News

POST TYPE

SPORTS

ပီရီဆစ် အပြောင်းအရွှေ့အတွက် ဒါမီယန်နှင့် စမာလင်းတို့ကိုသာ အလိုက်ပေးနိုင်မည်ဟု မန်ယူ အကြောင်းပြန်
16-Jul-2017 tagged as

မီလန်၊ ဇူလိုင် ၁၆

မန်ယူအသင်းတာဝန်ရှိသူများသည် အင်တာမီလန် ကွင်းလယ်လူ ပီရီဆစ်ကို ခေါ်ယူရန်အတွက် ဒါမီယန်နှင့် စမောလင်းတို့ နှစ်ဦးအနက် တစ်ဦးကိုသာ အပြောင်းအရွှေ့၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အသုံးပြုနိုင်လိမ့်မည်ဟု အကြောင်းပြန်လိုက်ပြီဖြစ်ကြောင်း Sky Sports Italia က ဖော်ပြထားသည်။

မန်ယူသည် ပီရီဆစ်ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၄၈ သန်းဖြင့် အင်တာမီလန်ထံသို့ ကမ်းလှမ်းထားခြင်းဖြစ်ကာ အင်တာမီလန်ဘက်က ယင်းပြောင်းရွှေ့ကြေး ပမာဏအပြင် တိုက်စစ်မှူး မာတီရယ်လ်ကိုပါ အငှားချပေးရန် တောင်းဆိုနေသည့်အတွက် အပြောင်းအရွှေ့ အထမြောက်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် လက်ရှိတွင် ပီရီဆစ် အပြောင်းအရွှေ့အတွက် မန်ယူကစားသမားတစ်ဦးကို အပြောင်းအရွှေ့၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အသုံးပြုရမည်ဆိုပါက စမောလင်းနှင့် ဒါမီယန်တို့ နှစ်ဦးအနက်မှ တစ်ဦးကိုသာ ရရှိနိုင်လိမ့်မည်ဟု ယတိပြတ် အသိပေးလိုက်ပြီဖြစ်ပြီး မန်ယူမှာ ပီရီဆစ် အပြောင်းအရွှေ့ကို တရုတ်နိုင်ငံသို့ ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် အင်တာမီလန်အသင်း မသွားရောက်မီတွင် အပြီးသတ်နိုင်ရန် ဆန္ဒရှိနေသည်။

အင်တာမီလန်သည် မနက်ဖြန်(အင်္ဂါနေ့)တွင် ရာသီကြို ခြေစမ်းပွဲများ ယှဉ်ပြိုင်ရန်အတွက် တရုတ်နိုင်ငံသို့ ခရီးထွက်တော့မည်ဖြစ်ကာ အင်တာမီလန်အသင်း၏ လေ့ကျင့်ရေး အစီအစဉ်များကို ပီရီဆစ်က စိတ်ပါလက်ပါဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိတော့သောကြောင့် ၎င်းကို ရောင်းထုတ်လိုက်ရန် အသင်းတာဝန်ရှိသူများက အလေးအနက်ထား၍ စဉ်းစားနေကြပြီလည်းဖြစ်သည်။

  • TAGS