News

13-Oct-2019
ကုန်ခဲ့သည့်နှစ်များအတွင်းက သူ့နှမ မဖဲဝါနှင့်အတူ ရွှေတိဂုံဘုရားကိုလာဖူးရန် ကိုစံမှဲ့ ကြိုးစားခဲ့ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ ။ ဘယ်အောင်မြင်ပါ့မလဲ။ အရင်အစိုးရမင်းတွေလက်ထက်က သူကိုင်ထားသည့် အင်းတွေ အိုင်တွေကိစ္စက ဒီနှစ်များအတွင်း တော်တော် ပြဿနာရှုပ်ခဲ့သည်။
09-Oct-2019
သိပ်တော့ မသေချာသေးသော်ငြား မကြာမီ မြန်မာနိုင်ငံသားတစ်ယောက် နိုဘယ်လ်ဆု သေချာပေါက်ရနိုင်သည်။ သမိုင်းတစ်လျှောက် အဘယ်သိပ္ပံ ပညာရှင်မှ ဒီနည်းကို မစမ်းသပ်ခဲ့ဖူး။ စမ်းသပ်ဖို့ဝေးစွ စိတ်ကူးပင်ယဉ်ဖူးလိမ့်မည်မထင်။ ယခုတော့ ထိုနည်းလမ်းကို မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်သည့် ကျော်စိုးက စတင်စမ်းသပ်တွေ့ရှိသွားပြီဖြစ်သည်။ ထိုနည်းကတော့ လူ့ခန္ဓာကိုယ်မှ လျှပ်စစ်ထုတ်လုပ်နည်းပင်။
06-Oct-2019
“နို့ ဦးကြည်စိုးရယ် ခင်ဗျား မားကက်တင်းကလည်း ဆိုင်ဝကနေ ထိုင်ဆဲနေတာပဲ တွေ့တယ်။ အဲဒီလို ထိုင်ဆဲနေတော့ လာမယ့်ဖောက်သည်က ပြန်ပြီပေါ့ဗျ။ ဘယ့်နှယ် မားကက်တင်းကြီးတုံး။ ဒီပုံနဲ့ ခင်ဗျားထမင်းဆိုင်က ဘယ်လိုအောင်မြင်လာတာတုံး” “ဟေ့ကောင် ငတုံး။ မင်း ဒါကြောင့် စာရေး ဆရာငမွဲဖြစ်နေတာ။ ကိုယ့်ဆိုင်ဝတော့ ကိုယ်ထိုင်ပြီး ဘယ်ဆဲမလဲကွ။ ကိုယ်နဲ့ပြိုင်ဘက် ထမင်းဆိုင်ကိုသွား။ ထမင်းဟင်းမှာပြီး ဆိုင်ဝက ဝိုင်းမှာထိုင်လာသမျှလူ ထိုင်ဆဲ။ ဒီတော့ သူ့ဆိုင်လူမဝင်ပဲ ငါ့ဆိုင်ပဲ လူဝင်ပြီပေါ့ကွာ...ဟားဟားဟား”
29-Sep-2019
“ငါ့ကို မြင်းဆိုပြီး မျှော်လင့်ချက်တွေပေး၊ ငါ့မှာတော့ ဘိုရုပ်ဖြစ်အောင်လုပ်ရ ဒူးကြီးအောင်လုပ်ရနဲ့ ပင်ပန်းလိုက်တာ၊ အခုတော့ ငါ့ကို ပလပ်ပြီး ကိုယ့်မြင်းကိုယ်ထိုးထည့် ဒီမိုကရေစီအနိုင်ကျင့်တဲ့လူတွေ...ငါသမ္မတဖြစ်မှတွေ့မယ်”
25-Sep-2019
ကိုလူမင်းအဲ့လို ရိုက်တော့ စိုပြေလည်း အားကျမခံ ရုပ်ရှင်ရိုက်ချင်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကတော့ ဦးသူ ရှိသွားပြီဆိုတော့....အခြား လူတစ်ယောက်အကြောင်းပဲ ရိုက်ရတော့မည်။ ရိုက်လျှင်လည်း နာမည်ကြီးအကြောင်း ရိုက်တာပဲ ကောင်းသည်။ နို့မို့ဆို သိပ်စိတ်မဝင်စားကြ။
22-Sep-2019
“အိုင်ဆေး ဒေါက်တာရေ ... တံခါးခေါက်သံအရ ဆိုရင်တော့ အမျိုးသမီးတစ်ဦးပဲဗျ။ ရင် ၃၀၊ ခါး ၃၀၊ တင် ၃၀ ဆိုဒ်ပဲဗျ။ ကဲကဲ ကျုပ်တို့လည်း ပျင်းနေတာနဲ့အတော်ပဲ တံခါးဖွင့်ပေးလိုက်ပါဗျာ”
15-Sep-2019
“ဆရာရယ်... သရော်စာဆိုတာ ခေတ်အဆက်ဆက် ဒီလိုပဲ အာဏာရှင်တွေ၊ အစိုးရတွေ၊ ရေပေါ်ဆီ လူမှုအသိုင်းအဝိုင်းတွေ၊ ဖိနှိပ်သူ လူတန်းစားတွေ၊ ခေတ်ရဲ့ ပြယုဂ်တွေကို လှောင်ပြောင်ရေးရတာ မဟုတ်လားဗျာ”
05-Sep-2019
ရင်ဘတ်ကို စည်လိုတီး နတ်ဦးရှင်ကြီး ငိုလေပြီ ...။ “ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ...။ ငါ့အပိုင်စား နေရာလေးတောင်မှ ချမ်းသာမပေးကြပါလား...။ ဒင်းတို့ မမွေးခင်ကတည်းက ရေငန်တစ်ရိုး ပိုင်စံစိုးခဲ့တာ ငါဦးရှင်ကြီးပါဟဲ့ ... အဟီး ...ဟီး ...”
04-Sep-2019
ဘဏ်က ထုတ်ငွေကို ဘယ်လို သိမ်းရမှန်းမသိ။ အပြင်မှာထားတော့လည်း ဟိုတလောက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာသည့် လူဆိုးတွေရန်ကလည်း ရှိသေးသည်။ ငွေအထုပ်လိုက်ကြီး သိမ်းထားလို့မဖြစ်။ ဘဏ်တွင် ပြန်အပ်ရအောင်လည်း အခြားဘဏ်တွေကိုလည်း မယုံ။ ထို့ကြောင့် ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ဒေါ်လာတွေ၊ ရွှေတွေ ဝယ်သည်။ သို့နှင့် ဝယ်လိုအားများကာ ဒေါ်လာဈေး၊ ရွှေဈေးတွေ တက်ကုန်ပြန်သည်။
01-Sep-2019
ဒါပေါ့... ဘကြီးကျိုင်းက ထပ်ဖြည့်ပေးမယ်။ ပြည်တွင်းအချင်းချင်း တိုက်တဲ့ဗျူဟာတွေကို တိုက်ဗျူဟာ၊ တိုက်ဆင်ရေး။ ပြည်တွင်းအချင်းချင်းတိုက်တဲ့ နေရာတွေကို တိုက်မြေပြင်၊ ပြည်တွင်းမှာ တိုက်တဲ့သူတွေကို တိုက်ဗိုလ်၊ တိုက်သား။ ပြည်တွင်းအချင်းချင်းတိုက်ပြီး အနားယူသွားတဲ့သူတွေကို တိုက်မှုထမ်းဟောင်း။ နောက်ထပ် တိုက်တက္ကသိုလ်၊ တိုက်သင်တန်းကျောင်း၊ တိုက်သမိုင်းပြတိုက်၊ တိုက်အင်ဂျင်နီယာ၊ တိုက်ဆရာဝန်၊ တိုက်ဆေးရုံ... အင်း...အင်း...တပုံကြီးပဲရယ်။
28-Aug-2019
တိုင်းပြည်အရေးက တော်တော်လေး ရှုပ်ထွေးသည်။ ဇော်ဂျီပဲ ဆက်သုံးရမလား၊ ယူနီကုတ်ပဲ ပြောင်းရမလား ဝေခွဲမရ။ ဒီကြားထဲ ရခိုင်နဲ့ ရှမ်းမြောက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေသည်။ ရန်ကုန်နဲ့ အဝေးကြီးမို့ ကိုယ့်ကို မထိခိုက်ဘူးလို့ထင်သော်လည်း မဟုတ်ပြန်။ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ကားတွေပိတ်သည်။ မှာထားသည့်ကုန်ပစ္စည်းတွေ ရန်ကုန်ကိုရောက်မလာ၊ မီးပဲအရှို့ခံရမလား၊ ဖမ်းပဲသွားမလား စိုးရိမ်မိသည်။
25-Aug-2019
လူတွေ မုဒိတာတရား မရှိကြ။ ဘကြီးရိုးရိုးသားသား ကြိုးကြိုးစားစား ဂါဝင်နည်းဖြင့် ချမ်းသာလာတာကို ဝမ်းသာမပေးကြ။ ဘကြီးတို့ကိုပဲ အပြစ်ရှာနေကြသည်။ ဘကြီးအသည်းတွေ နာသည်။ အသားတွေ တုန်သည်။ မျက်ရည်တွေ ဝေ့ဝဲရစ်ဝိုင်းလာသည်။ ဗမာ ရုပ်ရှင်ကားထဲက မင်းသားတွေလို နှာခေါင်းကြီးနီ...နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာသည်။
21-Aug-2019
မြားပစ်တွင် နိုင်ငံတကာအဆင့် ၁၅၊ ဆင်စီး မြင်းစီးတွင် အဆင့် ၁၃၊ ဓားခုတ်၊ လှံထိုးတွင် အဆင့် ၅ တို့သာရရှိခဲ့သော်ငြား အဆို၊ အက၊ အတီးတွင်တော့... ဘုရင့်တပ်မတော်သည် နံပါတ်တစ် အကောင်းဆုံး ဆုရရှိခဲ့ပေသည်။
17-Aug-2019
သေနတ်ကိုင်မင်းအပေါင်းက ရန်စောင်နေကြဆဲ။ မနေ့တစ်နေ့ကမှ မိုးဦးကျဖားတွေလို ပေါ်လာသည့် သေနတ်ကိုင်မင်းလေးတွေကလည်း အလျှိုလျှို။ သေနတ်အစွမ်းအံ့မခန်း ချာရာဏသီတွင် သေနတ်ဖက်ရှင်အသစ်ကလေးတွေကလည်း မြို့ပေါ်အထိ တက်ဆော်ပြီး အစွမ်းပြသည်။ နောင်တွင်လည်း တစ်ရွာလျှင် တစ်ဖက်ဒရယ်ဟုဆိုကာ သေနတ်ကိုင် ကောင်းဘွိုင်တွေ ပေါ်လာဦးမည်လားမသိ။ တကယ်တမ်း ဘာမှမရှိသည့် ပြည်သူတွေကား ကိုယ့်ထမင်းအိုးလေး ကိုယ်တည်နေရတာဖြင့်ပင် တစ်ယောက်နှင့်တစ်ယောက် တောင်ပေါ် မြေပြန့် ခွဲပြီး မမုန်းအား။