News

19-Feb-2017
ပထမပင်လုံ၊ ဒုတိယပင်လုံ၊ တတိယပင်လုံမှသည် ၁၀၁ ကြိမ်မြောက် ပင်လုံတွေ ဘာတွေဖြစ်ကုန်သဖြင့် ပင်လုံမြို့သည် တိုင်းရင်းသားရိုးရာ ဝတ်စုံနှင့် အစားအစာပေါင်းစုံ ရောင်းချသည့် ဈေးတန်းကြီးတွေ၊ ရှောပင်းမောကြီးတွေနှင့် ဖြစ်ကုန်လေပြီ။
12-Feb-2017
အုတ်နီခဲကျိုး တစ်လုံးဖြင့်ပင် အကြမ်းဖက်သမားကို လက်ရဖမ်းပြခဲ့ပြီ။ ဒီလိုဆိုတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လေသံဖြင့် အုတ်နီခဲ ရှိနေပြီပဲ... သေနတ်တွေ မလိုတော့ပါဘူးဟု မဆိုလင့်နှင့်။
05-Feb-2017
မြင်းခွာတစ်ချက်ပေါက်ရင် ဖုန်လုံးလုံး ထသွားမယ်တို့၊ တိုက်ပွဲခေါ်သံတို့၊ အာဏာရှင်တွေကို ဘာဖြစ်တယ် ညာဖြစ်တယ်တို့ အဲလိုကြွေးကြော်သံတွေကို ခေါင်းစီးအမည်းကြီးတွေနဲ့သာ မျက်နှာဖုံးမှာ တင်လိုက် ရောင်းလို့ လက်မလည်တောင် ဖြစ်သွားဦးမယ်။
29-Jan-2017
နောက်ထပ် နေ့တစ်ဝက်လောက် ဆက်ထိုင်လိုက်လျှင် သူ့ဆီလာသည့် ရဲဘော်ဖောက်သည်များ မြင်ရရုံဖြင့် ကိုယ်ပါ သူတိုက်သည့် လက်ဖက်ရည်ကို အခမဲ့ သောက်ရသည့်အဖြစ် အချိန်မရွေး ရောက်သွားနိုင်သည့် အခြေအနေ။
22-Jan-2017
ဘတ်စ်ကားတွေ တစ်စီးပြီးတစ်စီး ဆိုက်လာသော်လည်း ဆယ်လီမောင် ကားပေါ် မတက်သေး။ ရှစ်နာရီ ထိုးပြီ။ ဘတ်စ်ကား မှတ်တိုင်တွင် လူအုပ်ကြီးက တဖြည်းဖြည်း များလာပြီ။ ဟိုဗော်လံတီယာတွေ အလုပ်ရှုပ်ပြီ။ လူတွေကလည်း ပွစိ ပွစိ ဖြစ်လာကြသည်။
15-Jan-2017
အနှီဖေ့ဘွတ် ဟူသည်ကား ချိုမိုင်မိုင် ချိုမိုင်မိုင် မေမေ့ချိုချိုကိုင် ဟူသော မဟာ အလင်္ကာကြီးမျိုးကို ရေးသားကာ နာမည်ရှေ့တွင် ပိုးဟပ်ဟု တပ်သူ တစ်သန်း ရှိနေသောနေရာ။
01-Jan-2017
“ဟေ့ ... မစ္စတာဥက္ကဋ္ဌကြီး ... ခင်ဗျားတို့နိုင်ငံက ဘတ်စ်ကားပေါ်မှာ မိန့်ခွန်း ပြောတဲ့လူက မာန်ပါသဗျိုး ... ကျုပ် ငယ်ငယ်တုန်းက မြူးနစ် နာဇီညီလာခံမှာ ဒီလိုပဲ ဒေါနဲ့မောနဲ့ မိန့်ခွန်းပြောခဲ့တာ သတိရသေးသဗျာ ... သူက ကျုပ်ဘက်ကို ကြည့်ပြီးပြောနေတာ ... ကျုပ်ကို ဟစ်တလာမှန်း သိလို့များလားဗျ”
18-Dec-2016
အစိုးရ ဆိုတာကတော့ဖြင့် သူ့ကို သွားထိရင် အကုန်ပြန်တွယ်တဲ့ အမျိုးကြီးပဲ။ လူကိုပစ်တဲ့ လူပစ် အစိုးရ၊ လူကိုရိုက်တဲ့ လူရိုက်အစိုးရ၊ လူကိုထုတဲ့ လူထု အစိုးရ ... အို အစိုးရမှန်သမျှကတော့ ဒီနေရာမှာ အားလုံး အတူတူပဲ။
04-Dec-2016
တော်ပါပြီဗျာ ... နိုင်ငံတော် ပြည်အရေး ဆွေးနွေးရတာဖြင့် ချားစီးရသလိုပဲ ပတ်လည်ရိုက်နေတယ်။ ခင်ဗျားတို့ ချားစီးနိုင်ငံရေးကြီးတွေ အသာထား ... ကိုင်း အမောပြေ လက်ဖက်ရည် တစ်ယောက် တစ်ခွက် သောက်ကြမယ်ဗျာ။
26-Nov-2016
အဲဒါ လက်နက်ပဲ ...။ ရန်ကုန်မြို့ထဲ ဒီရက်ပိုင်း ဗုံးပေါက်တယ် ဆိုသမျှ ဒီထိုင်းလုပ် M 150 တွေချည်း မဟုတ်လား။ တစ်လုံး ငါးရာကျပ်တန် ဗုံးမျိုး ဘယ်မှာများ ရလိုက်မတုံး။
20-Nov-2016
ခြောက်လ ကြာတော့ ကုန်ဈေးနှုန်းတွေချည်း နှစ်ဆတက်မှ ကဲ ကျုပ်မပြောလား နှစ်ဆ တိုးအောင် လုပ်ပေးပါပြီဆိုတဲ့ မျက်နှာ ပြောင်ပြောင်သာ ထားတတ်ဖို့လိုတာ။
13-Nov-2016
ပရလောက အာဏာပိုင်တွေထဲက အမျိုးသားတွေဆိုလည်း အောက်ခံ စွပ်ကျယ်တောင် အကောင်းစား မဝတ်ကြတော့သလို အမျိုးသမီးတွေ ဆိုလည်း ဘော်လီ မဝတ်ကြတော့ပါဘူး။ နို့ ... ဒါဖြင့် ... အမျိုးသမီးတွေ ဘာဝတ်တုံးဆို။ ဘရာစီယာ ပြောင်းဝတ်ကုန်ကြပါပြီ။ ဒါပါပဲ။ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတာ။
29-Oct-2016
''ဟေ့ မဖြစ်ဘူးဗျို့ ... ကျုပ်လည်းပြန်မှပဲ... အဲ့နိုင်ငံက ကျုပ်တို့ အိမ်နီးချင်းဗျ။ တော်ကြာ သူတို့ မိုးပေါ် ထောင်ဖောက်လို့ ကျုပ်တို့ မိုးနတ်မင်းကြီး သွားမှန်နေဦးမယ် ...မြန်မြန်ပြေး သတိပေးမှပဲဗျို့”