News

POST TYPE

SPORTS

ရီးယဲလ်မက်ဒရစ်အသင်း လာလီဂါ ချန်ပီယံ ဖြစ်နိုင်သည်ဟု ရော်နယ်ဒိုပြော
13-Sep-2016
ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူး ရော်နယ်ဒိုက ယခုနှစ် လာလီဂါ ပြိုင်ပွဲတွင် ရီးယဲလ်အသင်း ချန်ပီယံ ဖြစ်နိုင်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

လာလီဂါ ပွဲစဉ် (၃) ပွဲ ကစားပြီးချိန်တွင် (၃) ပွဲစလုံး အနိုင်ရသော အသင်းမှာ ရီးယဲလ်တစ်သင်းတည်းသာ ရှိနေပြီး အဓိက ပြိုင်ဖက် ဘာစီလိုနာမှာလည်း နည်းပြ အင်းနရစ်၏ လက်အောက်တွင် အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်နေရသည်။

“တခြားဆုဖလားတွေ ရနိုင်ချေရှိတယ်ဆိုတာထက် လာလီဂါ ချန်ပီယံဆုကိုပဲ ကျွန်တော် လိုချင်ပါတယ်။ ဒီရာသီ ရီးယဲလ်အသင်းရဲ့ ကစားပုံက ပိုပြီး စည်းလုံးမှု ရှိလာသလို ပိုပြီးလည်း ကောင်းမွန်လာပါတယ်။ ကျွန်တော်တို့ ဒီရာသီရဲ့ လာလီဂါ ချန်ပီယံ ဖြစ်နိုင်ပါတယ်” ဟု ရော်နယ်ဒိုက ဆိုလိုက်သည်။
 
လက်ရှိအချိန်တွင် ရီးယဲလ်အသင်း အနေဖြင့် ရော်နယ်ဒိုအား စာချုပ်သစ် ချုပ်ဆိုရန် ကြိုးစားနေပြီး ရော်နယ်ဒို ကိုယ်တိုင်ကလည်း ရီးယဲလ်တွင် ကစားသမားဘဝကို အဆုံးသတ်သွားလိုသည်ဟု သတင်းများက ဖော်ပြနေကြသည်။

Ref: Goal.com