News

POST TYPE

SPORTS

တစ်ပွဲမှာ တစ်ဂိုးရဖို့ အာမခံချက်ရှိတဲ့ လာကာဇက်ဟာ အာဆင်နယ်ရဲ့ အီဘရာဟီမိုဗစ် ဖြစ်လာမယ့် ကစားသမားလို့ ပြောလိုက်တဲ့ အာစင်ဝင်းဂါး
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အသင်းတိုက်စစ်မှူးသစ် လာကာဇက်ဟာ အာဆင်နယ်ရဲ့ အီဘရာဟီမိုဗစ် ဖြစ်လာမယ့် ကစားသမားလို့ ပြောကြားလိုက်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ မနှစ်တုန်းက ဘောလုံးရာသီမှာ မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်မှာ သွင်းဂိုး ၂၈ ဂိုးအထိ ရယူပေးနိုင်ခဲ့သူပါ။

ဒီနှစ်ဘောလုံးရာသီမှာ လာကာဇက်ကလည်း အာဆင်နယ်ကို အဲ့ဒီလိုမျိုး အကျိုးပြုလိမ့်မယ်လို့ အာစင်ဝင်းဂါးက မျှော်လင့်ထားပါတယ်။

အီဘရာဟီမိုဗစ်ဟာ ပြင်သစ်လီဂူးကနေ ပရီးမီးယားလိဂ်ဆီကို ပြောင်းရွှေ့ရောက်ရှိလာပြီးတဲ့နောက် ပရီးမီးယားလိဂ် ကစားဟန်နဲ့ ချက်ချင်းပဲ အံဝင်သွားခဲ့သလို လာကာဇက်ကလည်း လက်ရှိမှာ အာဆင်နယ်နဲ့ အသားတကျဖြစ်နေပြီလို့ အာစင်ဝင်းဂါးက မှတ်ချက်ပေးထားပါတယ်။

လာကာဇက်ရဲ့ ဂိုးသွင်းနှုန်းဟာ အရမ်းကို အားရစရာ ကောင်းတာကြောင့် အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေး ပမာဏကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့လည်း အာစင်ဝင်းဂါးက ရှင်းပြထားပါတယ်။

“လာကာဇက်ဟာ မိနစ် ၈၀ တိုင်းမှာ ဂိုးတစ်ဂိုးရတတ်လေ့ရှိတဲ့ ဂိုးသွင်းနှုန်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါ။ ဘောလုံးပွဲတစ်ပွဲက မိနစ် ၉၀ ကြာမြင့်တဲ့အတွက် ဒါဟာ လာကာဇက်က တစ်ပွဲမှာ သွင်းဂိုးတစ်ဂိုးလောက်ရဖို့ အာမခံချက်ရှိတဲ့ သဘော ဖြစ်နေပါတယ်။ မနှစ်က ဘောလုံးရာသီမှာ အီဘရာဟီမိုဗစ်က ပြင်သစ်လီဂူးကနေ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ရောက်ရှိလာပြီး မန်ယူအတွက် အကောင်းဆုံးတွေကို လုပ်ပေးသွားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ လာကာဇက်က အာဆင်နယ်ရဲ့ အီဘရာဟီမိုဗစ် ဖြစ်လာမယ့်သူပါ” ဆိုတာက လာကာဇက်ရဲ့ အရည်အချင်းကို အာစင်ဝင်းဂါး ချီးကျူးသွားခဲ့တဲ့ စကားရပ်တွေပါပဲ။