News

POST TYPE

SPORTS

မိုရာတာမှာ ထိလိုက်သည်နှင့် လှဲချရန် အသင့်ဖြစ်နေကြောင်း အာစင်ဝင်းဂါး ပြစ်တင်ဝေဖန်
11-Jan-2018


လန်ဒန်၊ ဇန်နဝါရီ ၁၁

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ခရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာမှာ ထိလိုက်သည်နှင့် လှဲချရန်အသင့်ဖြစ်နေခဲ့ပြီး ပြစ်ဒဏ်ဘောတောင်းခံရန်သာ စဉ်းစားနေခဲ့သည်ဟု ဝေဖန်ပြစ်တင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

အာစင်ဝင်းဂါးသည် ပွဲကြီးကြပ်ခွင့် သုံးပွဲပိတ်ပင် ပြစ်ဒဏ်အရ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းခရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပွဲကြည့်စင်မှနေ၍သာ ကြည့်ရှုသွားခဲ့ရပြီး မိုရာတာ၏အပြုအမူများမှာ သည်းမခံနိုင်ဖွယ်၊ စိတ်ပျက်ဖွယ် လွန်စွာကောင်းလွန်းခဲ့ကြောင်း အာစင်ဝင်းဂါးက ပြောကြားသွားခဲ့သည်။

အာစင်ဝင်းဂါးသည် ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုအတွင်း အာဆင်နယ်ကို ခရာဘောင်းဖလား(လိဂ်ဖလား)ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ ခုနစ်ကြိမ်မြောက်အဖြစ် တက်ရောက်နိုင်စေခဲ့ခြင်းဖြစ်ကာ ယခုမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ဆီမီးဖိုင်နယ်ခြောက်ကြိမ်တွင် အာဆင်နယ်က နှစ်ကျော့ပေါင်းရလဒ်ဖြင့် ပြိုင်ဘက်များကို ကျော်ဖြတ်၍ ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ နှစ်ကြိမ်တည်းသာ ရှိခဲ့ဖူးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “မိုရာတာရဲ့အပြုအမူတွေက တကယ့်ကို စိတ်ပျက်စရာပါပဲ။ သူ့ကြောင့်ပဲ ပွဲရသဟာ အရှိန်လျော့သွားခဲ့ရပါတယ်။ သူက အာဆင်နယ်ကစားသမားတွေ သူ့ကို ထိလိုက်တာနဲ့ လှဲချပြီး ပြစ်ဒဏ်ဘောကန်ခွင့်တောင်းဖို့ပဲ တစ်ချိန်လုံး ကြိုးပမ်းနေခဲ့တာပါ။ မိုရာတာ အဲ့ဒီလိုလုပ်ခဲ့တာတွေကြောင့် ကျွန်တော်တို့အနေနဲ့ ပွဲကစားရတာ အရမ်းပဲ ခက်ခဲလွန်းခဲ့ပါတယ်”ဟု ပြောကြားသွားခဲ့သည်။