News

POST TYPE

SPORTS

ဆွန်ဂါကို အလွယ်တကူ အနိုင်ယူပြီး ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်ကို ဂျိုကိုဗစ် တက်ရောက်
08-Sep-2016
ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား ဂျိုကိုဗစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း၊ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်မှာ ပြင်သစ်တင်းနစ်သမား ဆွန်ဂါကို ၆-၃၊ ၆-၂ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဆွန်ဂါဟာ ပထမ ပွဲစဉ် ၂ ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဒူးဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့လို့ ဂျိုကိုဗစ်ကို နှစ်ပွဲကစားပြီး အရှုံးပေးခဲ့တာလည်း ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်ရဲ့ အခြားပွဲစဉ်တစ်ပွဲမှာလည်း ပြင်သစ်တင်းနစ်သမား မွန်ဖီးလ်က တစ်နိုင်ငံတည်းသား ပြိုင်ဘက် လူးကပ်စ်ပွီယေးကို ၆-၄၊၆-၃၊၆-၃ နဲ့ သုံးပွဲပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်လာနိုင်ခဲ့ပါတယ်။

တတိယအဆင့်ပွဲစဉ်မှာ နာဒဲလ်ကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့တဲ့ ပွီယေးရဲ့ လက်စွမ်းကို ပရိသတ်တွေ မျှော်လင့်ခဲ့ကြပေမယ့် ကမ္ဘာ့အဆင့် (၂၅) တင်းနစ်သမားဟာ သူရဲ့အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပဲ မွန်ဖီးလ်ကို သုံးပွဲပြတ် အရှုံးပေးခဲ့ရတာပါ။

ဂျိုကိုဗစ်အနေနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ မွန်ဖီးလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တခြားတစ်ဖက်မှာတော့ (ဝါရင်ကာ-ဒယ်ပိုထရို) – (မာရေး-နီရှီကိုရီ) တို့ရဲ့ ပွဲစဉ်တွေက အနိုင်ရသူတွေက ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

Ref: BBC