News

POST TYPE

SPORTS

သမ္မတ ဒေါ်နယ်ထရမ့်၏ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှုကြောင့် မိသားစုနှင့် တစ်နှစ်နီးပါး မတွေ့ခဲ့ရကြောင်း ဂူးချန်နက်ဂ်ျဟတ်ဒ် ဖွင့်ဟ

အမ်စတာဒမ်၊ စက်တင်ဘာ ၂၇

နယ်သာလန်အဆင့်မြင့်တန်း အမှတ်ပေး ဘောလုံးပြိုင်ပွဲဝင် ဟီရန်ဗင်းအသင်းထံ၌ ကစားသမားဘဝ ဖြတ်သန်းနေသည့်  အီရန်လက်ရွေးစင် တိုက်စစ်မှူး ဂူးချန် နက်ဂ်ျဟတ်ဒ်သည် ၎င်းအနေနှင့် အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်၏ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်မှုအစီအစဉ်ကြောင့် ၎င်း၏မိသားစုနှင့် တစ်နှစ်နီးပါး မတွေ့ခဲ့ရသည့် အခြေအနေကို ရင်ဆိုင်ခဲ့ရကြောင်း Daily Star က ဖော်ပြထားသည်။

ဂူးချန်နက်ဂ်ျဟတ်ဒ်သည် နယ်သာလန်နှင့် အီရန် နှစ်နိုင်ငံလုံး၏ နိုင်ငံကူးလက်မှတ်များကို ကိုင်ဆောင်ထားသူဖြစ်ကာ ဟီရန်ဗင်းမတိုင်မီတွင် အင်္ဂလန် ကလပ် ချာလ်တန်အသင်းကို ကိုယ်စားပြု၍ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ချာလ်တန်ထံတွင် ဂူးချန်နက်ဂ်ျဟတ်ဒ်က ကစားသမားဘဝ လာရောက် ဖြတ်သန်းခဲ့ဖူးသေးသည်။

ဂူးချန်နက်ဂ်ျဟတ်ဒ်၏ဇနီးသည် အပါအဝင် အခြားသော မိသားစုဝင်များသည် လက်ရှိတွင် အမေရိကန် ပြည်ထောင်စု၌ အခြေချ နေထိုင်လျက်ရှိပြီး မိသားစုဝင်များထံသို့ အလည်အပတ် သွားရန် ကြိုးပမ်းရာတွင် ယင်းသို့သော အခြေအနေကို ၎င်းအနေနှင့် ရင်ဆိုင်ကြုံဆုံခဲ့ရခြင်းဖြစ်ကြောင်း ဂူးချန်နက်ဂ်ျဟတ်ဒ်က ဆက်လက် ရှင်းပြသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ဂူးချန်နက်ဂ်ျဟတ်ဒ်က “ကျွန်တော့်လက်ထဲမှာ နယ်သာလန်နိုင်ငံကူးလက်မှတ်ရော အီရန်နိုင်ငံကူးလက်မှတ်ပါ နှစ်ခုလုံး ရှိနေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဇနီးသည်ဟာလည်း အမေရိကန်နိုင်ငံသူပါ။ နယ်သာလန်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးဆီကို ကျွန်တော် ဗီဇာ သွားလျှောက်ခဲ့ပေမယ့် အချိန် တစ်နှစ်ကြာတဲ့အထိ အခြေအနေ မထူးခဲ့ပါဘူး။ ကျွန်တော်လည်း မခံမရပ်နိုင်တာနဲ့ ဒီအကြောင်းကို နယ်သာလန် သတင်းစာတစ်စောင်ဆီ ဖွင့်ချလိုက်ပါတယ်။ အဲ့ဒီတော့မှပဲ ကျွန်တော့်ကို ပြည်ဝင်ခွင့် ပြန်ပေးခဲ့တာပါ”ဟု ပြောကြား သွားခဲ့သည်။

E-11