News

POST TYPE

SPORTS

အာဆငနှယအှသငှးမှ ထှကခှှာသှားရမည့ှ အခှိနတှှငှ ဘာဆကလှုပရှမှနှးသိမညှ မဟုတဟှုု အာစငဝှငှးဂါး ပှော
25-Aug-2016

ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် နည်းပြ အာစင်ဝင်းဂါးက မိမိအနေဖြင့် အာဆင်နယ်အသင်းမှ ထွက်ခွာသွားရမည် ဆိုပါက မည်ကဲ့သို့ ဆက်လုပ်ရမှန်းသိမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းအား နှစ်ပေါင်း (၂၀) ခန့်အထိ ဦးဆောင်လာခဲ့သည့် အာစင်ဝင်းဂါးမှာ ပရီးမီးယားလိဂ်၏ သက်တော်ရှည် နည်းပြများထဲမှ တစ်ဦးဖြစ်ခဲ့သော်လည်း အာဆင်နယ်အသင်း ပရိသတ်များကမူ ၎င်း၏ ကစားသမားခေါ်ယူမှု စနစ်များကြောင့် အသင်းမှ ထွက်ခွာသွားရန် ဖိအားပေးနေကြသည်။

“ဘောလုံးက ကျွန်တော့်ဘဝပါပဲ။ အရိုးသားဆုံး ပြောရရင် ဒီအလုပ်ကနေ ထွက်ခွာသွားရမယ့်နေ့ကို ကျွန်တော် ကြောက်နေမိတာပါ။ ဖာဂူဆန်တစ်ယောက် မန်ယူနည်းပြ ဘဝက အနားယူသွားပြီးတဲ့ အချိန်မှာ အာဆင်နယ်-မန်ယူပွဲကို လာကြည့်ခဲ့ပါတယ်။ ပွဲပြီးသွားတဲ့ အချိန်မှာ ကျွန်တော့်ဆီကို မက်ဆေ့ချ်ပို့ပြီး ‘တစ်ခုခု သောက်ရအောင် အပေါ်တက်လာခဲ့ပါလား’ လို့ ခေါ်ပါတယ်။ ကျွန်တော်က ‘ခင်ဗျား ဒါကို လွမ်းနေခဲ့တာလား’ လို့ မေးတော့ သူက ‘အားလုံးကိုတော့ မဟုတ်ပါဘူး’ လို့ ပြန်ဖြေခဲ့ပါတယ်”

“သူပြန်ဖြေတာကို ကျွန်တော် နားမလည်နိုင်ပါဘူး။ ကျွန်တော်တို့က ဒီထဲမှာ စိတ်ကို နှစ်ထားခဲ့ရတာပါပဲ။ မနက်ဖြန်မှာ ကြုံတွေ့ရမယ့် နိုင်ပွဲတစ်ပွဲကို အမြဲစောင့်နေရသူတွေပါပဲ၊ အာဆင်နယ်က ထွက်ခွာသွားရတဲ့အခါ ဘာဆက်လုပ်ရမယ် ဆိုတာ တကယ်ပဲ ကျွန်တော် မသိပါဘူး” ဟု အာစင်ဝင်းဂါးက ဆိုသည်။

Ref: Goal.com