News

POST TYPE

SPORTS

မန်ချက်စတာ ဒါဘီပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ဖွယ် ရှိနေသည့် အဂွီရို
29-Aug-2016

မန်စီးတီးအသင်း၏ တိုက်စစ်မှူး ဆာဂျီရို အဂွီရိုသည် ဝက်စ်ဟမ်းအသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် တံတောင်စွမ်းပြခဲ့ခြင်းကြောင့် ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ် ရှိနေသည်။

အဂွီရိုသည် ပွဲချိန်အတွင်း ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်အား တံတောင်ဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကစားခဲ့ပြီး ၎င်းအဖြစ်အပျက်ကို ကွင်းလယ်ဒိုင်လူကြီး အင်ဒရီ မာရီနာကလည်း မြင်တွေ့ခဲ့ခြင်း မရှိပေ။

သို့ရာတွင် ပွဲအပြီး ပြည်လည်ကြည့်ရှုခဲ့သော ရုပ်သံပြကွက်များအရ အဂွီရိုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားနေသဖြင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်မှ ပွဲပယ်ပြစ်ဒဏ်တစ်ပွဲ ချမှတ်ရန် စီစဉ်လျက်ရှိသည်။

အကယ်၍ အဂွီရိုသာ ပွဲပယ်ပြစ်ဒဏ် ကျခံရမည် ဆိုပါက လာမည့် စက်တင်ဘာ (၁၀) ရက်တွင် ကစားရမည့် မန်ချက်စတာဒါဘီပွဲကို လွဲချော်မည်ဖြစ်ပြီး မန်စီးတီးအသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်လာမည် ဖြစ်သည်။

မန်စီးတီးအသင်း၏ နည်းပြ ဂွာဒီယိုလာကလည်း အဂွီရိုသာ မပါဝင်နိုင်ပါက မန်ယူနှင့်ပွဲတွင် နည်းစနစ်ပိုင်း အပြောင်းအလဲ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဝန်ခံထားသည်။

Ref: BBC