News

POST TYPE

SPORTS

ဒဏ်ရာပြဿနာကို စိုးရိမ်ပါက ဘောလုံးမကစားဘဲ စစ်တုရင်ထိုးသင့်ကြောင်း ရွိုင်ကိန်း အကြံပေး
04-Oct-2017 tagged as

မန်ချက်စတာ၊ အောက်တိုဘာ ၎

အိုင်ယာလန်လက်ရွေးစင်ဘောလုံးအသင်း၏လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသော မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းသည် ဘောလုံးကစားသမားများအနေနှင့် ဒဏ်ရာပြဿနာကို စိုးရိမ်ပါက ဘောလုံးမကစားဘဲ စစ်တုရင် ထိုးနေသင့်ကြောင်း ဖွင့်ဟပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။

ရွိုင်ကိန်းသည် အိုင်ယာလန် လက်ရွေးစင်တိုက်စစ်မှူးဟောင်း ကီဗင်ဒွိုင်လီက ဒဏ်ရာပြဿနာများကို အကြောင်းပြ၍ ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်အပြီးတွင် ယင်းကြေညာချက်ကို ယခုကဲ့သို့ ပြက်ရယ်ပြုသွားခဲ့ခြင်းဖြစ်သည်။

ကီဗင်ဒွိုင်လီသည် ၎င်းအနေနှင့် လက်ရှိတွင် ခေါင်းကိုက်ဝေဒနာကို မကြာခဏ ရင်ဆိုင်နေရလျက် ရှိကြောင်းလည်း ဖွင့်ဟအသိပေးထားပြီး ရွိုင်ကိန်းကမူ American Football နှင့် ရပ်ဘီကစားနည်းများမှာ ဘောလုံးထက်ပို၍ ဒဏ်ရာရရန်၊ ထိခိုက်မှုဖြစ်ရန် ပိုလွယ်ကြောင်း ထောက်ပြ ပြောဆိုသွားခဲ့သည်။

သုတေသန ပညာရှင်များသည် ဘောလုံးကစားသမားများကို ဘောလုံးအား ခေါင်းဖြင့်တိုက်ခြင်းက ဦးနှောက်သွေးယိုစီးမှုကို ဖြစ်စေကြောင်း သတိပေးထားပြီး ၎င်းအနေနှင့် ယင်းသို့ဖြစ်လာမည်ကို စိုးရိမ်ခြင်းကြောင့် အနားယူရန် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ကီဗင်ဒွိုင်လီက ဆိုသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ရွိုင်ကိန်းက “ဘောလုံးကစားရင်တော့ ဒဏ်ရာပြဿနာဆိုတာ မလွဲမသွေ ကြုံရမှာပါပဲ။ American Football နဲ့ ရပ်ဘီတို့ဆို ဘယ့်နှယ် လုပ်မလဲဗျာ။ ဘောလုံးထက်တောင် ကစားတာ ကြမ်းပါသေးတယ်။ ကိုယ်က ဘောလုံးသမားဘဝကို ရွေးချယ်လိုက်ပြီဆိုရင် ဒဏ်ရာဆိုတာကို ကြောက်ရွံ့နေလို့ မရပါဘူး။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် ဘောလုံးမကစားဘဲ စစ်တုရင်ကစားတာက ပိုအဆင်ပြေပါလိမ့်မယ်”ဟု ပြောကြားသွားခဲ့သည်။

  • TAGS