News

POST TYPE

SPORTS

ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ရိုက်ကူးဖို့ စဉ်းစားနေကြောင်း အိုလံပစ် လက်ဝှေ့ချန်ပီယံ ဂျိုရှုဝါ ဖွင့်ဟ
08-Sep-2016
ဗြိတိန်ရဲ့ ၂၀၁၂ အိုလံပစ် လက်ဝှေ့ချန်ပီယံ အန်တိုနီ ဂျိုရှုဝါက သူ့ရဲ့ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ရိုက်ကူးဖို့အတွက် လျို့ဝှက်အစီအစဉ်တွေ ဆွဲနေတယ်လို့ ဆိုလိုက်ပါတယ်။

The Ring မဂ္ဂဇင်းရဲ့ ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ် လက်ဝှေ့သမား အဆင့်သတ်မှတ်ချက်မှာ အဆင့် (၆) နေရာအထိ ရောက်ရှိလာခဲ့တဲ့ ဂျိုရှုဝါက နာမည်ကြီး ဘောလုံးသမား ရော်နယ်ဒိုရဲ့ မှတ်တမ်းရုပ်ရှင်လိုမျိုး ရုပ်ရှင်တစ်ကားကို ရိုက်ကူးချင်နေတယ်လို့ ဖွင့်ဟဝန်ခံလိုက်ပြီး မကြာခင် ဖြစ်လာလိမ့်မယ်လို့လည်း မှတ်ချက်ပေးထားပါတယ်။

ပရိုဖက်ရှင်နယ် လက်ဝှေ့သမားဘဝကို ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက်လာခဲ့ပြီး ထိုးသတ်ခဲ့တဲ့ ပွဲစဉ် ၁၇ ပွဲကို ရှုံးပွဲမရှိ ထိုးသတ်ထားနိုင်ခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ဂျိုရှုဝါဟာ ဗြိတိန်ရဲ့ ဂုဏ်ဆောင် လက်ဝှေ့သမားတစ်ယောက ်အဖြစ် သတ်မှတ်ခြင်း ခံထားရသူပါ။

“ရော်နယ်ဒိုရဲ့ မှတ်တမ်းရုပ်ရှင်ကို ကြည့်ပြီးတဲ့နောက်မှာ သူကိုယ်တိုင်လည်း အဲဒီလို မှတ်တမ်းရုပ်ရှင်တစ်ခု လုပ်ချင်စိတ် ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ ပြိုင်ပွဲတွေနဲ့ သူ့ရဲ့ လေ့ကျင့်မှုတွေကို အဲဒီရုပ်ရှင်ထဲမှာ ထည့်သွင်းသွားဖို့ အလိုရှိနေပါတယ်” လို့ ဂျိုရှုဝါနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဂျိုရှုဝါဟာ GQ မဂ္ဂဇင်းရဲ့ ၂၀၁၆ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဂုဏ်ပြုဆုကို လက်ခံရယူခဲ့ပါတယ်။

Ref: TheSun