News

POST TYPE

SPORTS

ကမ္ဘာ့နံပတ် (၁) တင်းနစ်သမားကို အနိုင်ယူပြီး ဝါရန်ကာ ယူအက်စ်အိုးပင်း ချန်ပီယံ ဘွဲ့ဆွတ်ခူး
12-Sep-2016
ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာတော့ ဆွစ်ဇာလန် တင်းနစ်သမား ဝါရန်ကာက ကမ္ဘာ့အဆင့် (၁) တင်းနစ်သမား ဂျိုကိုဗစ်ကို ၆-၇ (၁-၇)၊ ၆-၄၊ ၇-၅၊ ၆-၃ နဲ့ အနိုင် ရသွားခဲ့ပြီး ယူအက်အိုးပင်း ချန်ပီယံဆုကို ရရှိ သွားခဲ့ပါတယ်။

သူ့ရဲ့ ကစားသမား ဘဝမှာ ဂရင်းဆလင်း ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို (၃) ကြိမ်သာ ရောက်ခဲ့ဖူးပြီး (၃) ကြိမ်စလုံး ဆုဖလား ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကို ဝါရင်ကာက စိုက်ထူ သွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၄ သြစတြေးလျအိုးပင်း၊ ၂၀၁၅ ပြင်သစ်အိုးပင်းနဲ့ ၂၀၁၆ ယူအက်စ်အိုးပင်း ပြိုင်ပွဲတွေမှာ ချန်ပီယံ ဆုဖလားတွေ ရရှိခဲ့ပြီဖြစ်တဲ့ ဝါရင်ကာဟာ ကမ္ဘာ့အဆင့် (၃) တင်းနစ် ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပြီး သူ့ရဲ့ ပြိုင်ပွဲတွေကနေ ဆုကြေးငွေ ဒေါ်လာ ၂၆ သန်းကျော်အထိ ရရှိထားသူပါ။

“ကျွန်တော့်ရဲ့ ရည်မှန်းချက်က ဂရင်းဆလင်း ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ မဟုတ်ပဲ ကျွန်တော့်ရဲ့ လက်စွမ်း တဖြည်းဖြည်း ပိုကောင်းလာဖို့ပါ။ ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်”လို့ ဝါရင်ကာက ဆိုလိုက်ပါတယ်။

ဒီပွဲစဉ်မှာ ဝါရင်ကာနဲ့ ရင်ဆိုင်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ သူ့ရဲ့ ကြံ့ခိုင်မှုအတွက် ရုန်းကန်ခဲ့ရတဲ့ အခြေအနေမှာ ရှိနေပြီး နောက်ဆုံး ပွဲစဉ်မှာ သူ့ရဲ့ လေ့ကျင့်ရေးမှူးကို (၂) ကြိမ်အထိ ခေါ်ယူပြီး ကြံ့ခိုင်မှုအတွက် ပြင်ဆင်ခဲ့ရပါတယ်။

Ref : BBC


  • VIA