News

13-Nov-2019
ထိုင်ခုံတစ်လုံး ကျိုးသွားသည်။ အမေရိကန်က ထိုင်ခုံကျိုးသွားရသည့်အကြောင်းကို သေချာသုတေ သနပြုသည်။ ဂျပန်က ထိုင်ခုံအသစ်တစ်လုံး ချက်ချင်း လဲသည်။ တရုတ်က ကျိုးသွားသည့်နေရာကို ကော်နှင့် ဆက်သည်။ မောင်ဗြိတို့ ရွှေမြန်မာကတော့ ထိုင်ခုံကို ကျိုးအောင်ထိုင်ရလားဆိုပြီး ထိုင်တဲ့ကောင်ကိုဆဲ၏။ ဒါနဲ့အားမရ။ ဒီလို ကွာလတီညံ့တဲ့ထိုင်ခုံမျိုး ရောင်းရလားဟုဆိုကာ ဆိုင်ကို ကလော်ဆဲ၏။ ထို့နောက်တော့ တွေ့သမျှလူ ပတ်ဆဲလေတော့သည်။ ထိုင်ခုံကား သူဆဲသည့်အတွက် ပြန်ကောင်းမလာ။ ကျိုးမြဲကျိုးလျက်။ ထိုင်ခုံကို ပြုပြင်ဖို့ မစဉ်းစား။ ဆဲဖို့သာ အားကြိုး မာန်တက်ကြိုးစားလေသည်တဲ့။
10-Nov-2019
ထိုနေ့က မိုးမရွာပေ။ သို့သော်လည်း မိုးသားများက ရွာဟန်ပြင်နေသည်။ ထို့အတွက် ထီးတော်မိုးများက အသင့်အနေအထားရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် မိုးရွာမှ ထီးဖွင့်လျှင် မိုးရေစို ကုန်လိမ့်မည်။ ဒီလိုဖြစ်မှာကို မလိုလား။ မိုးရေ တစ်ပေါက်မှထိလို့ မဖြစ်။
06-Nov-2019
“လော်ဘေးပါဘုရား...ကျွန်တော်မျိုးတို့ နတ်ဆိုတာ ဘုရားကျောင်းကန်တွေမှာ စောင့်ရ ကြပ်ရတာဘုရား။ ဒီရာသီရောက်လာရင်ဖြင့် အရပ်ရှစ်မျက်နှာက လော်စပီကာသံတွေ ညံလွန်းလို့...နားတွေက မီးခိုးပါအူတယ်ဘုရား။ ရင်တွေထဲ တလှပ်လှပ် တုန်တယ်ဘုရား။ လော်သံကြားရင် အီးပါချင်သလိုလို ဖြစ်လာတယ်ဘုရား။ ဒါ့ကြောင့် လော်တွေနဲ့ ဝေးရာ နတ်ဒုက္ခသည်စခန်းလာနေရတာပါဘုရား”
03-Nov-2019
“အေးပေါ့ကွ...။ အဲဒါပဲပေါ့ကွ...။ ဒါကြောင့် ငါကလည်း ငါ့ဘောစိကို ထောင်ထဲမှာ ဘော်ဒါဖွင့်ဖို့ အကြံပေးရတာပဲ။ ဘာလို့လဲဆိုတော့ ငါတို့က အခုမှ အသစ်ဖွင့်မှာလေ။ သူတို့လို စည်းကမ်းတွေကို ကောင်းကောင်းထိန်းနိုင်တာမဟုတ်။ အဲ့တော့ အဲ့လို စည်းကမ်းတွေရှိနေတဲ့ ထောင်သာဆို ကွက်တိပဲလေ။ ထောင်ဝါဒါ တွေ၊ ဝန်ထမ်းတွေကို ငှားပြီးထိန်းခိုင်း။ ဆရာ လေးငါးခြောက်ယောက်နဲ့ စာသင်။ ရေကိုလည်း ထောင်ထဲမှာအတိုင်း ပုံစံနဲ့ချိုးခိုင်း။ အိမ်သာကိုလည်း အခန်းထဲမှာပဲတက်။ ထမင်းကိုလည်း ပုံစံနဲ့ကျွေး။ စာကိုလည်း ပုံမှန်ကျက်။ မရရင် ဝါဒါတွေကို ရိုက်ခိုင်း။ အပြင်ကိုလည်း မထွက်ခိုင်းဘူး။ ဘယ်လောက်မိုက်တုံး။ တစ်ချက် ခုတ်နှစ်ချက်ပြတ်ပဲ” ဟု ကျော်စိုးက ရှည်လျားစွာ ရှင်းပြလေသည်။
29-Oct-2019
“လာကွာ..ဝန်ကြီးတွေကိုက ဘယ်အချိန်လုပ်ကြံကြံရတယ်..ဒါမျိုးက ကြုံရခဲတယ်ဟ..ကြုံတုန်း တစ်ယောက်နှစ်ဆက်ရှင်လောက် ဝင်လိုက်ကြရအောင်..ဟေ့…အောက်မှာ ကျန်ရစ်တဲ့ ကိုဘညွှန့်နဲ့ မောင်စိုးကိုပါ ခေါ်ပါဟ..အညောင်းပြေအညာပြေလေး”
27-Oct-2019
ဒါကြောင့် မြန်မာ့ဘောလုံးအသင်း ကမ္ဘာ့ဖလားကို ရရှိစေရေးအတွက် စိုပြေတို့လို ပြည်သူတွေ စိတ်ထိန်းဖို့လိုပြီ။ မြန်မာတွေ စိတ်ထိန်းနိုင်သည့်တစ်နေ့ မြန်မာ့ ဘောလုံးအသင်းလည်း ကမ္ဘာ့ဖလားရမည်သာဖြစ်သည်။ အခုလို စိတ်မထိန်းနိုင်သေးသည့်အချိန်တွင်တော့ မြန်မာအသင်း ဂိုးပြတ်ရှုံးသည့်ပွဲတွေကို ရင်နာနာနှင့် ကြည့်နေရုံသာရှိတော့သည်။
23-Oct-2019
ငယ်ငယ်တုန်းကတော့ မိဘတွေက ငါးရှာ ဖားရှာတာကို ဆူသည်။ ရိုက်သည်။ ကြီးလာတော့ ငါးမျှားတာကို မိန်းမတွေက မကြိုက်။ အဲ့တော့ မိန်းမတွေ ဆူတာကို ခံရသည်။ မိန်းမတွေ ဆူပူနေသည့်ကြားမှ အကြောင်းရှာ အပြင်ထွက်ပြီး ငါးခိုးမျှားကြ၏။ သိသည့်အတိုင်း ရန်ကုန်မှာကလည်း ငါးမျှားစရာ နေရာက ရှိတာမဟုတ်။ အရင်လို မြောင်းတွေထဲ မျှားရအောင်လည်း ညစ်ပတ်နေသည်။ အဲ့မြောင်းတွေထဲက ရသည့်ငါးကို စားဖို့မပြောနှင့် လက်နှင့်ကိုင်ဖို့တောင် အဆင်မပြေအောင် ရေတွေက ညစ်ပတ်နေသည်။ ပြောသာပြောတာပါ။ အဲ့လို မြောင်းပုပ်တွေထဲ ငါးတွေ ရှိရော ရှိသေးရဲ့လားမသိ။
20-Oct-2019
ဘီယာတံဆိပ်ကတော့ ဗိုလ်ချုပ်တံဆိပ်မဟုတ်ပါ... ဘီယာတံဆိပ်ကိုပင် ဗိုလ်ချုပ်အမည်လာကပ်လျှင်တော့... လာကပ်သည့်သူကို ဗိုလ်ချုပ်ကိုယ်စား ဆောင့်ကန်ပြစ်ဖို့သာရှိတော့၏
16-Oct-2019
ရန်ကုန်တွင် ဘယ်နားမြေဝယ်ဝယ် သိန်းနှစ်ရာ ကျော်သည်။ ဒီတော့ သိန်းငါးဆယ်နှင့် မြေကွက်ရမည်ဆိုတော့ လူတိုင်းစိတ်ဝင်စားကြသည်။ ကျော်စိုး ကြေညာထားသည့် မြေကွက်ထဲတွင် သိန်းထောင်ကျော်တန်မြေကွက်များ၊ စက်မှုဇုန်အကွက်များလည်း ပါဝင်သည်။ ဒီတော့ လူတိုင်းလိုချင်ကြသည်။ နောက်ပြီး ပိုင်ဆိုင်မှု စာရွက်စာတမ်းအစုံ၊ ဂရန်ပေါက်ဟုဆိုသည်။ ပြီးတော့ မြို့တော်ခန်းမရှေ့တွင် ရောင်းမည်ဆိုတော့ ယုံကြည်ကြပြန်သည်။
13-Oct-2019
ကုန်ခဲ့သည့်နှစ်များအတွင်းက သူ့နှမ မဖဲဝါနှင့်အတူ ရွှေတိဂုံဘုရားကိုလာဖူးရန် ကိုစံမှဲ့ ကြိုးစားခဲ့ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ ။ ဘယ်အောင်မြင်ပါ့မလဲ။ အရင်အစိုးရမင်းတွေလက်ထက်က သူကိုင်ထားသည့် အင်းတွေ အိုင်တွေကိစ္စက ဒီနှစ်များအတွင်း တော်တော် ပြဿနာရှုပ်ခဲ့သည်။
09-Oct-2019
သိပ်တော့ မသေချာသေးသော်ငြား မကြာမီ မြန်မာနိုင်ငံသားတစ်ယောက် နိုဘယ်လ်ဆု သေချာပေါက်ရနိုင်သည်။ သမိုင်းတစ်လျှောက် အဘယ်သိပ္ပံ ပညာရှင်မှ ဒီနည်းကို မစမ်းသပ်ခဲ့ဖူး။ စမ်းသပ်ဖို့ဝေးစွ စိတ်ကူးပင်ယဉ်ဖူးလိမ့်မည်မထင်။ ယခုတော့ ထိုနည်းလမ်းကို မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်သည့် ကျော်စိုးက စတင်စမ်းသပ်တွေ့ရှိသွားပြီဖြစ်သည်။ ထိုနည်းကတော့ လူ့ခန္ဓာကိုယ်မှ လျှပ်စစ်ထုတ်လုပ်နည်းပင်။
06-Oct-2019
“နို့ ဦးကြည်စိုးရယ် ခင်ဗျား မားကက်တင်းကလည်း ဆိုင်ဝကနေ ထိုင်ဆဲနေတာပဲ တွေ့တယ်။ အဲဒီလို ထိုင်ဆဲနေတော့ လာမယ့်ဖောက်သည်က ပြန်ပြီပေါ့ဗျ။ ဘယ့်နှယ် မားကက်တင်းကြီးတုံး။ ဒီပုံနဲ့ ခင်ဗျားထမင်းဆိုင်က ဘယ်လိုအောင်မြင်လာတာတုံး” “ဟေ့ကောင် ငတုံး။ မင်း ဒါကြောင့် စာရေး ဆရာငမွဲဖြစ်နေတာ။ ကိုယ့်ဆိုင်ဝတော့ ကိုယ်ထိုင်ပြီး ဘယ်ဆဲမလဲကွ။ ကိုယ်နဲ့ပြိုင်ဘက် ထမင်းဆိုင်ကိုသွား။ ထမင်းဟင်းမှာပြီး ဆိုင်ဝက ဝိုင်းမှာထိုင်လာသမျှလူ ထိုင်ဆဲ။ ဒီတော့ သူ့ဆိုင်လူမဝင်ပဲ ငါ့ဆိုင်ပဲ လူဝင်ပြီပေါ့ကွာ...ဟားဟားဟား”
29-Sep-2019
“ငါ့ကို မြင်းဆိုပြီး မျှော်လင့်ချက်တွေပေး၊ ငါ့မှာတော့ ဘိုရုပ်ဖြစ်အောင်လုပ်ရ ဒူးကြီးအောင်လုပ်ရနဲ့ ပင်ပန်းလိုက်တာ၊ အခုတော့ ငါ့ကို ပလပ်ပြီး ကိုယ့်မြင်းကိုယ်ထိုးထည့် ဒီမိုကရေစီအနိုင်ကျင့်တဲ့လူတွေ...ငါသမ္မတဖြစ်မှတွေ့မယ်”
25-Sep-2019
ကိုလူမင်းအဲ့လို ရိုက်တော့ စိုပြေလည်း အားကျမခံ ရုပ်ရှင်ရိုက်ချင်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကတော့ ဦးသူ ရှိသွားပြီဆိုတော့....အခြား လူတစ်ယောက်အကြောင်းပဲ ရိုက်ရတော့မည်။ ရိုက်လျှင်လည်း နာမည်ကြီးအကြောင်း ရိုက်တာပဲ ကောင်းသည်။ နို့မို့ဆို သိပ်စိတ်မဝင်စားကြ။
22-Sep-2019
“အိုင်ဆေး ဒေါက်တာရေ ... တံခါးခေါက်သံအရ ဆိုရင်တော့ အမျိုးသမီးတစ်ဦးပဲဗျ။ ရင် ၃၀၊ ခါး ၃၀၊ တင် ၃၀ ဆိုဒ်ပဲဗျ။ ကဲကဲ ကျုပ်တို့လည်း ပျင်းနေတာနဲ့အတော်ပဲ တံခါးဖွင့်ပေးလိုက်ပါဗျာ”