News

POST TYPE

SPORTS

အင်တာမီလန်အသင်း ပိုမိုတိုးတက်ရန် လိုအပ်နေသေးဟု ဖရန့်ဒီဘိုးဝါး ပြော
22-Aug-2016
အင်တာမီလန်အသင်း၏ နည်းပြသစ် ဖရန့်ဒီဘိုးဝါးက စီးရီးအေ အဖွင့်ပွဲစဉ်တွင် ချီယေးဗိုအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးသည့်နောက် အင်တာအသင်း အနေဖြင့် ပိုမိုတိုးတက်ရန် လိုအပ်နေသေးသည်ဟု ပြောဆိုလိုက်သည်။

အေဂျက်ဇ်အသင်း နည်းပြဟောင်း ဒီဘိုးဝါးက အင်တာကစားသမားများ၏ စွမ်းဆောင်ရည်ကိုလည်း စိတ်ပျက်လျက်ရှိပြီး ထိပ်ဆုံးစာရင်းဝင်လိုလျှင် ပိုမိုကြိုးစားရန် လိုအပ်နေသေးသည်ဟု ဆိုသည်။

“ဒီပွဲရလဒ်ကတော့ စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့ အများကြီး ကြိုးစားဖို့ လိုနေပါသေးတယ်” ဟု ဒီဘိုးဝါးက ပြောသည်။

ဒီဘိုးဝါးက ချီယေးဗိုနှင့်ပွဲစဉ်တွင် ခံစစ်ကစားသမား (၃) ဦးသာ ထားပြီး ၃-၅-၂ ပုံစံနှင့် ပွဲထုတ်ခဲ့မှာလည်း အသင်းအတွက် အံမကျ ဖြစ်ခဲ့သည်ဟု ဝန်ခံလိုက်သည်။

“ဒီနည်းစနစ်က အသင်းအတွက် အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်ကျတော့ ကျွန်တော့်ကစားသမားတွေနဲ့ အံမဝင် ဖြစ်ခဲ့ရတယ်” ဟု ဒီဘိုးဝါးက ဆိုသည်။

Ref: Goal.com