POST TYPE
SPORTS
အာရှတိုက်သို့ ရာသီကြို ခြေစမ်းခရီးစဉ် သွားရောက်မယ့် ချယ်လ်ဆီးလူစာရင်းတွင် မာတစ် မပါဝင်
လန်ဒန်၊ ဇူလိုင် ၁၅
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် အာရှတိုက်သို့ သွားရောက်မည့် အသင်းလူစာရင်းကို ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်ရာ ယင်းလူစာရင်းတွင် ကွင်းလယ်လူ မာတစ်နှင့် တိုက်စစ်မှူး ဒီယေဂိုကော်စတာတို့ ပါဝင်လာခြင်း မရှိခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။

မာတစ်သည်လည်း ၎င်း၏အကျိုးဆောင် ကိုယ်စားလှယ်များကတစ်ဆင့် အသင်းပြောင်းခွင့်ပေးရေးကို ချယ်လ်ဆီးအသင်း တာဝန်ရှိသူများထံ တင်ပြတောင်းဆိုနေပြီဖြစ်ကာ ၎င်းကိုခေါ်ယူရန် မန်ယူနှင့်အပြိုင် ဂျူဗင်တပ်နှင့် အင်တာမီလန်တို့ကလည်း စိတ်ဝင်စားမှုများ ရှိနေသည်။
ချယ်လ်ဆီးသည် လက်ရှိတွင် မိုနာကိုကွင်းလယ်လူ ဘာကာယိုကိုကို ခေါ်ယူရရှိရန် သေချာသွားခဲ့ပြီဖြစ်၍ မာတစ်ကို လက်လွှတ်လိုက်တော့မည်ဖြစ်ကာ အစောပိုင်းက မာတစ်ကို မန်ယူထံသို့ ပြောင်းခွင့်ပေးရန် ချယ်လ်ဆီးက အစီအစဉ် ရှိခဲ့သော်လည်း ၎င်းတို့၏ပစ်မှတ်ဖြစ်သည့် အဲဗာတန်တိုက်စစ်မှူး လုကာကုကို မန်ယူက ကြားဖြတ် ခေါ်ယူသွားခဲ့အပြီးတွင် ချယ်လ်ဆီးက မာတစ်ကို မန်ယူအစား စီးရီးအေ ကလပ်များထံသို့သာ ရောင်းထုတ်ရန် သဘောထား ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းခံစစ်ကို အင်အားဖြည့်ရန်အတွက် ဂျူဗင်တပ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုကို အလွန်အမင်း အလိုရှိနေပြီး ယင်းအပြောင်းအရွှေ့ဖြစ်မြောက်စေရန် မာတစ်ကို အပြောင်းအရွှေ့၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုရန်လည်း ကွန်တီက ရည်ရွယ်နေကြောင်း ဆက်စပ်သတင်းများ ထွက်ပေါ်နေသည်။
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
22-Apr-2018