News

21-Nov-2018
တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်သည် တောင်ကိုရီးယားလက်ရွေးစင်နောက်ခံလူ ဂျန်ဟန်ဆူးကို လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့် တစ်သက်တာပိတ်ပင်လိုက်ပြီဖြစ်ကြောင်း Metro က ဖော်ပြထားသည်။
21-Nov-2018
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည်နည်းပြ မော်ရင်ညိုနှင့် ၎င်းအကြားတွင် ရှိခဲ့သော သဘောထားတင်းမာမှုများမှာ ပြီးဆုံးသွားခဲ့ပြီဟု ထုတ်ဖော်အသိပေးလိုက်ပြီး လက်ရှိတွင် အသင်းအတွက် အာရုံစူးစိုက်မှုအပြည့်ထားရှိ၍ ကြိုးစားကစားပေးရန်ကိုသာ စိတ်ထဲတွင် ထားရှိသွားတော့မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
21-Nov-2018
ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်သည် ၎င်းအနေနှင့် ဘာစီလိုနာအသင်းထံတွင် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းခွင့်ရနိုင်ရန် အချိန်သိပ်မကျန်တော့ကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး များမကြာမီ၌ပင် ၎င်း၏နေရာကို အစားဝင်မည့် ကစားသမားတစ်ဦးမှာ အသင်းထံသို့ ရောက်လာဖွယ်ရှိနိုင်ကြောင်း ဆွာရက်ဇ်က ဖွင့်ဟ၀န်ခံလိုက်သည်ဟု AS က ဖော်ပြထားသည်။
21-Nov-2018
ရုရှားကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား ခါဘစ်ဘ်သည် အမေရိကန်လက်ဝှေ့အကျော်အမော် မေ၀ယ်သာနှင့် ပွဲစဉ်နှစ်ပွဲ ထိုးသတ်ခွင့်ရနိုင်ရန် ကြိုးပမ်းနေပြီး အကယ်၍ ၎င်းဘက်က ကမ်းလှမ်းမှုကို မေ၀ယ်သာအနေနှင့် သဘောမတူနိုင်ခဲ့ပါက စိန်ခေါ်ပွဲအထမြောက်ရန်မှာ ဖြစ်နိုင်တော့မည်မဟုတ်ဟု ခါဘစ်ဘ်က ပြောကြားထားကြောင်း The Sun က ဖော်ပြထားသည်။
21-Nov-2018
အာဆင်နယ်လူငယ်နောက်ခံကစားသမား ပလီဂွီဇွီလိုသည် ထိပ်တန်းအဆင့်ခံစစ်မှူးတစ်ဦးဖြစ်ရပ်အတွက် လူကောင်ကြီးရန်၊ အရပ်ရှည်ရန် မလိုအပ်သည်ကို ၎င်းအနေနှင့် သက်သေပြသွားမည်ဟု ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
21-Nov-2018
အာဆင်နယ်စီမံခန့်ခွဲရေးဒါရိုက်တာ ဗီနိုင်း ဗင်ကိတ်ရှမ်းသည် အသင်းအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်နှင့် လွဲချော်သည့်အခြေအနေကို ထပ်မံရင်မဆိုလိုတော့ကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့် မရခဲ့ပါက အသင်းဆုံးရှုံးရသည့်ငွေပမာဏမှာ လွန်စွာများပြားလှကြောင်းလည်း ၎င်းက ရှင်းပြသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။
21-Nov-2018
ဘာစီလိုနာအသင်းသည် ကော်တင်ညိုကိုခေါ်ယူခဲ့စဉ်၌ လီဗာပူးနှင့် သဘောတူညီမှုတစ်ရပ် ရယူခဲ့ရပြီး ယင်းသဘောတူညီမှုအရ ဘာစီလိုနာမှာ လီဗာပူးကစားသမားများကို ၂၀၂၁ ခုနှစ်တိုင်သည်အထိ ခေါ်ယူခွင့်မရှိတော့ကြောင်း Daily Star က ဖော်ပြထားသည်။
21-Nov-2018
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးများဖြစ်ကြသော အမ်ဘတ်ပေနှင့် နေမာတို့သည် နိုင်ငံလက်ရွေးစင်အသင်းများကို ကိုယ်စားပြု၍ ခြေစမ်းပွဲများ ပါဝင်ကစားခဲ့ရာတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရသွားခဲ့ခြင်းကြောင့် အခန့်မသင့်ပါက လီဗာပူးနှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို လွဲချော်သွားနိုင်ကြောင်း Sportmail က ဖော်ပြထားသည်။
21-Nov-2018
စပါးကွင်းလယ်ကစားသမား အီရစ်ခ်ဆန်သည် အသင်းပိုင်ဝှိုက်ဟတ်လိန်းဘောလုံးကွင်းကို အသစ်ပြန်လည်တည်ဆောက်နေစဉ်တွင် အိမ်ကွင်းပွဲစဉ်များယှဉ်ပြိုင်ကစားရန်အတွက် ငှားရမ်းအသုံးပြုလျက်ရှိသော ၀င်ဘလေဘောလုံးကွင်း၌ ပြိုင်ပွဲများယှဉ်ပြိုင်ရသည်မှာ လွန်စွာစိတ်ပျက်ဖွယ်ကောင်းလှကြောင်း ထုတ်ဖော်ဖွင့်ဟလိုက်သည်ဟု The Sun က ဖော်ပြထားသည်။
21-Nov-2018
ဥရောပကလပ်အသင်းများအစည်းအရုံးဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဂျူဗင်တပ်ဥက္ကဋ္ဌ အက်ဂ်နယ်လ်လီသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဘက်က ဥရောပစူပါလိဂ်တည်ထောင်မှုကို ဖျက်လိုဖျက်ဆီးပြုရန် ကြံရွယ်ပါက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲစနစ်သစ်ကိုလည်း ၎င်းတို့ဘက်က တုံ့ပြန်ဆန့်ကျင်မည်ဟု အသိပေးလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
21-Nov-2018
မန်ယူအသင်းသည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီသစ် မစတင်မီတွင် ရာသီကြိုခြေစမ်းခရီးအဖြစ် သြစတြေးလျနိုင်ငံသို့ လာရောက်လိမ့်မည်ဖြစ်ကြောင်း Sportmail က ထ ဖော်ပြထားသည်။
21-Nov-2018
ဘိုင်ယန်မြူးနစ်အသင်းသည် ရီးရဲလ်မက်ဒရစ်ထံမှနေ၍ အငှားခေါ်ယူထားသော တိုက်စစ်တောင်ပံကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အပြီးသတ်စာချုပ်ချုပ်ဆိုရန် ဆန္ဒမရှိကြောင်း ယင်းကစားသမားကိုခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က တစ်ကျော့ပြန်လည် လှုပ်ရှားမှုများရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
21-Nov-2018
မြန်မာနှင့် ဗီယက်နမ် ဂိုးမရှိ သရေကျသွားသည့် ရလဒ်ကြောင့် မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် အဝေးကွင်း၌ မလေးရှားအသင်းကို သရေကစားနိုင်ရုံမျှဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်မည် ဖြစ်သည်။
21-Nov-2018
မန်ယူနည်းပြ မော်ရင်ညိုသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ကစားသမားများအနက်မှနေ၍ စာချုပ်သစ်မချုပ်ဆိုလိုတော့သူများအနေနှင့် ၎င်းထံသို့ လာရောက်အသိပေးနိုင်သည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-Nov-2018
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် စပိန်နိုင်ငံသို့ အလည်အပတ်ခရီးပြန်ခဲ့စဉ်တွင် မွေးရပ်မြေ ကတ်တလန်ဒေသသို့သွားရောက်၍ ကတ်တလန်လွတ်လပ်နယ်မြေတည်ထောင်ရေးတောင်းဆိုမှုကြောင့် ထောင်သွင်းအကျဉ်းချခံထားရသော ကတ်တလန်နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း Marca က ဖော်ပြထားသည်။