News

14-Jul-2019
ကျွန်တော် တစ်ချိန်က အရမ်းပေါက်ချင်ခဲ့သော ဝက်ခြံကို ယခုတော့ ငွေသုံးထောင်အကုန်ခံပြီး ရှင်းထုတ်နေရပါ၏။ ဝက်ခြံပေါက်ဆေး လိုချင်ခဲ့ဖူးသော ကျွန်တော်သည် ဝက်ခြံပျောက်ဆေးကို သုံးနေရပါသည်။ ကျွန်တော် ကျိတ်ကြိုက်ခဲ့သော တောင့်တောင့်ထွားထွား တင်ဇာလွင်ကြီးသည်လည်း ကလေးနှစ်ယောက်အမေ ဝတုတ်ကြီးဖြစ်နေသည်ဟု သတင်းရထားပါသည်။
10-Jul-2019
ယနေ့ သတင်းတစ်ပုဒ် တွေ့လိုက်၏။ ထိုသတင်းက မီတာခတက်သဖြင့် စိတ်ညစ်နေသောပြည်သူတွေ ပျော်ရမည့်သတင်း။ ပဲခူးဝန်ကြီးချုပ်က ပြောသည်။ စဉ့်လုပ်ငန်းရှင်တွေကို မီးဖိုထုတ်လုပ်မှုနှင့်ပင် ရပ်မနေဘဲ နျူကလီးယားဓာတ်ပေါင်းဖိုအထိ ထုတ်လုပ်ဖို့။ အခုက စဉ့်လုပ်ငန်းရှင်တွေက မီးဖိုလေးတွေ ထုတ်လုပ်နိုင်သည်။ ဒါကိုတွေ့တော့ ဝန်ကြီးချုပ်က ပျော်သွားသည်။ မီးဖိုတောင်ထုတ်တာ နျူကလီးယား ဓာတ်ပေါင်းဖိုလည်း လုပ်လို့ရမည်ဟုတွေးပုံရသည်။
07-Jul-2019
“ဟေ့၊ ဒရိုင်ဘာ မာတလိ..လူ့ပြည်ကို မင်းမလိုက်နဲ့၊ မင်းမလိုက်နဲ့ မဖြစ်ဘူး။ ငါတို့ ရထားကို ဖြစ်သလိုပဲ မောင်းသွားကြမယ်။ တော်ကြာ ဟိုမှာ တရားခံရှာမရတာနဲ့ မင်းကို တရားခံနာမည်တပ်နေမှဖြင့် နတ်ပြည်နာမည်ပျက်ရချည်ရဲ့ကွယ်” ဟူ၏။
03-Jul-2019
အစိုးရကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ နာမည်ကြီးတဲ့ကိစ္စကိုပဲ အရေးတယူရှိတော့တယ်။ ရဲတပ်ဖွဲ့ကလည်း ဖေ့စ်ဘွတ်ခ်မှာပါမှ အမှုကို ရေဆုံးမြေဆုံးလိုက်တော့တယ်။ နောက်ပိုင်း အစိုးရက ဖေ့စ်ဘွတ်ခ်ဝန်ကြီးဌာနတောင် ထောင်ချင်ထောင်တော့မှာ။
30-Jun-2019
မြို့တော်ရန်ကုန်အနှံ့အပြိုင်ဆောက်ကာ ယခုအခါ အပြိုင်ကြော်ငြာနေကြတာမြင်ရပါလေ၏။ မြို့တော်အနှံ့ အနှီဆောက်လုပ်ပြီးနှင့် ဆောက်လက်စ “Condo”များမှာ အချို့ဆိုလျှင် “ရွှေတိဂုံစေတီတော်” ထက်ပင်ပို၍ မြင့်သလိုလိုပါခင်ဗျ။ ဓာတ်ပုံထဲပါ ကွန်ဒိုတွေ၏ ဝန်းကျင်ကား စိုပြည်စိမ်းလန်းသာယာပေစွ။
22-Jun-2019
လူကြံလျှင် မြေပဲခွံတောင် ငရုတ်သီးမှုန့်ဖြစ်သေးတာ။ လူကနေ နွားဖြစ်ဖို့လည်း မခက်လှပါ။ ဆေးသောက်ရုံနှင့် နွားဖြစ်မလား၊ ဆေးလူးရုံနှင့် နွားဖြစ်မလား၊ ဆေးထိုးရုံနှင့် နွားဖြစ်မလားကတော့ လေ့လာနေဆဲဖြစ်သည်။ အဲ့လိုသာ လူက နွားဖြစ်သည့် ပရော့ဂျက်သာ အောင်မြင်လျှင် တိုင်းပြည်အေးချမ်းပြီ။ ချမ်းသာပြီ။
16-Jun-2019
ပုံပြင်တွေ ဒဏ္ဍာရီတွေထဲမှာသာ ကြားသိမှတ်သားခဲ့ရပါသည့် မြေလျှိုးမိုးပျံ ကိုယ်ဖျောက်ခြင်းအတတ်ကို ယခုအခါ ကျွနု်ပ်တို့ အဟုတ်ကိုမြင်တွေ့ကြရလေပြီ။ မျက်လှည့် လက်လှည့်ပညာဖြင့်မဟုတ်ဘဲ ကျင့်ကြံအားထုတ်တော်မူခဲ့ကြသည့် သမာဓိစွမ်းအားများဖြင့်၊ အင်းအိုင်လက်ဖွဲ့များဖြင့် “ကိုယ်ဖျောက်” ပြနေကြလေပြီတကား။
09-Jun-2019
စံပြဈေးမှ ငါးသည် မအုန်းကြည်လည်း ဖေ့စ်ဘွတ်ခ် သုံးပြီ။ လှိုင်သာယာမီးခွက်ဈေးက ဆိုက်ကားဆရာ ကိုတင်ဌေးလည်း ဖေ့စ်ဘွတ်ခ်သုံးပြီ။
26-May-2019
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းအရ မြန်မာပြည်မှာ "ကိုးမိနစ်" ကို လူတစ်ဦးနှုန်း ခွေးကိုက်ခံနေကြရပါသတဲ့။ အဖြစ်အများဆုံး ဒေသတွေကတော့ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတို့မှာပါတဲ့။ နှစ်စဉ်ခွေး ရူးပြန်ရောဂါနဲ့ သေဆုံးသူပေါင်း "တစ်ထောင်" လောက် ရှိသတဲ့ ခင်ဗျာ။ ဘုရား ဘုရား ဘုရား ...။
19-May-2019
သူမသိ၊ သူမတတ်၊ သူမပါတာ ရွာမှာမရှိဘူး။ ရိုင်ဖယ်တန်ခိုးနဲ့... အမျိုးဂုဏ်တွေ တိုးနေချက်လေ။ ရွာဦးကျောင်းက ဘုန်းကြီးတွေတောင် သူ့သေနတ်ဒင် စာမိဖူးတယ်။
12-May-2019
ယခု ၂၁ ရာစု ကမ္ဘာကြီးဟာ ယခင့်ယခင် အရင့်အရင်ကထက် ပို၍ ပို၍ သာ၍ သာ၍ လွန်၍ လွန်၍ အပူလုံးတွေ ထပ်ဆောင်းကြွနေခဲ့တာကြာပါလေပြီ။ သဘာဝပတ်ဝန်းကျင်တွေဟာလည်း “လူလုပ်ပယောဂ” တွေကြောင့် ဆတက်ထမ်းပိုးဆို သလိုပျက်စီးလာတာ ယိုယွင်းလာတာ ကြောက်ခမန်းလိလိ အခြေအနေပါ။ သည့်အတွက် လူတစ်ဦးချင်းစီ ကိုယ်တတ်နိုင်သည့်ဘက်ကနေ ကမ္ဘာကြီးကောင်းဖို့ ကူညီရမယ်မဟုတ်လား။
05-May-2019
ညနေစောင်းလို့ ကိုချက်ဖောင်း မူးပြီး အိမ်ပြန်လာတိုင်း သူ့မိန်းမ မနွဲ့ရီနှင့် ရန်ဖြစ်တတ်သည်။ ကိုချက်ဖောင်းက ညနေတိုင်းမူးသဖြင့် ညနေတိုင်း ရန်ဖြစ်သည်။ သူတို့လင်မယားရန်ဖြစ်လျှင် မောင်ဗြိအတွက် ပညာများစွာတိုးလေသည်။ အခြားပညာမဟုတ်...အဆဲပညာပင်။