News

POST TYPE

SPECIAL SECTIONS

ဇီဝဗေဒဘာသာရပ်သင် ဦးဆန်းမျိုးအောင်နှင့် တွေ့ဆုံခြင်း
08-May-2018
“မေးခွန်းက အရမ်းကြီးပြောင်းသွားတာမျိုးလည်း မရှိသေးဘူးဗျ”

ယခုနှစ် (၂၀၁၈-၂၀၁၉ ပညာသင်နှစ်) မှစ၍ တက္ကသိုလ်ဝင်တန်းကို စာမေးပွဲမေးခွန်းပုံသစ်ဖြင့် စစ်ဆေးမည်။ ထို့ကြောင့် မေလ ၆ ရက်တွင် ဇီဝဗေဒဘာသာရပ် မေးခွန်းပုံစံသစ်အကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြည်သူလူထုထံ မိတ်ဆက်သည်။ ဇီဝဗေဒဘာသာရပ် မေးခွန်းပုံစံသစ်အကြောင်း ကလေးမြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း ဇီဝဗေဒဘာသာရပ်သင် အထက်တန်းပြဆရာ ဦးဆန်းမျိုးအောင်၏ ဆွေးနွေးချက်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : မေးခွန်းပုံစံသစ်က ပုံစံဟောင်းနဲ့ ဘာတွေကွာခြားမှုရှိလဲ။ 
USMA : မေးခွန်းပုံစံက အရင်တုန်းက True၊ False ၂၀ ခုက True၊ False ကလည်း ၁၀ မှတ်ဖိုးမေးတယ်။ နောက် ဘာတိုးလာလဲဆိုရင် Multiple Choice ၁၀ မှတ်ဖိုး တိုးလာတယ်။ ကွက်လပ်ဖြည့်က ၁၀ မှတ်ဖိုး မေးတယ်။ စုစုပေါင်း ဓမ္မဒိဋ္ဌာန်က ၃၀ မှတ်ဖိုးဖြစ်သွားမှာပေါ့။ အရင်ပုံစံမှာက True၊ False၂၀။ ကွက်လပ်ဖြည့် ၂၀ မေးတာ။ ပြီးတော့မှ ၂ မှတ်တန် မေးခွန်းက အရင်က ၁၂ မှတ်ဖိုးမေးတယ်။ ခုက ၁၀ မှတ်ဖိုးပဲမေးတယ်။ နောက်တစ်ခုက အရင်တုန်းက ၄ မှတ်တန်မေးတဲ့ဟာကို ခုက ၅ မှတ်တန်ကို လေးပုဒ်ဖြေပြီးတော့ အမှတ် ၂၀ ဖိုးမေးမယ်။ ပြီးတော့မှ အရင်တုန်းက ၈ မှတ်တန်မေးတာကို ခုက ၁၀ မှတ်တန်အနေ နဲ့ ၄ ပုဒ်ဖြေရမယ်။ ပုံစံတွေက အဲလိုပြောင်းလာတယ်။ သတင်းစာမှာ ပြောထားတာကတော့ ၅ မှတ်တန်က ၅ မှတ်နဲ့တန်အောင် ၁၀ မှတ်တန်က ၁၀ မှတ်နဲ့တန်အောင်ဖြေဆိုနိုင်ဖို့လိုတယ်။ သတိပြုဖို့လိုတယ်လို့ ရေးထားတယ်။ ဒါကလည်း မေးခွန်းထုတ်တဲ့သူတွေက ပိုပြီးသိနိုင်မယ်။ သူတို့က ဘယ်လိုမေးလာနိုင်သလဲဆိုတာ သတိထားသင့်တယ်။ 

Voice : ဒီမေးခွန်းပုံစံသစ်က ကျောင်းသားတွေအတွက် အဆင်ပြေစေနိုင်ပါ့မလား။ ပိုပြီးခက်ခဲသွားစေလား။
USMA : မေးခွန်းပုံစံအရ အရင်မေးခွန်းပုံစံတွေထက် ပိုကောင်းလာတယ်လို့ပြောချင်တယ်။ ကျွန်တော်ကတော့ ဒီ Multiple Choice တိုးလာတာကို ပိုကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ True နဲ့ False ၂ လုံး ဖြေရတာဆိုတော့ ကလေးတွေက မဟုတ်ရင်လည်း True ဆိုလည်း True ချည်းပဲဖြေလာတာမျိုး။ False ဆိုလည်း False ချည်းပဲဖြေလာတာမျိုး ရှိတယ်။ True or False ကိုလျှော့လိုက်တာ ဆရာတစ်ယောက်အနေနဲ့ သဘောကျတယ်။ Multiple Choice ကတော့ ၃ ခုထဲကနေ တစ်ခုရွေးရတာဆိုတော့ အဲဒါလေးကိုလည်း သဘောကျတယ်။ ကလေးတွေကတော့ True၊ False ဆိုရင် ရမ်းသန်းဖြေလည်း မှန်သွားရင် အမှတ်က ရနေတာကိုး။ Multiple Choice ကတော့ တကယ် သိရှိနားလည်ပြီး မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ရတာဆိုတော့ ကလေးတွေအတွက်တော့ နည်းနည်းအခက်အခဲရှိမယ်။ ကလေးတွေအနေနဲ့ စာကိုကျေကျေညက်ညက် နားလည်နိုင်မှ ဒီလိုမေးခွန်းက အဆင်ပြေမယ်။ ဒါပေမဲ့ ကွက်လပ်ဖြည့်လောက်တော့ အခက်အခဲမဖြစ်ဘူး။ စကားလုံးက ကွင်းစကွင်းပိတ်ထဲမှာ ပေးထားတာ ဖြစ်တာကြောင့် သူ့မှာ အနည်းဆုံး စကားလုံးတစ်လုံးတော့ ရွေးပြီးထည့်ထားခဲ့နိုင်တယ်။ နောက်ပြီး အခုထွက်နေတဲ့ နမူနာမေးခွန်းတွေကိုကြည့်လိုက်ရင် ၂ မှတ်တန်တွေမှာ Definition Type တွေပါလာနိုင်တယ်။ အချက်အလက်တွေကို မေးလာနိုင်တဲ့အတွက် ကျွန်တော်တို့ဘက်ကနေ သေချာပြောပြပေးဖို့လိုမယ်။ နောက်တစ်ခုက နမူနာမေးခွန်းတစ်ခုမှာ Essay Type ပုံစံမျိုးတွေ့လာတယ်။ ဆယ်မှတ်တန်မှာလည်း ကလေးတွေကိုသေချာသတိထားပြီး သင်ပေးဖို့လိုတယ်။ ဂုဏ်ထူးထွက်ဖို့ကတော့ အရင်တုန်းကထက် မေးခွန်းသဘောတရားကို တော်တော်လေးကို နားလည်နိုင်မှဖြစ်မယ်။ ခုမေးခွန်းက ၅ မှတ်တန်တွေမှာ Formation အနေနဲ့ မေးလာနိုင်တယ်။ မေးခွန်းပုံစံ သိသိသာသာပြောင်းလဲတယ်လို့ သိပ်မမြင်ဘူး။ အရန်တုန်းကဆိုရင် Chapter 5၊ 7 ၊ 10 ၊ 12 ကြည့်ရင် ဂုဏ်ထူးမှတ်ရလောက်သည်ထိ ပါတယ်။ ဒါပေမဲ့ ခုမေးခွန်းပုံစံအရ သူက Chapter 6 ကိုဖယ်ထားလို့မရတော့ဘူး။ အခန်း ၅ နဲ့ ၆ ကလွှတ်လို့မရတော့ဘူး။ သူက OR ခံမေးလိုက်ရင် တစ်ပုဒ် လွတ်သွားမယ်။ အဲဒါကြောင့် Chapter 6 ၆ ကို ပိုပြီး သင်ကြားပေးဖို့လိုပြီ။ ၁ အသ ၈၊ ၁၀၊ ၁၂ ကိုကြည့်မယ် ဆိုရင် ဂုဏ်ထူးမှတ်ကို အေးအေးဆေးဆေးရနိုင်တယ်။

Voice : ဒီအခန်းတွေကြည့်ရင် ဒီအမှတ်တွေရမယ် ဆိုတာ ဘာကြောင့်ပြောနိုင်တာလဲ။
USMA : ၂ မှတ်တန်မှာလည်း a b c d လာမယ်။ ၅ မှတ်တန်မှလည်း a b c d လာမယ်။ ၁၀ မှတ် တန်မှာလည်း အဲလိုလာမှာဆိုတော့ အရင်မေးခဲ့ဖူးတာတွေအရ လာတဲ့အခါမှာလည်း နံပါတ် ဘယ်လောက်ဆိုရင် Chapter ဘယ်လောက်ဆိုတာတွေ ရှိတယ်။ အဲဒါတွေကြည့်လိုက်ရင် ဒီအခန်းဆိုရင်ကြည့် လို့ရတယ်။ ဒီအခန်းဆိုရင် Choice လို့ရတယ်။ အဲလိုမျိုးတွေရှိပါတယ်။ အရင်မေးခွန်းတွေပုံစံအရ အခန်းတွေကိုပြန်ကြည့်ပြီးပြောတာပါ။ နမူနာမေးခွန်းကိုတော့ ဆယ်ရက်နေ့မှ ပြန်ကြည့်ရမှာပေါ့။ 

Voice : ကျောင်းသားတွေအနေနဲ့ မေးခွန်းပုံစံသစ်အတွက် ဘာတွေပြင်ဆင်ထားသင့်လဲ။
USMA : ကျောင်းသားတွေအနေနဲ့ ပြင်ဆင်ရမှာက စာတစ်ပုဒ်ကိုကြည့်ပြီဆိုရင် စာတစ်ပုဒ်ထဲမှာ Definition Type အနေနဲ့ မေးလာနိုင်တာ ဘာတွေရှိသလဲ။ Biological Term တွေအရ ဘာတွေရှိမလဲ။ ပြီးတော့မှာ အကြောင်းအရာတစ်ခုစီရဲ့ Formation အရ ဆင်းသက်လာနိုင်တာ ဘာတွေရှိမလဲ။ အဲဒါတွေ ကလေးတွေအနေနဲ့ သေချာလေးကို လေ့လာသင့်တယ်။ အဓိက မေးခွန်းက ဒုတိယဆရာလို့ပြောတယ်။ ဒါကြောင့် မေးခွန်းဟောင်းတွေများများလေ့လာဖို့လိုမယ်။

Voice : မေးခွန်းပုံစံသစ် ပြောင်းလဲလိုက်တာဖြစ်တဲ့အတွက် မေးခွန်းဟောင်းတွေကြည့်ရုံနဲ့ အဆင်ပြေနိုင်ပါ့မလား။ 
USMA : မေးခွန်းတွေလည်း ပြန်ကြည့်ရမှာပဲ။ လွှတ်ထားလို့လည်းမရဘူး။ ပြောင်းလဲလိုက်တဲ့မေးခွန်း ပုံစံနဲ့ညီတဲ့ နမူနာမေးခွန်းတွေက ထွက်နေမှာပဲ။ ဒီမေးခွန်းတွေကို များများလေ့ကျင့်ဖို့လိုတယ်။ ဒါမှလည်း ဒီမေးခွန်းတွေကို ကလေးတွေက မေးခွန်းပုံစံတွေနဲ့ ရင်းနှီးနေမှ ဒီစာမေးပွဲကို ဖြေဆိုဖို့အဆင်ပြေမယ်။ စာကိုရရုံနဲ့တော့ Bio က ဖြေလို့မရနိုင်ဘူး။ ဒီစာသင်နှစ်မှာ ထွက်လာသမျှမေးခွန်းပုံစံတွေ အားလုံးကို လေ့ကျင့်ထားဖို့တော့ အရေးကြီးတယ်။ ဘယ်လို မေးခွန်းပုံစံပဲဖြစ်ဖြစ် လေ့ကျင့်ရမယ်။ ဝန်ကြီးဌာနက နမူနာမေးခွန်းပုံစံကို ဆယ်ရက်နေ့မှ တရားဝင်ထုတ်မယ်လို့တော့ကြားတယ်။ ခုက မေးခွန်းပုံစံက ဘယ်လိုရှိတယ်ဆိုတာ ဖောင်ချမှတ်လိုက်ပြီဖြစ်တဲ့အတွက် မေးခွန်းတွေက ဘယ်သူမဆိုထုတ်နေကြမှာဖြစ်တယ်။ ဝန်ကြီးဌာနကလည်း ထုတ်မယ်။ ပုဂ္ဂလိကကျောင်းတွေ ကလည်း ထုတ်ချင်ထုတ်မယ်။ ကျွန်တော်တို့ ဆရာတွေကပဲထုတ်ထုတ် ဒီဖောင်အတိုင်းသွားရမှာ။ ဒီဖောင် အတိုင်းထုတ်ထားတဲ့ မေးခွန်းပုံစံအကုန်လုံးကို လေ့ကျင့် လို့ရတယ်။

Voice : ဆရာ၊ ဆရာမတွေဘက်ကရော ဘာတွေ ပြင်ဆင်ထားသင့်လဲ။
USMA : ဇီဝနဲ့ပတ်သက်ပြီးတော့ အရင်လို ၅ ၊ ၇၊ ၁၀ ၊ ၁၂ နဲ့မလုံလောက်တော့ဘူး။ တချို့တွေဆိုရင် အလွယ်လေးတွေ သွားတာရှိတယ်။ အလွယ်ဆိုတာကလည်း ကလေးတွေရဲ့ လက်ခံနိုင်မှုပေါ်မှာ မူတည်သေးတာကို။ အဲတော့ ဒီမေးခွန်းပုံစံနဲ့ ၅ ၊ ၇ ၊ ၁၀ ၊ ၁၂ က မလုံလောက်တော့ဘူး။ အနည်းဆုံးတော့ ၅ ၊ ၆ ၊ ၇ ၊ ၁၀ ၊ ၁၂ သင်ရမယ်။ ကျွန်တော်တို့က ဒီလိုပြောနိုင်ပေမယ့် ကလေးတွေက မေးခွန်းနဲ့ နဖူးတွေ့ဒူးတွေ့တွေ့ရင် ကလေးတွေကလည်း သူမေးတဲ့အချက်အလက်ကို မိအောင်ဖြေနိုင်မှာ မဟုတ်ဘူး။ အချက်အလက်မိအောင် ဖြေဆိုနိုင်ဖို့ဆိုရင် ဆရာ၊ ဆရာမတွေဘက်က စာတစ်ပုဒ်ကိုသင်တဲ့အချိန်မှာ ဘယ်ဟာက Definition ပုံစံ မေးနိုင်တယ်။ ဘယ်ဟာက ကွက်လပ်ဖြည့်ပုံစံမေးနိုင်တယ်ဆိုတာကိုတစ်ခါတည်း သိအောင်ရှင်းပြပြောဆို ဖို့လိုတယ်။ အဲဒါတွေကတော့ အရင်ထက်အားစိုက်ပြီး ပိုရှင်းပြရမယ်။ 

Voice : ခုပြောင်းလဲတဲ့မေးခွန်းသစ်ပုံစံကို ဆရာအနေနဲ့ သဘောကျလား။ လက်ခံနိုင်ရဲ့လား။ 
USMA : ပြောင်းလဲလာတဲ့မေးခွန်းပုံစံသစ်ကို ၅၀ ရာခိုင်နှုန်းလောက်တော့ သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးခွန်းကအရမ်းကြီးပြောင်းသွားတာမျိုးလည်းမရှိသေးဘူးဗျ။ မေးခွန်းက အခန်းတွေ Choice လို့ရနေတုန်းပဲ။ မေးခွန်းပြောင်းလဲတဲ့ပေါ်မှာ ၅၀ ရာခိုင်နှုန်းလောက် အားရပါတယ်။ ကလေးတွေ ဘက်ကကြည့်တော့လည်း ၅၀ ရာခိုင်နှုန်းလောက် သက်သာသေးတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ ပညာရေးဆရာတစ်ယောက်အနေနဲ့ကြည့်ရင်း မေးခွန်းက လုံးဝပြောင်းသွားတာမဟုတ်ဘူး။

မြဇာခြည်သင်း