News

POST TYPE

SPORTS

အာဆင်နယ်သို့ ပြောင်းရွှေ့ရန်အတွက် အိုဇေးလ်ထံမှ အကြံဉာဏ် ရယူခဲ့ရဟု မူစတာဖီပြော
29-Aug-2016

အာဆင်နယ်အသင်း၏ နောက်ခံကစားသမားသစ် မူစတာဖီက မိမိအနေဖြင့် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန်အတွက် ဂျာမနီအသင်းဖော် ကစားသမား အိုဇေးလ်ထံမှ အကြံဉာဏ်များ ရယူခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဗလင်စီယာမှ အာဆင်နယ်အသင်းသို့ ရောက်ရှိလာခဲ့သည့် ၂၄ နှစ်အရွယ် ဂျာမနီနောက်ခံလူ အနေဖြင့် အာဆင်နယ်အသင်း၏ အခြေအနေတစ်ချို့ကို နိုင်ငံအသင်းဖော် အိုဇေးလ်ထံ ဆက်သွယ်မေးမြန်းခဲ့ရသည်။

“ကျွန်တော် သိချင်တာတွေ တစ်ချို့ကို အိုဇေးလ်ဆီ ဆက်သွယ်ပြီး မေးမြန်းခဲ့ရပါတယ်။ ကြားရသမျှက အကောင်းတွေချည်းပါပဲ။ ကျွန်တော့်အနေနဲ့ လွယ်လွယ်လေး စည်းရုံးခံလိုက်ရတာပါ။ အဲဒီနောက်တော့ သိပ်အများကြီး စဉ်းစားစရာ မလိုတော့ပဲ ကျွန်တော် အာဆင်နယ်ကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု မူစတာဖီက ဆိုသည်။

မူစတာဖီအနေဖြင့် အာဆင်နယ်အသင်းတွင် အိုဇေးလ်အပြင် အခြားဂျာမနီအသင်းဖော်များ ဖြစ်ကြသော လူငယ်တိုက်စစ်မှူး ဂနာဘရီ၊ နောက်ခံလူ မာတီဆက်ကာတို့နှင့် လက်တွဲရမည် ဖြစ်သည်။

Ref: Goal.com