News

POST TYPE

SPORTS

အင်္ဂလန်အသင်းအတွက် ဂျွန်တယ်ရီအား ပြန်လည်ခေါ်ယူရန် ဆမ်အလာဒွိုက်စ် ဆန္ဒရှိနေ
23-Aug-2016
အင်္ဂလန်အသင်းနည်းပြ ဆမ်အလာဒွိုက်စ်က အင်္ဂလန်အသင်းအတွက် ဂျွန်တယ်ရီအား ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေသည်ဟု ထုတ်ဖော်ပြောဆိုလိုက်ပြီးသည့်နောက် အသက် ၃၅ နှစ်အရွယ် ချယ်လ်ဆီးနောက်ခံလူ အနေဖြင့် အင်္ဂလန်အသင်း လူစာရင်းသို့ ပြန်လည်ရောက်ရှိလာမည်လား ဆိုခြင်းမှာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။

ချယ်လ်ဆီးအသင်း ခေါင်းဆောင် ဂျွန်တယ်ရီသည် ၂၀၁၂ စက်တင်ဘာလအတွင်းက ကစားခဲ့သော ကျူပီအာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ပွဲစဉ်တွင် အန်တန်ဖာဒီနန်အား လူမျိုးရေး ခွဲခြားသည့် စကားလုံး သုံးနှုန်းခဲ့သည့်အတွက် ပြသနာဖြစ်ပွားခဲ့ပြီး နိုင်ငံလက်ရွေးစင် အသင်းမှလည်း အနားယူရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း လက်ရှှိအချိန်တွင် အင်္ဂလန်အသင်း၏ နည်းပြသစ် ဖြစ်လာခဲ့သည့် ဆမ်အလာဒွိုက်စ်ကမူ တယ်ရီအား အင်္ဂလန်အသင်းအတွက် ကစားပေးရန် အလိုရှိနေကြောင်းနှင့် တယ်ရီ့အတွက် အသင်းခေါင်းဆောင်နေရာ လက်ပတ်က အသင့်စောင့်ကြိုနေကြောင်း ပြောဆိုလိုက်သည်။

“ဒါက သူပြောလာမယ့် စကားအပေါ်မှာပဲ မူတည်ပါတယ်။ တကယ်လို့ သူသာ ဆန္ဒရှိနေဦးမယ်ဆိုရင် အင်္ဂလန်အသင်းမှာ သူ့အတွက် နေရာတစ်ခုက စောင့်ကြိုနေမှာပါ။ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်” ဟု ဆမ်လာဒွိုက်စ်က ဆိုသည်။

Ref: Telegraph