News

25-Mar-2020
သင့်တင့်တဲ့နှုန်းထားနဲ့ လူတိုင်းဆေးဝါး၊ ကာကွယ်ဆေးရရှိရေး ဘာလို့အရေးကြီးသလဲဆိုရင် ဒါဟာကုမ္ပဏီကြီးတွေရဲ့ အကျိုးအမြတ်ကို ရှောင်ရှားရေးကိစ္စသက်သက် မဟုတ်ပါဘူး။ လူထုကျန်းမာရေး အရေးပေါ်ကိစ္စလည်း ဖြစ်နေလို့ပါ။ ဆေးဝါးကုမ္ပဏီကြီးတွေရဲ့ လက်ဝါးကြီးအုပ် ဆေးဈေးက လူတိုင်းဆေးဝါး လက်လှမ်းမီရေးကို အဟန့်အတားဖြစ်စေတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ကမ္ဘာ့ကျန်းမာရေးကပ်ကို တုံ့ပြန်ဆောင်ရွက်ချက်တွေမှာလည်း အဟန့်အတား ပြုပါလိမ့်မယ်။
23-Mar-2020
Mitsubishi Pajero SUV မော်ဒယ်လ်သည် လူကြိုက်များရေပန်းအစားဆုံးမော်ဒယ်လ် Third Generation ဖြစ်သည့် ၁၉၉၉-၂၀၀၆ မော်ဒယ်လ် ဖြစ်ပြီး အကြမ်း၊ အချော နှစ်မျိုးစလုံးသုံးကာ SUV ကားထဲတွင် လူကြိုက်များရေပန်းစားသည့် ကားဖြစ်သည်။ 2-Door နှင့် 4-Door နှစ်မျိုး ထုတ်လုပ်ထားပြီး 4-Door မှာ လူကြိုက်များရေပန်းစားသကဲ့သို့ အဝယ်များသည်ကို တွေ့ရသည်။ Grade များမှာ Exceed? Super Exceed? Long Exceed? 20th Anniversary Premium Package? HDD Navi Edition? Active Field Edition စသည့် Grade များ ထုတ်လုပ်ထားသည်။ အင်ဂျင်ကိုလည်း သုံးစွဲသူအကြိုက် ဒီဇယ်နှင့် ဓာတ်ဆီနှစ်မျိုးထုတ်လုပ်ထားသည်။
19-Mar-2020
ဆိုလိုသည်မှာ အတန်းတစ်တန်းတွင် မိမိတို့ သား၊ သမီး အောင်မြင်သည်ဆိုရုံဖြင့် မကျေနပ်သင့်ပါ။ တတ်မြောက်ကျွမ်းကျင်မှု ပါမလာခဲ့လျှင် အတန်းသစ်တွင် ထူးချွန်နိုင်ဖို့ ခက်ခဲနေတတ်သောကြောင့်ပင်ဖြစ်သည်။ သို့ဖြစ်၍ ကျောင်းသွားသည်၊ ကျူရှင်ထားသည်၊ ဂိုက်ထားသည် ဆိုရုံကာမျှဖြင့် စာမတတ်နိုင်ပါ။ စာသင်ကြားရခြင်းကို အဓိပ္ပာယ်ရှိအောင် မိဘများက စနစ်တကျပါဝင် ပူးပေါင်းဖို့လိုပါသည်။
16-Mar-2020
Safety features များစုံလင်ပြီး အရည်အသွေးကောင်း၊ လူတိုင်းနှစ်သက်ဖွယ်ရာ ဒီဇိုင်းမျိုးပိုင်ဆိုင်ထားသည့် Volvo ၏ အရည်အသွေးမြင့် XC40 နှင့် မိတ်ဆက်ပေးလိုက်ပါသည်။
15-Mar-2020
တစ်ချို့သောတိုင်းပြည်တွေမှာ စားသောက်ဆိုင်တွေ၊ အများပြည်သူဆိုင်ရာနေရာတွေ၊ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ရုံးတွေ၊ ဘဏ်တွေ၊ ပွဲလမ်းသဘင်တွေနဲ့ ဘာသာရေးနေရာတွေကို ပိတ်ထားတာမျိုးအထိရှိနေပါတယ်။ ကမ္ဘာကျော် စီးရီးအေ ဘောလုံးပြိုင်ပွဲကို ရပ်နားထားသလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း ကွင်းပိတ်ကစားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
12-Mar-2020
အဆိုးဝါးဆုံးအချက်မှာ တရားဝင်ကျူရှင်များအတွက် မည်သည့်လတွင် စဖွင့်ရမည်ဆိုသည့် ဥပဒေကန့်သတ်ချက်မရှိ။ ဖွင့်ချင်သလို ဖွင့်နေကြသည်။ သို့ဖြစ်၍ ယနေ့ ကျောင်းတွင်းစာမေးပွဲများ ပြီးသည်နှင့် နောက်ရက်တွင် သင်တန်းစကြသည်။ အကဲပိုသော ဆန်းဆန်းတင့်မေမေများက အများသား။ ယင်းမိဘများကို တုပကာ ကျန် မဆန်းမတင့်သော မိဘများကလည်း လိုက်၍ အပ်ကြသည်။ မြေစာပင်က ကလေးများ။
11-Mar-2020
ဒီလို ဈေးအဆမတန်ကွာနေတာကို ဆေးဝါးကုမ္ပဏီကြီးတွေက ဘယ်လိုတရားကြောင်း ထူထောင်ပြလဲဆိုတော့၊ သူတို့ဆေးတွေက ပိုပြီး အရည်အသွေးကောင်းလို့ လူသိများအောင် ကြော်ငြာခသုံးရကြောင်း၊ ဒါ့ပြင် သုတေသနကဏ္ဍဖွံ့ဖြိုးရေးမှာလည်း ငွေသုံးရသေးကြောင်း အကြောင်းပြချက်တွေ ပေးကြတယ်။ ဒီဆင်ခြေကဆီနိတ်ကော်မတီကို မလှည့်ဖြားနိုင်ပါဘူး။ ဘာလို့လဲဆိုတော့၊ ဥရောပဘက်က ကုမ္ပဏီတွေလည်း ဆေးအမျိုးအစားအတော်များများကို သုတေသနပြုထုတ်လုပ်နေပြီး၊ အမေရိကန်ဈေးကွက်ပေါက်ဈေး အောက် အဖိုးနှုန်းချိုချိုနဲ့ ရောင်းချနေကြလို့ ဖြစ်တယ်။
09-Mar-2020
အချိန်တွင် တက္ကသိုလ်ဝင် စာမေးပွဲနီးလာခြင်း၊ ဝန်ထမ်းကားပါမစ် ဆိုင်းငံ့ထားခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ဂယက်များကြောင့် CBU ကားများ၏ အရောင်းအဝယ်ဖြစ်မှုမှာ ပုံမှန်ထက် လျော့ကျနေကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။
05-Mar-2020
ယခုပြောဆိုလိုသည့် အကြောင်းမှာ ဖြေဆိုခွင့်ရှိပါလျက် အသွင်ပြောင်းဖြေဆိုခွင့်လျှောက်ထားနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ယင်းသို့သော ကျောင်းမျိုး ၂၀ဝ ခန့်ပင် ရှိသည်ဟုဆိုသည်။ ယင်းကျောင်းများသည် မိမိတို့၏ ကျောင်းရှိအတွင်းဖြေကျောင်းသားများထဲတွင် ညံ့သူများ၊ အောင်နိုင်ခြေမရှိသူများကို ပြင်ပဖြေပြုလုပ်ရန် ကြံစည်နေကြခြင်းဖြစ်သည်။ ပြင်ပဖြေအဖြစ် ကျောင်းမှ ခွဲထုတ်လိုက်ခြင်းဖြင့် အောင်ချက်ရာနှုန်းမြင့်တက်လာနိုင်ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံစာစစ်ဦးစီးက "ကျောင်းဖြေအဖြစ် ဖြေဆိုခွင့်တင်ထားသည့် ကျောင်းသားများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြု မည်မဟုတ်။ ထိုကျောင်းသားများကို အတွင်းဖြေအဖြစ် ဖြေဆိုခွင့်ကတ်ပြား ထုတ်မပေးကြောင်းကြားသိရပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးကို အရေးယူမည်ဖြစ်ကြောင်း" ထုတ်ပြန်ထားသည်။
04-Mar-2020
အဲဒီတုန်းက ဒီဝေဒနာရှင်တွေအတွက် ဆေးဝါးမပေါသေးဘူး။ ဆေးရဖို့ စာရင်းပေးထားရင်း သေသွားကြရတဲ့သူတွေလည်း အများကြီးပဲ။ ပိုက်ဆံအနည်း အကျဉ်းရှိသူတွေကျဆေးကို နည်းအမျိုးမျိုးနဲ့ ဈေးကွက်ထဲကရှာပြီး ဝယ်သောက်တော့လည်း ဆေးဈေးတွေက မိုးထောင်လို့။ ဘာလို့ ဒီဆေးဝါးတွေကို လူတွေ လွယ်လင့်တကူမရကြတာလဲ။ ဘာလို့ ဆေးဈေးတွေ ခေါင်ခိုက်နေရတာလဲ မေးစရာတွေ ရှိလာတယ်။
25-Feb-2020
ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) အထိပေးအပ်မည့် Mobile Legends: Bang Bang Professional League Myanmar Season 4 ကို ယခုလတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ထုတ်ပြန်ကြေညာခဲ့သည်။
23-Feb-2020
အခြေခံပညာအတန်းများငယ်များဖြစ်သည့် KG, Grade-1, Grade-2, Grade-3 တို့ကို သီးခြားစာမေးပွဲစစ်ဆေးပါက အရေးယူမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။
20-Feb-2020
နိုင်ငံသားတိုင်း အနည်းဆုံးမူလတန်းပညာရေး သင်ယူပြီးမြောက်ပြီး အလယ်တန်းနှင့် အထက်တန်းပညာရေးကိုပါ သင်ယူခွင့်များရရှိရန် ပညာရေးဝန်ကြီးဌာနအနေနှင့် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မင်္ဂလာဒုံမြို့နယ်ရှိ ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ပြောကြားသည်။