POST TYPE
SPORTS
တော်ရိုင်ရာ ကျောနံပါတ် ၁၁ ၀တ်ဆင်မည်၊ ဂွင်ဒူးဇီကို အာဆင်နယ် ပေါင်ရှစ်သန်းဖြင့် ၀ယ်ယူ
11-Jul-2018

လန်ဒန်၊ ဇူလိုင် ၁၁
အာဆင်နယ်အသင်း ကွင်းလယ်ကစားသမားသစ် တော်ရိုင်ရာသည် အိုဇေးလ်ဝတ်ဆင်ခဲ့သည့် ကျောနံပါတ် ၁၁ ကို ရယူသွားခဲ့ပြီး ၎င်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှနေ၍ ဥရုဂွေးအသင်း ရှုံးနိမ့်ထွက်ခွာလိုက်ရအပြီး ရက်အနည်းငယ်အတွင်း၌ပင် ဆမ်ဒိုးရီးယားမှနေ၍ အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရန် စီစဉ်ထားခြင်းကို အလျင်အမြန် အဆုံးသတ်လိုက်ခြင်းဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
အိုဇေးလ်သည် လာမည့်ဘောလုံးရာသီသစ်တွင် ၀က်စ်ဟမ်းထံသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သော ကွင်းလယ်လူ ဝီလ်ရှိုင်းယား ၀တ်ဆင်ခဲ့သည့် ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားလိမ့်မည်ဖြစ်ပြီး အာဆင်နယ်မှာ တော်ရိုင်ရာကို အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်လိုက်အပြီး တစ်ရက်အကြာတွင် ပြင်သစ်လီဂူး-၂ ကလပ် လိုရီးယန့်အသင်းကွင်းလယ်လူ ဂွင်ဒူးဇီကို ဆက်လက် ခေါ်ယူအားဖြည့်သွားခဲ့သည်။
အာဆင်နယ်သည် အသက် ၁၉ နှစ်အရွယ်ရှိ ဂွင်ဒူးဇီကိုခေါ်ယူရန် ပြောင်းရွှေ့ကြေးပမာဏ ပေါင်ရှစ်သန်း အသုံးပြုလိုက်ရပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် ဂွင်ဒူးဇီမှာ အာဆင်နယ်နှင့် ငါးနှစ်သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုးသွားခဲ့သည်။
အာဆင်နယ်သည် လက်ရှိတွင် နည်းပြသစ် ယူနိုင်းအမ်မရီလက်ထက်၌ ကစားသမားသစ်ခေါ်ယူမှု ငါးဦးရှိသွားခဲ့ပြီဖြစ်ပြီး ဂွင်ဒူးဇီမှာ ကျောနံပါတ် ၂၉ ကို ၀တ်ဆင်ကစားသွားမည်ဖြစ်ကြောင်း အာဆင်နယ်က သတင်းထုတ်ပြန်ထားသည်။
- VIA
- Aung Naing Win
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019