News

POST TYPE

SPORTS

မန်ယူနောက်ခံလူ ဘလက်ကက် အားခေါ်ယူရန် ရီဒင်းအသင်း သဘောတူညီမှုရ
23-Aug-2016
ချန်ပီယံရှစ်ကလပ် ရီဒင်းအသင်းသည် မန်ယူအသင်း၏ နောက်ခံကစားသမား ဘလက်ကက်အား ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဆေးစစ်မှု ခံယူနေသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ရီဒင်းအနေဖြင့် ဘလက်ကက်အား ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေးကို ဖော်ပြခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့် ရာသီက ဆဲလ်တစ်အသင်းသို့ အငှားဖြင့် သွားရောက်ကစားခဲ့ရသည့် ဘလက်ကက် အနေဖြင့်မူ မန်ယူနည်းပြသစ် မော်ရင်ဟို၏ ပြောင်းလဲမှုများအောက်တွင် အသင်းမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

မန်ယူအသင်း၏ ငယ်မွေးခြံပေါက် ကစားသမားသည် နည်းပြ ဗန်ဟားလ်၏ လက်ထက်တွင် ပွဲထွက်ခွင့် ၁၂ ပွဲ သာရရှိခဲ့ပြီး ၎င်း၏ ကစားသမားဘဝကို အငှားသွားရောက်ကစားခြင်းဖြင့်သာ ကုန်ဆုံးခဲ့ရသည်။

ဘလက်ပူးလ်၊ ဘာမင်ဂမ်၊ ဆဲလ်တစ် စသည့် အသင်းများတွင် အငှားသွားရောက်ကစားခြင်းဖြင့် မန်ယူကစားသမား ဘဝကို ကုန်ဆုံးခဲ့ရသည့် ဘလက်ကက်ကို အမှန်တကယ် ခေါ်ယူလိုနေသည်ဟု ရီဒင်းမန်နေဂျာ ဂျပ်စတမ်းက ဝန်ခံခဲ့ပြီးသည့်နောက် အပြောင်းအရွှေ့မှာ အမှန်တကယ် ဖြစ်လာခဲ့သည်။

Ref: Dailymail