News

29-Oct-2016
''ဟေ့ မဖြစ်ဘူးဗျို့ ... ကျုပ်လည်းပြန်မှပဲ... အဲ့နိုင်ငံက ကျုပ်တို့ အိမ်နီးချင်းဗျ။ တော်ကြာ သူတို့ မိုးပေါ် ထောင်ဖောက်လို့ ကျုပ်တို့ မိုးနတ်မင်းကြီး သွားမှန်နေဦးမယ် ...မြန်မြန်ပြေး သတိပေးမှပဲဗျို့”
23-Oct-2016
ချင်းတွင်းမြစ် ကိစ္စကိုပဲကြည့်။ သေစရာရှိ စက်လှေပိုင်ရှင်လည်း မသေဘူး။ မြစ်ကြောင်း ခရီးသွားလာရေးမှာ တာဝန်ရှိတဲ့ လူကြီးတွေလည်း မသေဘူး။ သေရင် ပြည်သူတွေပဲ သေတော့တာ။
16-Oct-2016
“အကြမ်းဖက်သမားတွေ ရှိနေတဲ့ မောင်တောအထိ ရထားနဲ့ သွားရိုက်မယ်၊ စကြဝဠာအဆင့်မီပြီး အကောင်းဆုံး ဖြစ်အောင် ရိုက်ထားပေးမယ်၊ နောင်ကို လူစုလူဝေးနဲ့ အခုလို ရုတ်ရုတ်သဲသဲ ဖြစ်အောင် ဝေဖန်မယ် ဆိုလို့ကတော့ မြန်မာ့ဓာတ်ရှင်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး။ အကုန်ထောင်ကျအောင် တရားစွဲပစ်မယ်”
09-Oct-2016
. . . အစိုးရမင်းများ၏ ပိုင်ဆိုင်မှုကို လူဆိုး သူခိုးများ မကြားစေရန် ပြည်ထဲရေးဝန်ကြီးဌာနမှ လူဆိုးမှတ်တမ်းရှိသူ အားလုံး၏ နားနှစ်ဖက်ကို လော်ခံ ဂွမ်းများ လိုက်ဆို့ပေးရန် စီမံချက် ဆွဲရတော့၏။
02-Oct-2016
အစိုးရအဖွဲ့ကိုပါ မန်ဘာအဖြစ် သိမ်းသွင်းပြီး မန်ဘာအစိုးရ၊ မန်ဘာလွှတ်တော်ကြီး ဖွဲ့မည်။ တစ်နိုင်ငံလုံး ဘာအလုပ်မှ လုပ်စရာ မလိုဘဲ ဝင်ငွေ ကိုယ်စီရမည်။ တစ်နိုင်ငံလုံး မန်ဘာ ဖြစ်ပြီးသွားလျှင် အိမ်နီးချင်း နိုင်ငံတွေဆီ လေယာဉ်များ စင်းလုံး ငှားပြီး စည်းရုံးရေး ဆင်းကြမည်။
25-Sep-2016
ကိုင်း ... လားငဗြိ မေတ္တာဝေတယ် ... လားအခွင့်အရေး ကော်မရှင်က ... လားကော်မရှင်နာများ ... ကောင်းရာသုဂတိ လားကြပါစေသတည်း။
18-Sep-2016
''ညီလေး...မုန့်ဖိုး...အခုတစ်ခေါက်တော့ သုံးထောင်ပဲ ယူတော့... အစ်ကိုတို့ အေ့...စီးပွားရေးသမားတွေအတွက် အကုန်ပြောင်းလဲနေတာကွ...အေ့...အရင်လို ငါးထောင် မပေးနိုင်တော့ဘူးကွာ...ကလေးမတွေတောင် မုန့်ဖိုး တစ်သောင်းစီပဲ ပေးခဲ့နိုင်တယ်ကွာ...ညီလေး...ကားကြည့်ထားပေးတာ ကျေးဇူး..ကျေးဇူး''
28-Aug-2016
အစိုးရကို ဘုန်းတော်ဘွဲ့ နေသူများကလည်း တစ်မျိုး။ မေမေ့ ဘုန်းတော်ကြောင့် ဆားတွေငန်ပြီး သကြားတွေချိုနေပါသည်ဟု ဆိုနေရာမှ မဟာ ပထဝီ မြေကြီးသည် ဘုန်းတော်ကြောင့် ရုတ်တရက် မြည်ဟည်းလှုပ်ရွ သွားပါသည်ဟု ပြောင်းဖားရန် အကွက်တွေ့သွားကြသည်။
21-Aug-2016
ဒီငနဲတွေရှေ့မှာ အကောင်အထည်ကြီး သွားပြလည်း သူတို့ ပြောနေတဲ့ ပိုကီမွန်လား ဘာလား အဲဒါတွေလောက် စိတ်မဝင်စားလို့ ကျုပ်ကို မော့ကြည့်တာတောင် မဟုတ်ဘူး။ ခက်သဗျာ ... ရန်ကုန်မှာ သရဲဖြစ်ရတာ တော်တော် မျက်နှာငယ်တာပဲ။
14-Aug-2016
ပါးစပ်မှထွေးလိုက် သည့်အခါ တံတွေးသည် လေတွင်ပျောက်ကွယ်သွား သောကွမ်းယာမျိုးကို ဖန်တီးတတ်သည့်အတတ်ပညာအား ရှာဖွေပေးပါဦးလော့၊၊ မည်သည့်မော်တော်ယာဉ်က ဖြစ်စေ အရှိန်နှုန်း မြင့်ချင်သလောက် မြင့်ပါစေ ဖြတ်မောင်းလိုက်သည့်အခါ လမ်းပေါ်ရှိရေအိုင်များမှ နံဘေးသို့ ရေများလွင့်စင်မထွက်စေသည့် ဘီးတာယာများကို တီထွင်လိုက်နိုင်ပြီဆိုသည့် သတင်းမျိုးကိုလည်း မျှော်လင့်မိပါ၏၊၊
07-Aug-2016
အိုက်အက်စ် အကြမ်းဖက်သမားကြီး ဟာရှင် တစ်ယောက် ရန်ကုန်မြို့လယ်တွင် မထသ အာလူးပူတီ စားလိုက်ရ၏။ ထိုအာလူးပူတီ အလှူရှင်များ ပြန်လှည့်သွားမှ ဟာရှင် သူ့ကားကြီးပေါ် ပြန်တက်ရဲသည်။
31-Jul-2016
...မင်းသားက ငါဒီလို အနှိမ်ခံရတာ အစိုးရမကောင်းလို့ဟု ဆိုပြီး နိုင်ငံရေးထဲ ခြေစုံပစ်ဝင်သည်။ နောက်နှစ်အနည်းငယ်အကြာ မင်းသမီးတို့ မောင်နှမမှာ ရုတ်တရက်ဆင်းရဲသွားပြီး ကွမ်းယာ ရောင်းရသည်။ မင်းသားက ဝန်ကြီးချုပ်ဖြစ်ပြီး ကွမ်းယာဆိုင် တွေကိုဖျက်ဖို့ အသံလွှင့်၏။
24-Jul-2016
စိတ်ညစ်တယ်ဗျာ ... မောင်ဗြိဖြင့် ဒီဝန်ကြီးချုပ်တွေ လုပ်ပုံနှယ် ဒီတစ်သက် ခေါင်းလောင်းကြီးကို မြင်ရပါ့မလားလို့ စိတ်ပူမိတယ်။ ပင်ပင်ပန်းပန်း ရေကူးသယ်လာရတဲ့ နဂါးတွေခမျာ အခုတော့ ရေကူး ချန်ပီယံကနေ အပြေး ချန်ပီယံ ဖြစ်ကုန်ကြပြီဆိုတော့ဖြင့် ဘယ်လောက် အားနာဖို့ ကောင်းလိုက်လဲ။
17-Jul-2016
“အေး..အခုလည်း ဟိုအဖွဲ့ကြီး မရှိသင့်ဘူးလို့ သူက စင်ကာပူမှာ ပြောပြန်တယ်မဟုတ်လား... သူပြန် လာတာဖြင့် တစ်ပတ်ကျော်ပဲ ရှိသေးတယ်။ ဟိုအဖွဲ့ ကြီးဟာ နေ့ချင်းညချင်း တရားမဝင်ဖြစ်သွားလို့... သပိတ်ထမယ် တကဲကဲလုပ်ပြီး ဓားသွေး၊ ကတ်ကြေး သွေးနေတဲ့ အဖွဲ့ဝင်တွေတောင် အူလည်လည်ဖြစ်ကုန် ပြီမဟုတ်လား”