03-Oct-2020
လီဗာပူးဘောလုံးအသင်းရဲ့ နာမည်ကျော်ကစားသမား ဆာဒီယိုမာနေးဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် တစ်ဦးတည်းသီးခြားကန့်သတ်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
လီဗာပူးကလပ်အသင်းရဲ့ ကွင်းလယ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အသင်းကသတင်းထုတ်ပြန်ပြီးနောက် သုံးရက်လောက်အကြာမှာ ဆာဒီယိုမာနေးပါ ကူးစက်ခံထားရတယ်တဲ့သတင်းထွက်ပေါ်လာတာခြင်းဖြစ်ပါတယ်။