News

POST TYPE

SPORTS

ချန်ပီယံလိဂ်ဆုဖလား တစ်ကျော့ပြန်လည် ရယူနိုင်ရန်အတွက် ဂရစ်ဇ်မန်းကဲ့သို့ ကစားသမားမျိုး လိုအပ်သည်ဟု မက်ဆီ ဖွင့်ဟ
12-Jun-2018

 

ဘာစီလိုနာ၊ ဇွန် ၁၂

 

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် အသင်းတာဝန်ရှိသူများကို တိုက်စစ်ကို အားဖြည့်ရန်အတွက် ဂရစ်ဇ်မန်းကို အရခေါ်ယူရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ပြီဖြစ်ပြီး အသင်းအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် တစ်ကျော့ပြန်လည် ချန်ပီယံဖြစ်နိုင်ရေးမှာ ဂရစ်ဇ်မန်းကဲ့သို့သော ကစားသမားမျိုးရှိမှဖြစ်လိမ့်မည်ဟု မက်ဆီက မှတ်ချက်ပေးသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။

 

ဂရစ်ဇ်မန်းသည် လာမည့်ရက်အနည်းငယ်အတွင်းတွင် ၎င်း၏အနာဂတ်နှင့်စပ်လျဉ်း၍ တိကျသေချာသော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်သွားတော့မည်ဖြစ်ပြီး ဘာစီလိုနာမှာ ဂရစ်ဇ်မန်းကို ခေါ်ယူရန်အတွက် အက်သလက်တီကိုထံသို့ စာချုပ်ဖျက်သိမ်းခတန်ကြေး ပေါင် ၈၈ သန်းဖြင့် ကမ်းလှမ်းထားပြီးလည်းဖြစ်သည်။

 

ဘာစီလိုနာသည် ဂရစ်ဇ်မန်းကိုခေါ်ယူရရှိခဲ့ပါက ဆွာရက်ဇ်ကို လက်လွှတ်လိုက်တော့မည်ဖြစ်ပြီး အသင်းတိုက်စစ်စုဖွဲ့မှုမှာ ဥရောပအဆင့်စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် လုံလောက်မှုမရှိတော့သည့်အတွက် အပြောင်းအလဲတစ်ရပ် လုပ်ရတော့မည်ဟု ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီကလည်း ယူဆထားပြီဖြစ်သည်။

 

အက်သလက်တီကိုအသင်းတာဝန်ရှိသူများသည် ဂရစ်ဇ်မန်းကို အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားနိုင်စေရန်အတွက် စာချုပ်သစ်ကမ်းလှမ်းထားသော်လည်း ကာယကံရှင် ကစားသမားဖြစ်သူကမူ ထိပ်တန်းအဆင့်အောင်မြင်မှုများကို ရယူနိုင်ရေးအတွက် ဘာစီလိုနာ၏ကမ်းလှမ်းမှုကို လက်ခံလိုက်ရန် အလွန်အမင်း စိတ်အားထက်သန်မှုများရှိနေပြီး အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီနှင့် ပုဂ္ဂိုလ်ရေး အဆင်မပြေမှုများရှိနေခြင်းကလည်း ဂရစ်ဇ်မန်းကို အသင်းပြောင်းဖြစ်စေရန် တွန်းအားပေးသကဲ့သို့ ရှိနေသည်။