News

POST TYPE

SPORTS

ပေါ်တို၊ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ရွေးချယ်ခြင်းက ပျော်ရွှင်ခွင့်ရဖို့ နီးစပ်ပါလိမ့်မယ်
06-Dec-2017 tagged as Soccer Champions League Preview


ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၆(ဒုတိယည)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီညမှာတော့ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်တွေရဲ့ဒုတိယမြောက်ညကို ဖြတ်သန်းရတော့မှာပါ။ အုပ်စု(င)၊ အုပ်စု(စ)နဲ့ အုပ်စု(ဆ)တို့ဟာ ဒီညရဲ့အားပြိုင်မှုအပြင်းထန်ဆုံးပွဲစဉ်တွေကို ယူဆောင်လာမယ့် အုပ်စုတွေပါပဲ။ ဆီဗီလာ၊ စပါးတပ်မော်စကို၊ ရှက်တာဒိုးနက်၊ နာပိုလီ၊ ပေါ်တိုနဲ့ လိုက်ပ်ဇစ်ဂ်ျတို့အနက်ကနေပြီး ဘယ်အသင်းတွေ နောက်တစ်ဆင့် တက်ခွင့်ရမယ်၊ ဘယ်အသင်းတွေ ယူရိုပါလိဂ်သွားရမယ်ဆိုတာက ရင်ခုန်စရာကောင်းလှပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ဒေါ့မွန်နဲ့ စပါးတို့ကလည်း ပြည်တွင်းမှာ ရင်ဆိုင်ကြုံဆုံနေရတဲ့ဖိအားတွေကို ချန်ပီယံလိဂ်ရလဒ်တွေနဲ့ ပြန်လည်ကုစားဖို့ ကြိုးပမ်းကြမှာပါ။

မာရီဘော - ဆီဗီလာ
ဒီအုပ်စုမှာ လီဗာပူး၊ ဆီဗီလာနဲ့ စပါးတပ်မော်စကိုတို့ အားပြိုင်မှု ပြင်းထန်နေပါတယ်။ သုံးသင်းလုံးဟာ သူ့နည်းသူ့ဟန်နဲ့ မျှော်လင့်ချက်ကိုယ်စီ ရှိနေကြဆဲဖြစ်လို့ တစ်ချက်မှားတဲ့အသင်းက ယူရိုပါလိဂ်ဆီ လွင့်စင်ရောက်သွားတော့မှာပါ။ တစ်ဖက်မှာ လီဗာပူးသာ ခြေချော်လက်ချော်တွေဖြစ်ခဲ့ပြီး ဒီပွဲကို သူတို့က အနိုင်ကစားလိုက်နိုင်ရင် အုပ်စုဗိုလ်နေရာကို မျှော်လင့်နိုင်တဲ့အထိ ဆီဗီလာ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ကံစမ်းမယ့်သူတွေဘက်ကကြည့်ရင် ဒီပွဲက ဆီဗီလာ သုံးဂိုးပြတ်မှသာ အဆင်ပြေမယ့်ပွဲပါ။ မာရီဘောဟာ အိမ်ရှင်အားသာချက်ကို လက်ကိုင်ပြုပြီး ဆီဗီလာကို ခံတိုက်ပါလိမ့်မယ်။ မာရီဘောကို အားပေးပါ။

လီဗာပူး - စပါးတပ်မော်စကို
လီဗာပူးရဲ့တိုက်စစ်စွမ်းဆောင်ရည်ဟာ အားရစရာကောင်းလောက်တဲ့ အခြေအနေတစ်ရပ်ဆီ ပြန်လည်ဦးမော့လာခဲ့ပါပြီ။ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ ပြိုင်ပွဲအရပ်ရပ် ပွဲစဉ်ရှစ်ပွဲမှာ လီဗာပူးက သုံးဂိုးအောက် ရောက်ခဲ့တာဆိုလို့ ချယ်လ်ဆီးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်တစ်ပွဲသာ ရှိခဲ့ပါတယ်။ အုပ်စုဗိုလ်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်စေဖို့အတွက် လီဗာပူးဟာ ပွဲစကတည်းက တိုက်စစ်ကို အားပြုပြီး စပါးတပ်မော်စကိုကို ဖိအားပေးသွားပါလိမ့်မယ်။ လီဗာပူးနဲ့ပဲ လက်တွဲထားလိုက်ရအောင်လား။

ဖီယင်နု - နာပိုလီ
နာပိုလီက မျှော်လင့်ချက်ငွေ့ငွေ့ ကျန်နေပါသေးတယ်။ ဒီပွဲမှာ သူတို့က အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပြီး အခြားတစ်ဖက်မှာ ရှက်တာဒိုးနက်က မန်စီးတီးကို အရေးနိမ့်သွားခဲ့ရင် နောက်တစ်ဆင့်တက်ရောက်ခွင့်က နာပိုလီလက်ထဲကို ရောက်ရှိလို့လာမှာဖြစ်ပါတယ်။ ငါးပွဲကစားပြီးချိန်မှာ ငါးပွဲလုံးရှုံးနိမ့်ထားတဲ့ ဖီယင်နုကို နာပိုလီက ခြေစွမ်းအသာစီးနဲ့ ထိန်းချုပ်ကစားသွားနိုင်မှာ ကျိန်းသေပါပဲ။ ဒါပေမဲ့ နာပိုလီကို မယုံကြည်ရဲတာက အဝေးကွင်းပွဲစဉ်တွေမှာ အနိုင်ရခဲ့ရင်တောင် ကပ်နိုင်တာတွေက များလွန်းနေတာဖြစ်ပါတယ်။ ဖီယင်နုနဲ့စွန့်စားကြည့်လိုက်ပါ။

ရှက်တာဒိုးနက် - မန်စီးတီး
ဒီအသင်းနှစ်သင်းအကြားမှာ မျှခြေဆိုတဲ့ သတ်မှတ်ချက်ကိုပဲ ပေးအပ်ထားပါတယ်။ ရှုံးရှုံးနိုင်နိုင် အုပ်စုဗိုလ်နေရာက တစ်ပြားသားမှ ရွေ့သွားဖို့ မရှိတော့တဲ့ မန်စီးတီးဟာ အခုပွဲထက် မန်ချက်စတာဒါဘီပွဲစဉ်ဆီ ပိုပြီး စိတ်ရောက်နေလေမလား မပြောတတ်ပါဘူး။ ရှက်တာဒိုးနက်ဟာ နောက်တစ်ဆင့်တက်ရောက်ခွင့် သေချာစေဖို့အတွက် သရေတစ်မှတ် ရယူနိုင်ဖို့ လိုအပ်နေပါသေးတယ်။ အိမ်ရှင်အားသာချက်ကို လက်ကိုင်ပြုပြီး ရှက်တာဒိုးနက်က အားကုန်ရုန်းကန် ကစားသွားမှာပါ။ ရှက်တာဒိုးနက်ဟာ သရေ ဒါမှမဟုတ် အနိုင် ရယူသွားနိုင်ပါလိမ့်မယ်။ ရှက်တာဒိုးနက်ကို လက်ကိုင်ပြုလိုက်ကြပါစို့။

လိုက်ပ်ဇစ်ဂ်ျ - ဘက်ဆစ်တပ်
လိုက်ပ်ဇစ်ဂ်ျဟာ ဒီပွဲမှာသာ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်ရောက်ဖို့အတွက် အခွင့်အရေးတစ်ရပ် ရသွားနိုင်ခြေရှိနေပါတယ်။ ဘက်ဆစ်တပ်က အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်ဖို့ သေချာနေပြီဖြစ်လို့ သာမန်လောက်ပဲ ကစားသွားတော့မှာပါ။ ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့ဒုတိယအကျော့ပွဲစဉ် နှစ်ပွဲလုံးကို ဘက်ဆစ်တပ်က သရေရလဒ်တွေနဲ့ချည်း ဖြတ်သန်းခဲ့တာကို မမေ့လိုက်ပါနဲ့။ ဒါပေမဲ့ လိုက်ပ်ဇစ်ဂ်ျအနိုင်ကို နှစ်ဂိုးပြတ်ရမယ်လို့ တောင်းဆိုထားတာဟာ နည်းနည်းတာ့ များလွန်းလှပါတယ်။ ဘက်ဆစ်တပ်ကို ရွေးချယ်လိုက်ချင်တယ်။

ပေါ်တို - မိုနာကို
နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ်ပွဲစဉ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ခွင့်ရရှိထားတာက ပေါ်တိုအတွက် ကြီးစွာသော ကံကောင်းမှုပါပဲ။ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ထိတိုင် တက်လှမ်းရောက်ရှိခဲ့တဲ့ မိုနာကိုဟာ လက်ရှိဘောလုံးရာသီမှာတော့ ကစားသမားကောင်းတွေကို လက်လွှတ်ရောင်းထုတ်လိုက်ခြင်းရဲ့အကျိုးဆက်ရိုက်ခတ်မှုတွေကို ခံစားနေရပါပြီ။ ကစားခဲ့ပြီးတဲ့ အုပ်စုပွဲစဉ် ငါးပွဲလုံး နိုင်ပွဲပျောက်ခဲ့ရတဲ့ မိုနာကိုဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ဆက်လက်ကစားခွင့်ရနိုင်ဖို့တောင် မျှော်လင့်ချက် မရှိတော့ပါဘူး။ ပေါ်တိုရဲ့အနိုင်ရလဒ်ဟာ နှစ်ဂိုးပြတ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ပေါ်တိုကို အားပေးပါ။

ရီးရဲလ်မက်ဒရစ် - ဒေါ့မွန်
ရီးရဲလ်မက်ဒရစ်ရော ဒေါ့မွန်ပါ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒေါ့မွန်နည်းပြ ပီတာဘော့ဇ်ကိုရော ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကိုပါ သက်ဆိုင်ရာအသင်းတာဝန်ရှိသူတွေက အာမခံချက် ပေးအပ်ထားပေမယ့် အခုထက်ပိုပြီး ရလဒ်ဆိုးတွေဖြစ်ပေါ်လာခဲ့ရင်တော့ သူတို့နှစ်ဦးလုံးအတွက် ရှေ့အလားအလာဟာ သိပ်မကောင်းနိုင်လောက်တော့ပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းပွဲစဉ်ဖြစ်နေတဲ့အတွက် အတိမ်းအစောင်းတွေ ထပ်မဖြစ်ရလေအောင် သတ်ကြီးကြီးထားပြီး ကစားသွားပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်ကို အကြိုက်တွေ့မိတယ်။

စပါး - အေပိုးလ်
စပါးဟာ နောက်တစ်ဆင့်ဆီ တက်ရောက်ခွင့်ရထားပြီဖြစ်ပေမယ့် အုပ်စုဗိုလ်နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့အတွက် အနိမ့်ဆုံးအဖြစ် ရမှတ်တစ်မှတ် လိုအပ်နေဆဲပဲဖြစ်ပါတယ်။ အေပိုးလ်က ဆိုက်ပရပ်စ်ပြည်တွင်းလိဂ်မှာ ထိပ်သီးအသင်းတစ်သင်းအဖြစ် အိမ်ကွင်း အဝေးကွင်းမရွေး ခြေစွမ်းပြ ကစားနိုင်စွမ်းရှိပေမယ့် ချန်ပီယံလိဂ်မှာ အနေအထားတစ်ရပ်နဲ့ရပ်တည်နိုင်ဖို့ကတော့ လိုအပ်ချက်တွေ ရှိနေဆဲပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဖိအားတွေနဲ့ ရင်ဆိုင်ကြုံဆုံနေရတာကို အဆုံးသတ်ဖို့ စပါး ကြိုးပမ်းလာမှာပါ။ စပါးနဲ့ စွန့်စားလိုက်ကြရအောင်လား။