News

POST TYPE

SPORTS

ကက်ပီတယ်ဝမ်းဖလား တတိယအဆင့် ပွဲစဉ်တွင် ချယ်လ်ဆီးနှင့် လက်စတာတို့ တွေ့ဆုံ
25-Aug-2016

ကက်ပီတယ်ဝမ်းဖလား ပြိုင်ပွဲ၏ တတိယအဆင့် ပွဲစဉ်များကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ချယ်လ်ဆီးနှင့် လက်စတာ၊ ဆွမ်ဆီးနှင့် မန်စီးတီးအသင်းတို့ တွေ့ဆုံခဲ့ကြပြီး ကြည့်ကောင်းသည့် ပွဲစဉ်များ ဖြစ်လာဖွယ် ရှိနေသည်။

လီဗာပူးလ်၊ အာဆင်နယ်၊ စပါးနှင့် မန်ယူအသင်းများမှာမူ အသင်းငယ်များနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်တစ်ဆင့်သို့ တက်ရောက်ရန် အခွင့်အရေး များနေသည်။

ကက်ပီတယ်ဝမ်းဖလား ပြိုင်ပွဲ၏ လက်ရှှိချန်ပီယံမှာ မန်စီးတီးအသင်းဖြစ်ပြီး ကက်ပီတယ်ဝမ်းပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းမှာ လီဗာပူးလ်ဖြစ်ကာ ချန်ပီယံဆုဖလား (၈) ကြိမ်အထိ ရရှိထားသည်။

ကက်ပီတယ်ဝမ်းဖလား၏ တတိယအဆင့် ပွဲစဉ်များကို စက်တင်ဘာလ (၂၀) ရက်တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

ကက်ပီတယ်ဝမ်း တတိယအဆင့် ပွဲစဉ်များ
-------------------------------
လက်စတာ - ချယ်လ်ဆီး
နော့သမ်တန် - မန်ယူ
ဘရိုက်တန် - ရီဒင်း
နယူးကာဆယ် - ဝုဗ်
စတုခ် - ဟူးလ်စီးတီး
ဘုန်းမောက် - ပရက်စတန်
စပါး - ဂီလင်ဟမ်
အဲဗာတန် - နောဝှစ်ချ်
ဒါဘီ - လီဗာပူးလ်
ဝက်စ်ဟမ်း - အက်ခရင်တန်
ဆောက်သမ်တန် - ပဲလေ့စ်
ဆွမ်ဆီး - မန်စီးတီး
ဖူလ်ဟမ် - ဘရစ်စတိုး
လိဒ် - ဘလက်ဘန်း
ကျူပီအာ - ဆန်းဒါးလန်း
နော်တင်ဟမ် ဖောရက်စ် - အာဆင်နယ်