News

POST TYPE

SPORTS

လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ဘဝတွင် အဆိုးရွားဆုံး အမှားအယွင်း တစ်ခုဟု ဘာလော့တယ်လီပြော
12-Sep-2016
ယခုနှစ် အပြောင်းအရွှေ့တွင် လီဗာပူးလ်အသင်းမှ နိုက်စ်အသင်းသို့ ပြောင်းရွှေ့ သွားခဲ့သော တိုက်စစ်မှူး ဘာလော့တယ်လီက ၎င်းအနေဖြင့် လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အဆိုးရွားဆုံး အမှားအယွင်း တစ်ခု ဖြစ်ခဲ့သည်ဟု ထုတ်ဖော် ပြောဆိုလိုက်သည်။

နိုက်စ်အသင်းနှင့် ပွဲဦးထွက် ပွဲစဉ်တွင် အသင်းအတွက် (၂)ဂိုး သွင်းယူပေးနိုင်ခဲ့သည့် ဘာလော့တယ်လီမှာ ပြီးခဲ့သည့် ဘောလုံးရာသီက လီဗာပူးလ်မှ အေစီမီလန်သို့ အငှား သွားရောက် ကစားပေးခဲ့ရပြီး ယခု အပြောင်းအရွှေ့ဈေးကွက်တွင် အလွတ် ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာ သွားခဲ့သူဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် အေစီမီလန်အသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် တိုက်စစ်မှှူး ဘာလော့တယ်လီမှာ ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အတွင်း လီဗာပူးလ်အတွက် (၁၆) ပွဲသာ ပွဲထွက် ကစားပေးခဲ့ရပြီး (၁) ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။

“လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာက ကျွန်တော့်ဘဝမှာ တကယ့်ကို အမှားအယွင်းကြီး တစ်ခု လုပ်မိတာပါပဲ။ အဲဒီမှာ ဘရန်ဒန်ရော်ဂျာ၊ ဂျာဂန်ကလော့ပ်တို့နဲ့ ကျွန်တော် ဆုံခဲ့ရပေမယ့် သူတို့က ကျွန်တော့်ကို မလိုအပ်ခဲ့ကြပါဘူး”ဟု ဘာလော့တယ်လီက ပြောဆို လိုက်သည်။

Ref : BBC


  • VIA