News

12-Jan-2019
အဲ့တော့ စမ်းချောင်းအမတ်ကို ပြန်တောင်းပန်ရတော့မှာပဲ ...။ အမတ်မင်းရေ မြို့တော်ဝန်ကို ငဖြီးကြီးလို့ ခေါ်နေတာကို ရုပ်သိမ်းပေးပါ။ ငဖြီးကြီးဆိုတာကို မြို့တော်ဝန်တစ်ယောက်တည်းကို မရည်ညွန်းပါနဲ့ ...။ အခြားသော ဖြီးဖြန်းနေတဲ့ဝန်ကြီး၊ ဝန်ကလေး၊ ဝန်ကြီးချုပ်ကအစ အခြားလူတွေကိုပါ ...။ ငဖြီးကြီးလို့ နာမည် ပြောင်းမှည့်ပေးပါလို့ ...။
06-Jan-2019
အလို...ငါမှားပါပေါ့လား။ ခုန ဒါမျိုးလက်မခံလို့ ပြောမိတာ အမှားကြီး မှားပါပေါ့လား။ တကယ်ခံခဲ့ရတဲ့သူတောင် ဒီလို ကြီးမြတ်တဲ့ သဘောထားရှိခဲ့တာ။သူ့လောက်မခံခဲ့ရတဲ့ ငါဟာ ခန္တီစ သည်းခံခြင်း တရားကိုတောင် နားမလည်တဲ့ လူ့အရိုင်းအစိုင်းကြီး ဖြစ်ပါပေါ့လား။
30-Dec-2018
အင်းလေ... ဒီအစိုးရလက်ထက်မှာမှ အေးလွန်းတာကိုး။ အရင်အစိုးရတွေလက်ထက်က ဘယ်အေးလို့ တုံး။ အေးခဲ့ရင်တောင် ဒီအစိုးရလောက် ဘယ်အေးမတုံး။ ဒီအစိုးရခေတ်မှာ တကယ်ကိုအေးတာပဲ။ စီးပွားရေးလည်းအေး...။ နိုင်ငံရေးလည်းအေး...။ ငြိမ်းချမ်းရေးကလည်းအေး...။ အကုန်လုံးအေးနေမှတော့ အခုဆို ဆောင်းတွင်းလည်း အေးပြီပေါ့လေ။
23-Dec-2018
“ရှင် တော်တော်တုံးတာပဲ...ကိုမောင်ဗြိရယ်...ဆက်စပ်တွေးစမ်းပါ...ကျုပ်တို့နိုင်ငံမှာ တစ်သောင်းတန်က အတုတွေများလို့... ဗဟိုဘဏ်က ဒေါ်လာပြောင်း ပေးသုံးခိုင်းမလို့...ဒီလောက်ဒေါ်လာတွေ ဈေးကောင်း ပေးဝယ်နေတာဖြစ်မှာပေါ့” အိမ်း...စီးပွားရေးပညာရှင် ဗြော်ကတိ...ပြောသလို ဒေါ်လာမပြောင်းခင်တော့...လက်ထဲရှိတဲ့ တစ်သောင်းတန်လေး ရအောင်ထုတ်မှာပါပဲ။
16-Dec-2018
အမေစုကတော့ ဒဲ့ပဲပြောလိုက်ပြီ။ မြန်မာပြည်ဟာ ဘယ်လိုပဲဆင်းရဲဆင်းရဲ...။ သူ့အတွက်တော့ နေလို့အကောင်းဆုံးပဲတဲ့။ ဟုတ်တာပေါ့ အမေရယ်။ မြန်မာပြည်ဟာ နေလို့အကောင်းဆုံးပဲပေါ့။
09-Dec-2018
ဘွဲ့ဆို ဘာပဲရရဆိုပြီး ဟိုနားတစ်စ၊ ဒီနားတစ်စ ချေးထား၊ ယူထားတာတွေကလည်း လက်လွန်နေပြီ။ ဆိုင်းကလည်း စရန်ချပြီးပြီ။ ဘွဲ့က မရ။ နောက်ဆုံးတော့ ရပ်ကွက်က ဒကာတွေက ဆရာတော်ကို ရပ်ကွက်တွင်း ဘွဲ့တံဆိပ်ပဲ ဆက်ကပ်လိုက်ကြပါတယ်။ ဘွဲ့နာမည်က “ဟိုနားတစ်စ ဒီနားတစ်စ ဘဒ္ဒန္တ ဘာရရ” တဲ့ဗျာ။
02-Dec-2018
ဒါတွေကို ရန်ကုန်အစိုးရ သိလာပုံရသည်။ လူပြိန်းကြိုက်တာတွေ သိပ်မလုပ်တော့...။ လမ်းတွေလည်း မပြင်တော့...။ လမ်းဘေးဈေးသည်တွေလည်း အရင်လို ဖြစ်ချင်သလိုဖြစ်။ ကွမ်းယာဆိုင်တွေ ရောင်းကောင်း၊ မာဆတ်ကေတီဗီအသစ်တွေ တစ်ခုပြီးတစ်ခုဖွင့်။ မြောင်းရေလျှံရုံမလို့ လှေတွေပါလှော်ကုန်သည်။ ကားလမ်းကတော့ ဘယ်အစိုးရတက်တက် ရှင်းနိုင်မည်မထင်။
18-Nov-2018
ကားစပယ်ယာတွေကို ပထမဆုံး တောင်းပန်ရမှာပဲ။ အစက စပယ်ယာတွေ တော်တော် ရိုင်းတယ်ထင်တာ။ တကယ်လည်း ရိုင်းတဲ့လူက ရိုင်းကြတာကိုး...။ အခုလို YBS တစ်နှစ်လည်း ကျော်ရော စပယ်ယာကို ပြန်တမ်းတမိပြန်ရော။ လူ့စိတ်များခက်ပါတယ်လေ...။
11-Nov-2018
အမေရိကန်နှင့် ညှိနှိုင်းပြီး သူတို့ဆီမှ အကြမ်းဖက်သမားအကျဉ်းသားများကို လော်ရာသီဖြစ်သည့် ရှစ်လလောက် အကျဉ်းသားအငှား လက်ခံပေးထားမည်။ ထိုအတွက် နဂိုကပင် ကျပ်သိပ်နေသည့် မြန်မာ့အကျဉ်းထောင်များထဲ ထည့်ရန်လည်းမလို။ ထောင်အသစ်ဆောက်ရန်လည်း မလို။ အကျဉ်းသားနှစ် ယောက်စီတိုင်းကို မြန်မာနိုင်ငံရှိ ရပ်ကွက်အသီးသီးမှ အလှူခံမဏ္ဍပ်များတွင် ကြိုးတုပ်ပြီး ထိုင်ခိုင်းထားခြင်းဖြင့် အဆင်ပြေသည်။
04-Nov-2018
စိုပြေတို့က တောသားဆိုတော့ မြို့သီချင်းတွေလည်းမကြိုက်ပါဘူး။ ဘာတွေဆိုနေမှန်းမှမသိတာ...။ အဲ့တော့ မြန်မာသံလေးတွေနားထောင်ချင်လို့ အလှူခံတွေမျှော်နေရတာအမောပဲ...။ ဘာပဲဖြစ်ဖြစ် စိုပြေကတော့ ကံကောင်းပါတယ်....။ အခုလိုရာသီဆိုရင် လမ်းထဲမှာ အလှူခံကိုမပြတ်ဘူး...။ တစ်ဖွဲ့ပြီးတစ်ဖွဲ့လာကြတာ...။
28-Oct-2018
ဆိုလိုချင်တာက ဦးကြီးတို့လည်း ရန်ကုန်ကိုလာမယ်ဆို တူမောင့်နည်းနာနဲ့ တူမောင့်လမ်းစဉ်ကို လိုက်ဖို့လိုပါတယ်။ နိုင်ငံတော်ကို အရင်ဆုံးကြည်ညိုရင်းစွဲရှိထားဖို့လိုမှာ ဖြစ်ပါတယ်။ ရန်ကုန်ကို ဦးကြီးတို့လာမယ်ဆိုရင် မှတ်ထားရမှာက ပထမဦးစားပေး ဘာတွေ့တွေ့ ကြည်ညိုပါ။ ဒုတိယဦးစားပေး ဘာတွေ့တွေ့ကြည်ညိုပါ။ တတိယဦးစားပေး ဘာတွေ့တွေ့ ကြည်ညိုပါဆိုတာပါပဲ။
21-Oct-2018
ဟင်... ဒါဆို ကွီးဖြိုးက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်တောင် ဖြစ်ဦးမှာပါလား.... ဆိုပြီး တစ်ကမ္ဘာလုံးအတွက် စိတ်မကောင်းဖြစ်...။ ပြည်သူတွေကတော့ မြန်မာပြည်နဲ့ ဝေးလေ ကောင်းလေပဲဆိုပြီး ပျော်ရွှင်။
14-Oct-2018
“ဟဲ့...နှစ်ကောင်...နင်တို့ ယောကျာ်းတွေ မဟုတ်ဘူးလား...ဒါ...ဘာဖြစ်နေကြတာတုံး”
07-Oct-2018
WY တွေ၊ NO 4 တွေသာ အကုန်လုံး ဝိုင်းသုံးလို့ကတော့...။ ရန်ကုန်သည် နတ်ပြည်တင်မဟုတ်....။ နိဗ္ဗာန်ပါဖြစ်ပြီ။
30-Sep-2018
အမေရိကန်နှင့် တရုတ်ကြီးတို့ ကုန်သွယ်ရေး စစ်ပွဲကြောင့်ဟုလည်း အချို့က ပြောကြသည်။ အစိုးရ အသုံးမကျလို့ဟု ဆိုသူကဆိုသည်။ အရင်ဘဘတွေ၊ ခရိုနီကြီးတွေက ဒေါ်လာတွေ လှုပ်အောင် ကစားနေလို့ဟုလည်း ပြောကြသည်။ ရွှေနှင့် ဒေါ်လာတွေကို ဘဏ်တစ်ခုနှင့်ပေါင်းပြီး ပိဿာရာချီ၊ သန်းရာချီ သိမ်းနေတဲ့ ဈေးကစားသူတွေကြောင့်ဟုလည်း သတင်းသဲ့သဲ့ကြားရပြန်သည်။ ဘာကြောင့်ပဲ တက်တက် ... မောင်ဗြိအတွက်တော့ ဈေးဖိုးထဲက အကြံအဖန် ဘတ်စရာ ဘီယာဖိုးပင် မကျန်တော့တာ သေချာ၏။