News

POST TYPE

SPORTS

လာကာဇက္ဂ်ာစီအက်ႌကို ပရိသတ္တစ္ဦး မီးရှို့
11-Feb-2018


လန်ဒန်၊ ဖေဖော်ဝါရီ ၁၁

အာဆင်နယ်အသင်းပရိသတ်တစ်ဦးသည် စပါးက အာဆင်နယ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်းဝယ်ယူထားသော လာကာဇက်၏အမည်နှင့်ကျောနံပါတ်ပါရှိသည့် ဂျာစီအင်္ကျီကို ဒေါက်သပေါက်ကွဲစွာဖြင့် မီးရှို့ဖျက်ဆီးပစ်လိုက်ပြီး ယင်းသို့ မီးရှို့ဖျက်ဆီးခဲ့သည်ကို ဓာတ်ပုံများရိုက်ကူး၍ တွစ်တာလူမှုကွန်ရက်စာမျက်နှာထက်တွင် ၎င်းက လွှင့်တင်ဖော်ပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

Lewis Newman အမည်ဖြင့် တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် မှတ်ပုံတင်ကာ အကောင့်ဖွင့်လှစ်ထားသော အာဆင်နယ်ပရိသတ်သည် လာကာဇက်ဂျာစီအင်္ကျီကို ယင်းသို့ မီးရှို့လိုက်ခြင်းဖြစ်ပြီး စပါးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲပြီးခါနီး၌ ချေပဂိုးပြန်လည်သွင်းယူနိုင်မည့် အခွင့်အလမ်းကို လာကာဇက်က ဖြုန်းတီးပစ်လိုက်သည့်အတွက် Lewis Newman က ဒေါသပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။

လာကာဇက်သည် စပါးက အာဆင်နယ်ကို အနိုင်ယူသွားခဲ့သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲပြီးခါနီး နာကျင်အချိန်ပို၌ စပါးဂိုးသမား အယ်လ်လိုရစ်နှင့် တစ်ဦးချင်းရင်ဆိုင်ကန်သွင်းရသည့် အခွင့်အရေးကို ပိုင်ဆိုင်ရရှိခဲ့ပြီး ၎င်း၏ကန်ချက်မှာ ဂိုးလွန်ဘောဖြစ်သွားခဲ့သည့်အတွက် အာဆင်နယ်မှာ ကြီးစွာပင် နစ်နာသွားခဲ့ရသည်။

လာကာဇက်သည် အာဆင်နယ်ထံသို့ အော်ဘာမီယန် ပြောင်းရွှေ့ရောက်ရှိလာခဲ့အပြီးတွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရပြီဖြစ်ပြီး ယခုကဲ့သို့ အပိုင်အခွင့်အရေးများကို အသုံးမချနိုင်ခြင်းကြောင့် ၎င်းအပေါ်တွင် နည်းပြအာစင်ဝင်းဂါး ယုံကြည်မှု လျော့နည်းသထက် လျော့နည်းသွားတော့မည်ကိုလည်း လာကာဇက်က စိုးရိမ်နေရပြီဖြစ်သည်။

အာဆင်နယ်သည် လာကာဇက်ဂျာစီအင်္ကျီများကို တန်ကြေးပမာဏ ၇၁ ပေါင်မှနေ၍ ၁၁၆ ပေါင်အထိ သတ်မှတ်ကာ အမျိုးအစားခွဲခြားရောင်းချနေပြီး လာကာဇက်မှာ ယင်းမတိုင်မီတွင် ခြောက်ကိုက်စည်းအတွင်းမှနေ၍ အပိုင်ကန်သွင်းရန် အခွင့်အရေးတစ်ရပ်ရရှိသည်ကိုလည်း ဂိုးဘားတန်းပေါ်သို့ ထောင်ကန်ကာ ဂိုးလွန်ဘောဖြစ်သွားစေခဲ့သေးသည်။