News

15-Sep-2019
“ဆရာရယ်... သရော်စာဆိုတာ ခေတ်အဆက်ဆက် ဒီလိုပဲ အာဏာရှင်တွေ၊ အစိုးရတွေ၊ ရေပေါ်ဆီ လူမှုအသိုင်းအဝိုင်းတွေ၊ ဖိနှိပ်သူ လူတန်းစားတွေ၊ ခေတ်ရဲ့ ပြယုဂ်တွေကို လှောင်ပြောင်ရေးရတာ မဟုတ်လားဗျာ”
05-Sep-2019
ရင်ဘတ်ကို စည်လိုတီး နတ်ဦးရှင်ကြီး ငိုလေပြီ ...။ “ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ...။ ငါ့အပိုင်စား နေရာလေးတောင်မှ ချမ်းသာမပေးကြပါလား...။ ဒင်းတို့ မမွေးခင်ကတည်းက ရေငန်တစ်ရိုး ပိုင်စံစိုးခဲ့တာ ငါဦးရှင်ကြီးပါဟဲ့ ... အဟီး ...ဟီး ...”
04-Sep-2019
ဘဏ်က ထုတ်ငွေကို ဘယ်လို သိမ်းရမှန်းမသိ။ အပြင်မှာထားတော့လည်း ဟိုတလောက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာသည့် လူဆိုးတွေရန်ကလည်း ရှိသေးသည်။ ငွေအထုပ်လိုက်ကြီး သိမ်းထားလို့မဖြစ်။ ဘဏ်တွင် ပြန်အပ်ရအောင်လည်း အခြားဘဏ်တွေကိုလည်း မယုံ။ ထို့ကြောင့် ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ဒေါ်လာတွေ၊ ရွှေတွေ ဝယ်သည်။ သို့နှင့် ဝယ်လိုအားများကာ ဒေါ်လာဈေး၊ ရွှေဈေးတွေ တက်ကုန်ပြန်သည်။
01-Sep-2019
ဒါပေါ့... ဘကြီးကျိုင်းက ထပ်ဖြည့်ပေးမယ်။ ပြည်တွင်းအချင်းချင်း တိုက်တဲ့ဗျူဟာတွေကို တိုက်ဗျူဟာ၊ တိုက်ဆင်ရေး။ ပြည်တွင်းအချင်းချင်းတိုက်တဲ့ နေရာတွေကို တိုက်မြေပြင်၊ ပြည်တွင်းမှာ တိုက်တဲ့သူတွေကို တိုက်ဗိုလ်၊ တိုက်သား။ ပြည်တွင်းအချင်းချင်းတိုက်ပြီး အနားယူသွားတဲ့သူတွေကို တိုက်မှုထမ်းဟောင်း။ နောက်ထပ် တိုက်တက္ကသိုလ်၊ တိုက်သင်တန်းကျောင်း၊ တိုက်သမိုင်းပြတိုက်၊ တိုက်အင်ဂျင်နီယာ၊ တိုက်ဆရာဝန်၊ တိုက်ဆေးရုံ... အင်း...အင်း...တပုံကြီးပဲရယ်။
28-Aug-2019
တိုင်းပြည်အရေးက တော်တော်လေး ရှုပ်ထွေးသည်။ ဇော်ဂျီပဲ ဆက်သုံးရမလား၊ ယူနီကုတ်ပဲ ပြောင်းရမလား ဝေခွဲမရ။ ဒီကြားထဲ ရခိုင်နဲ့ ရှမ်းမြောက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေသည်။ ရန်ကုန်နဲ့ အဝေးကြီးမို့ ကိုယ့်ကို မထိခိုက်ဘူးလို့ထင်သော်လည်း မဟုတ်ပြန်။ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ကားတွေပိတ်သည်။ မှာထားသည့်ကုန်ပစ္စည်းတွေ ရန်ကုန်ကိုရောက်မလာ၊ မီးပဲအရှို့ခံရမလား၊ ဖမ်းပဲသွားမလား စိုးရိမ်မိသည်။
25-Aug-2019
လူတွေ မုဒိတာတရား မရှိကြ။ ဘကြီးရိုးရိုးသားသား ကြိုးကြိုးစားစား ဂါဝင်နည်းဖြင့် ချမ်းသာလာတာကို ဝမ်းသာမပေးကြ။ ဘကြီးတို့ကိုပဲ အပြစ်ရှာနေကြသည်။ ဘကြီးအသည်းတွေ နာသည်။ အသားတွေ တုန်သည်။ မျက်ရည်တွေ ဝေ့ဝဲရစ်ဝိုင်းလာသည်။ ဗမာ ရုပ်ရှင်ကားထဲက မင်းသားတွေလို နှာခေါင်းကြီးနီ...နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာသည်။
21-Aug-2019
မြားပစ်တွင် နိုင်ငံတကာအဆင့် ၁၅၊ ဆင်စီး မြင်းစီးတွင် အဆင့် ၁၃၊ ဓားခုတ်၊ လှံထိုးတွင် အဆင့် ၅ တို့သာရရှိခဲ့သော်ငြား အဆို၊ အက၊ အတီးတွင်တော့... ဘုရင့်တပ်မတော်သည် နံပါတ်တစ် အကောင်းဆုံး ဆုရရှိခဲ့ပေသည်။
17-Aug-2019
သေနတ်ကိုင်မင်းအပေါင်းက ရန်စောင်နေကြဆဲ။ မနေ့တစ်နေ့ကမှ မိုးဦးကျဖားတွေလို ပေါ်လာသည့် သေနတ်ကိုင်မင်းလေးတွေကလည်း အလျှိုလျှို။ သေနတ်အစွမ်းအံ့မခန်း ချာရာဏသီတွင် သေနတ်ဖက်ရှင်အသစ်ကလေးတွေကလည်း မြို့ပေါ်အထိ တက်ဆော်ပြီး အစွမ်းပြသည်။ နောင်တွင်လည်း တစ်ရွာလျှင် တစ်ဖက်ဒရယ်ဟုဆိုကာ သေနတ်ကိုင် ကောင်းဘွိုင်တွေ ပေါ်လာဦးမည်လားမသိ။ တကယ်တမ်း ဘာမှမရှိသည့် ပြည်သူတွေကား ကိုယ့်ထမင်းအိုးလေး ကိုယ်တည်နေရတာဖြင့်ပင် တစ်ယောက်နှင့်တစ်ယောက် တောင်ပေါ် မြေပြန့် ခွဲပြီး မမုန်းအား။
14-Aug-2019
အရင်အစိုးရလက်ထက်က စင်ကာပူလိုဖြစ်အောင်လုပ်မယ်၊ ဝင်ငွေ ဘယ်လောက်တိုးအောင် လုပ်မယ်လို့ ပြောခဲ့သည့်ဝန်ကြီးတွေကို အားကျလို့လားမသိ။ ယခုအစိုးရကလည်း နှစ်ပေါင်း ၂၀ အတွင်း စင်ကာပူကို မီအောင်လုပ်မည်ဟု ကြွေးကြော်ခဲ့သည်။ ယခုဆို စင်ကာပူကိုမီရန် ၁၆ နှစ်လောက်သာ လိုတော့သည်။ စင်ကာပူကတော့ မြန်မာပြည်နောက်က လိုက်လာမှာကို တော်တော်လေး ကြောက်နေလောက်ပြီ။
04-Aug-2019
ကျွနု်ပ်ကား ဆာမူရိုင်းဘဝတွင် တိုက်ပွဲပေါင်း များစွာ နိုင်လာသည်ကို ယခုလောက် ဂုဏ်မယူစဖူး။ ယခုတော့ ရိုးသားကြိုးစား စီးပွားရေးသမားကြီးများ ဖြစ်နေကြသော ကျွနု်ပ်တို့ စစ်ကဲကြီး မိသားစု အောင်မြင်မှုအတွက် ဂုဏ်ယူပေပြီ။ ကျွနု်ပ်တို့၏ ချစ်လှစွာသော စစ်ကဲကြီး ပြောပြောနေတတ်သည့် အမျိုးသားရေး၏ အဓိပ္ပာယ်ကို ကျွနု်ပ် မောင်ဆာမူရိုင်း ကောင်းကောင်းကြီး သဘောပေါက်ချေပြီ။ ကျွနု်ပ်၏ရွာမှ အမျိုးများ သာယာရေးအတွက် ကျွနု်ပ်တွင် တာဝန်ရှိပေသည်။ ထို့ကြောင့်...ကျွနု်ပ်...ရွာပြန်ချေတော့မည်။ ကျွနု်ပ်တို့ကား နိပွန်ပြည်မှ ဆာမူရိုင်းများဖြစ်တော့သကိုး။
31-Jul-2019
ဒဏ္ဍာရီတွေထဲမှာတော့ လူကနေ ခွေးဖြစ်သွားတာ ရှိပါတယ်။ သမန်းကျားဆိုတာလည်းရှိသလို သမန်းဝံပုလွေဆိုတာလည်း ကြားဖူးကြမှာပါ။
28-Jul-2019
နရသိမ်ဘဝတက္ကသိုလ်မှာ ပေးဆပ်ခဲ့သူတွေ၊ စိစစ်ရေးငွေမင်ချပ်ကြီးထဲ လမ်းပျောက်ခဲ့သူတွေ ဒုနဲ့ဒေး။ နောက် ဘယ်ပညာရှိ တီထွင်လိုက်မှန်းမသိတဲ့ စာဆိုမှန်ရင် ဆင်းရဲရမယ်ဆိုတဲ့ မူကြီးနဲ့အတူ ရုပ်ရှင်ထဲမှာတောင် စာဆိုတွေဟာ အူကြောင်ကြောင် ငမွဲတွေအဖြစ်ပဲ ပုံဖော်ခံခဲ့ရတယ်မဟုတ်လား။
21-Jul-2019
စကားပြောနေရင်းကနေ ကိုယ်တော်ချောက ဝုန်းခနဲ ကုလားထိုင်ပေါ်က နောက်ပြန်ကြီးလဲကျသွားပါတယ်။ ကျွန်တော်နဲ့ ကိုစိုးထိုက်လည်း ဘာလဲဟဆိုပြီး အလန့်တကြား ထရပ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ကြမ်းပြင်ပေါ်မှာ ဆန့်ဆန့်ကြီးလဲနေတဲ့ နိုင်ငံခြားပြန် စာရေးဆရာ သူပုန်ဗိုလ်ကြီးရဲ့ ပါးစပ်ကနေ ကြာဆံကြော်ဖတ်တွေနဲ့ ဝိုင်ဖြူ၊ ဝိုင်နီ ရောရာတွေဟာ မီးတောင်ကြီးတစ်ခုပေါက်ထွက်သလို အရှိန်ပြင်းစွာနဲ့ ဝေါခနဲ ပန်းထွက်လာပါတော့တယ်။
17-Jul-2019
စီအိုင်ဒီကိုင်လိုက်လျှင် အဲ့အမှု တရားခံမမိတော့၊ လမ်းဆုံးပြီဟု စွပ်စွဲကြသည်။ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လည်း မမိသေး။ မင်္ဂလာဒုံ လေးလောင်းပြိုင်လည်း ကိုယ့်ဟာကိုယ်သတ်တာဖြစ်သွားသည်။ ဟိုအမှုလည်း မမိ၊ ဒီအမှုလည်း မမိဆိုပြီး လှောင်ကြသည်။ ပြည်သူတွေကိုယ်တိုင်ဖမ်းပေးမှ မိမှာလားဟုလည်း မေးကြသည်။