News

POST TYPE

SPORTS

သမ္မတ ဒေါ်နယ်ထရမ့်၏ သားဖြစ်သူကို ဒီစီယူနိုက်တက်အသင်း စာချုပ်ချုပ်ဆို
နယူးယောက်၊ စက်တင်ဘာ ၂၃

အမေရိကန် မေဂျာလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပါဝင်ကစားနေသော ဒီစီယူနိုက်တက်အသင်းသည် သမ္မတ ဒေါ်နယ်ထရမ့်၏ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူ ဘာရွန်ထရမ့်ကို လူငယ်အသင်းကစားသမားအဖြစ် တရားဝင် စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပြီး လက်ရှိတွင် ဘာရွန်ထရမ့်မှာ ယူ-၁၂ အသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲများ ကစားနေပြီ ဖြစ်ကြောင်း ဒီစီယူနိုက်တက်က ကြေညာချက် ထုတ်ပြန်ထားပြီ ဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် ဘရွန်ထရမ့်ကို လက်ရှိဇနီးသည် မီလာနီယာနှင့် ရရှိခဲ့ခြင်း ဖြစ်ပြီး အခြားသော ရင်သွေးများကိုမူ ယခင်ဇနီးဟောင်းများနှင့် ဒေါ်နယ်ထရမ့်က ရရှိထားခြင်း ဖြစ်သည်။

ဘာရွန်ထရမ့်သည် လက်ရှိတွင် ဒီစီယူနိုက်တက် ယူ-၁၂ အသင်းကို ကိုယ်စားပြု၍ ပွဲစဉ်လေးပွဲ ကစားခွင့် ရရှိခဲ့ပြီးပြီ ဖြစ်ကာ ဘာရွန်ထရမ့်၏ ကျောနံပါတ်မှာ ၈၁ ဖြစ်ကြောင်းလည်း ဒီစီယူနိုက်တက်က သတင်းထုတ်ပြန်ထားသည်။

ဘာရွန်ထရမ့်သည် အနာဂတ်ကာလတွင် အမေရိကန်ပြည်ထောင်စု လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရသည့် ထူးချွန်ဘောလုံးသမားတစ်ဦး ဖြစ်လာနိုင်ရန် ရည်မှန်းချက် ထားရှိနေပြီး ၎င်းလေးစားအားကျလျက်ရှိသည့် ဘောလုံးကစားသမားမှာ ဒေါ့မွန်အသင်း၏ ကြယ်ပွင့်ဖြစ်သူ အမေရိကန် ဘောလုံးကစားသမား ပူလီဆစ် ဖြစ်သည်။