekir Lyon


မော်စကို၊ ဇူလိုင် ၁၂

ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားနေသည့် လိုင်ယွန်ကွင်းလယ်ကစားသမား ဖာကီရာသည် ၎င်းကို လီဗာပူးထံသို့ ပြောင်းရွှေ့ခွင့်ပေးပါရန် အသင်းတာဝန်ရှိသူများထံ ပန်ကြားတောင်းဆိုထားမှုကို လိုင်ယွန်ဒါရိုက်တာဘုတ်အဖွဲ့က လက်ခံပေးလိုက်ပြီဖြစ်ပြီး ယင်းအတွက် လီဗာပူးအသင်းမှာ ဖာကီရာကို ခေါ်ယူရေးလုပ်ငန်းစဉ်အတွက် လိုင်ယွန်နှင့် ဆွေးနွေးညှိနှိုင်းမှုများကို တစ်ကျော့ပြန်လည် စတင်လိုက်နိုင်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဖာကီရာသည် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးသည်နှင့်တစ်ပြိုင်နက် လီဗာပူးထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်ရန် လိုလားနေပြီး လီဗာပူးမှာ ဖာကီရာအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၃ သန်းဖြင့် ကမ်းလှမ်းထားသော်လည်း လိုင်ယွန်ကမူ အနိမ့်ဆုံးအဖြစ် ပေါင်သန်း ၆၀ ရရှိနိုင်ရန် လိုလားနေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

ဖာကီရာနှင့် ၎င်း၏အေးဂျင့်ဖြစ်သူ ဂျင်းန်-ပီရာရေး ဘားနက်စ်တို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း လိုင်ယွန်အသင်းဥက္ကဋ္ဌ ဂျင်းန်-မိုက်ကယ် အောလတ်စ်နှင့် နှစ်ကြိမ်တွေ့ဆုံကာ စကားပြောဆိုခဲ့ပြီး ပြင်သစ်က ဘယ်လ်ဂျီယံကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် ဂျင်းန်-မိုက်ကယ် အောလတ်စ်မှာ ပြင်သစ်လက်ရွေးစင်အသင်း၏အ၀တ်လဲခန်းအတွင်းအထိ လာရောက်ကာ အောင်ပွဲခံသွားခဲ့ကြောင်းလည်း ဖာကီရာက အသိပေးထားသည်။

လီဗာပူးသည် ဖာကီရာကို တစ်ပတ်လုပ်ခလစာ ပေါင် ၁၂၀,၀၀၀ အကျိုးခံစားခွင့်ဖြင့် ငါးနှစ်သက်တမ်းစာချုပ်ချုပ်ဆိုရန် ပုဂ္ဂိုလ်ရေးအချက်အလက်များ ညှိနှိုင်းထားပြီးဖြစ်ကာ အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်ပြေသည်နှင့်တစ်ပြိုင်နက် ဖာကီရာမှာ လီဗာပူးအသင်းသားဖြစ်လာတော့မည်ဖြစ်သည်။