News

POST TYPE

SPORTS

ပေါ့ဂ်ဘာကို နည်းဗျူဟာလိုအပ်ချက်အရ လူစားလဲလှယ်ခဲ့ခြင်းဖြစ်ကြောင်း မော်ရင်ညို ရှင်းပြ

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၂

မန်ယူနည်းပြ မော်ရင်ညိုသည် နယူးကာဆယ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကွင်းလယ်လူ ပေါ့ဂ်ဘာကို လူစားလဲလှယ်လိုက်သည်မှာ ဒဏ်ရာပြဿနာကြောင့် မဟုတ်ဘဲ နည်းဗျူဟာလိုအပ်ချက်အရဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် နယူးကာဆယ်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲကစားချိန် ၆၆ မိနစ်၌ ပေါ့ဂ်ဘာအစား မိုက်ကယ်ကာရစ်ကို လူစားလဲလှယ်ထည့်သွင်းလိုက်ပြီး လူစားလဲလှယ်ခြင်း ခံလိုက်ရအပြီးတွင် ပေါ့ဂ်ဘာမှာ အရန်ခုံတန်းလျားထက်၌ စိတ်မောလူမောဖြင့် ဘ၀င်မကျဖြစ်နေသည်ကို ရုပ်သံကင်မရာများက ရိုက်ကူးပြသခဲ့ကြသည်။

ပေါ့ဂ်ဘာသည် မန်ယူအသင်း နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်သုံးပွဲတွင် နှစ်ပွဲ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီး မန်ယူက ဟတ်ဒါးစဖီးလ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်းကို နည်းပြ မော်ရင်ညိုက ပွဲထွက်လူစာရင်းအတွင်း မထည့်သွင်းဘဲ အရန်အဖြစ်နှင့်သာ ထားရှိအသုံးပြုသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ပေါ့ဂ်ဘာကို ဒဏ်ရာပြဿနာကြောင့် လူစားလဲလိုက်တာ မဟုတ်ပါဘူး။ နယူးကာဆယ်က ဦးဆောင်ဂိုး သွင်းယူရရှိသွားခဲ့ပြီးတဲ့နောက်မှာ နည်းဗျူဟာပိုင်းဆိုင်ရာ အပြောင်းအလဲလုပ်မှ ဖြစ်တော့မယ်လို့ ယူဆပြီး ပေါ့ဂ်ဘာအစား ကာရစ်ကို ထည့်သွင်းလိုက်တာပါ။ လုကာကုနဲ့ ဆန်းချက်ဇ်တို့ကို ကာရစ်က ပိုပြီးချိတ်ဆက်ပေးနိုင်စွမ်းရှိလိမ့်မယ်လို့ တွက်ဆပြီး အခုလို လူစားလဲလှယ်မှုတစ်ရပ် ကျွန်တော် ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေဆဲပါပဲ။ ရှေ့လာမယ့်ပွဲတွေမှာ သူ့ကို ပုံမှန်အတိုင်းပဲ နေရာဆက်ပေးသွားမှာပါ”ဟု ပြောကြားသွားခဲ့သည်။