POST TYPE
SPORTS
ပရီးမီးယားလိဂ်ရုပ်သံလွှင့်စာချုပ်သစ်အတွက် ပေါင် ၄ ဒသမ ၄၆ ဘီလီယံ အသုံးပြုရန် Sky Sports နှင့် BT ရည်မှန်းထား
14-Feb-2018

လန်ဒန်၊ ဖေဖော်ဝါရီ ၁၄
Sky Sports နှင့် BT ရုပ်သံဌာနတို့သည် ပရီးမီးယားလိဂ်ပွဲစဉ်များ ထုတ်လွှင့်ပြသခွင့်အတွက် ရုပ်သံလွှင့်စာချုပ်သစ်ချုပ်ဆိုရန် ပေါင် ၄ ဒသမ ၄၆ ဘီလျံ အကုန်အကျခံရန် စီစဉ်ထားပြီဖြစ်ပြီး ယင်းငွေပမာဏမှာ လက်ရှိထက် လျော့နည်းမှုများရှိနေသည့်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီဘက်က လက်ခံလိမ့်မည်မဟုတ်ကြောင်း Daily Mail က ဖော်ပြထားသည်။
Sky Sports သည် လက်ရှိတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်လွှင့်ပြသခွင့်ဆိုင်ရာ အမျိုးအစား ခုနစ်ခုအနက်မှနေ၍ လေးခုကို ပေါင် ၃ ဒသမ ၅၇၉ ဘီလီယံ အကုန်အကျခံဝယ်ယူထားပြီး ယခုထုတ်လွှင့်ခွင့်မှာ ဘောလုံးရာသီတစ်ရာသီအတွက် ပွဲစဉ်ပေါင်း ၁၂၈ ပွဲနှင့်သာ သက်ဆိုင်သည်ဟုလည်း Sky Sports က ရှင်းပြထားသည်။
BT Sports သည် ဘောလုံးရာသီတစ်ရာသီတွင် တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် ၃၂ ပွဲအပါအဝင် အခြားထပ်ဆောင်း ပွဲ ၂၀ ပြသခွင့်ကို ပေါင် ၂၉၅ သန်း အကုန်အကျခံကာ မူပိုင်ခွင့်ဝယ်ယူထားခြင်းဖြစ်ပြီး စာချုပ်သစ်အတွက် Sky Sports နှင့် BT တို့ဘက်က ကမ်းလှမ်းမည့် ငွေပမာဏမှာ ပွဲစဉ်တစ်ပွဲစာအတွက် ပေါင်နှစ်သန်းစီ လျော့နည်းနေကြောင်း စစ်တမ်းတစ်ရပ်က ထောက်ပြထားသည်။
Sky Sports နှင့် BT တို့သည် ပွဲစဉ်ပေါင်း ၁၆၀ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်အတွက် ပေါင် ၄ ဒသမ ၄၆ ဘီလီယံ သုံးစွဲရန် စီစဉ်နေကြခြင်းဖြစ်ကာ လက်ရှိစာချုပ်တွင် ချုပ်ဆိုထားသော တန်ကြေးများဖြင့် တွက်ချက်ကြည့်လျှင်ပင် စာချုပ်သစ်၌ ပွဲစဉ် ၁၆၈ ပွဲစာ ထုတ်လွှင့်ပြသခွင့်ရနိုင်ရေးအတွက် ရုပ်သံလွှင့်ကုမ္ပဏီများဘက်က အသုံးပြုရမည့်ငွေပမာဏမှာ ပေါင် ၅ ဒသမ ၁၄ သန်း အနိမ့်ဆုံးရှိလိမ့်မည်ဖြစ်သည်။
Sky Sports၊ BT Sports နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီအကြား၌ ချုပ်ဆိုထားသောစာချုပ်သည် လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ လာမည့်သုံးနှစ်သက်တမ်း ရုပ်သံလွှင့်ခွင့်စာချုပ်သစ်ကို ဝယ်ယူရန် Sky Sports၊ BT Sports တို့နှင့်အပြိုင် Facebook နှင့် Amazon တို့ကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီထံ ဆက်သွယ်ကမ်းလှမ်းမှုများ ရှိနေသည်။
- SOURCES
- The Voice
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021