News

21-Oct-2017
စိတ်ကူးယဉ် အစ်ကိုလေးက အတိုလေးတွေ ကိုင်လာတာ ဘာများ အရေးကြီးလို့တုံး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲလေ။ ကုသခြင်းထက် ကာကွယ်ခြင်းက ထိရောက်တယ် မဟုတ်လား။
15-Oct-2017
ရခိုင်တွေ ဒုက္ခရောက်နေတာကိုတော့ ခေါက်ဆွဲခြောက်လောက်လှူပြီး မာမူ့ကို ချစ်ပြနေတာ မသင့်တော်ဟု ဆိုကြပြန်သည်။
08-Oct-2017
တခြားမကြည့်နဲ့ ဘောလုံးဥက္ကဋ္ဌကြီးကိုပဲ ကြည့်။ဘောလုံးပြိုင်ပွဲတိုင်း ဘောသမားတွေနဲ့ ဖက်ငိုရလွန်းလို့ ရုပ်ရှင်သာ ရိုက်စားမယ်ဆို ဒရာမာခန်းတွေနဲ့တင် အကယ်ဒမီ ငါးထပ်ကွမ်းလောက် ဖြစ်နေပြီ မဟုတ်လား။သို့ပေတည့်…သူလည်း.. အခုနောက်ပိုင်း ပြိုင်ပွဲတွေဆို ရှုံးလည်း ရယ်ရယ်မောမော နေနိုင်သွားပြီ။
01-Oct-2017
ဒါကြောင့် ကားပုံလေးတွေ ယူသည်။ တာမွေက သတိပဋ္ဌာန်လမ်းကို သွားသည်။ စိုပြေနဲ့ သောက်ဖော်သောက်ဖက် ကားပွဲစားတွေကို ပြသည်။ သူတို့က ရောင်းပေးသည်။ ဈေးတွေဆစ်သည်။ ကားတွေသွားကြည့်သည်။ ကားတွေကို တတောက်တောက်ခေါက်သည်။ အိုကေကြိုက်ပြီ။ ဈေးတည့်။ ရောင်း။ စိုပြေ ပွဲခရသည်။ ဒါပေမဲ့ ဘာကားရောင်းလိုက်မှန်းမသိ။ ကိစ္စမရှိ။ အဓိကက ပွဲခရဖို့ မဟုတ်လား။
24-Sep-2017
..သူ့ပြဇာတ်နာမည်က ရိုမီယိုနဲ့ ဂျူးလိယက်တဲ့ဗျ... ဇာတ်ကောင်နာမည်က ရိုမီယိုနော်... အဟင်း... ၁၆ ရာစုက ရှိတ်စပီးယားကတော့ မောင်တော မရောက်ဖူးလောက်ဘူးဗျ... ဒီအချက်ကို ကြည့်ခြင်းအားဖြင့် နာမည်အစမှာ ရိုတပ်ထားကြတဲ့ ဒီမောင်တွေဟာ အင်္ဂလန်နိုင်ငံသားတွေဖြစ်ဖို့ ရာခိုင်နှုန်း များတာပေါ့ဗျာ...
17-Sep-2017
ခုတော့ တစ်ကမ္ဘာလုံးက မီဒီယာတွေ ဝိုင်းပြီး သတင်းမှား ဖြန့်လိုက်ကြတာ တပည့်တို့ တိုင်းပြည်ဟာ လူမျိုးတုံး သတ်ဖြတ်နေပါတယ်လို့တောင် အစွပ်စွဲခံနေရခင်ဗျ။ ဒီအကြောင်းကိုတွေးရင် မိအေးနှစ်ခါနာရတဲ့ အဖြစ်ကို အသည်းနာလွန်းလို့ ဘာမှစားချင် သောက်ချင်စိတ်တောင် မရှိတော့ပါဘူးဆြာ
10-Sep-2017
မျိုးချစ်တွေနဲ့ မတည့်တဲ့ ဒီမိုတွေကလည်း ကုလားပဲကို မစားပြန်ဘူး။ အဲ့ပဲက စစ်သားတွေ စားတာတဲ့။ စစ်သားစားတဲ့ အစားအစာ မစားချင်ဘူး ဆိုလားပဲ။ သူတို့လည်း စစ်သားစိတ် ပေါက်သွားမှာ စိုးလို့လား မသိဘူး။
03-Sep-2017
“အေးကွာ အိမ်မှာလည်း သူခိုးဝင်တာ ခြံစည်းရိုးကို ပြီးစလွယ်ကာခဲ့လို့တို့၊ အိပ်ရာက မနိုးလို့တို့နဲ့ ကိုယ့်အိမ်သားအချင်းချင်း ကွိုင်နေတာကို အရင်ဖြေရှင်းနေရတာနဲ့ သူခိုးက ကိုယ့်ပြန်တိုင်တဲ့အဖြစ် ဖြစ်သွားတာ”
27-Aug-2017
အလုံးစုံသော အပြစ်တို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့တွင်သာရှိ၏။ အကြမ်းဖက်သမားများတွင် မရှိ။ အကြမ်းဖက်သမားများသည် အပြစ်ကင်းစင်သူများ ဖြစ်သည်။
20-Aug-2017
ဒီတော့ လူကြိုက်များသူ၊ လူချစ်လူခင်များသူ တစ်ယောက်ယောက်ကို ရွေးမှဖြစ်မည်။ သူ့ဘက်မှာနေမှ သူ့နောက်လိုက်တွေကပါ စိုပြေ့ကို ဝန်းရံမှာပေါ့။ ဒီတော့ ဘယ်သူရှိတုံး...။ ဟာ... ကွီးဖြိုး...။ ကွီးဖြိုးအတွက် ကွီးဖြိုးကို ဆဲသူတွေကို ၆၆ (ဃ) နဲ့ တရားစွဲပေးရင်ရော...။ သိပ်တော့မလို...။ ကွီးဖြိုးက သတ္တိရှိသည်။ သူ ကိုယ်တိုင် ထထစွဲတာ...။ သူ့အတွက်လည်း စိတ်ချရသည်။
13-Aug-2017
“သားတို့ ကေဂျီတန်းက ဆရာမကပြောတော့ သူများဟာ မယူရဘူး... သူများကို သွားရန်မလုပ်ရဘူး... အဲ့ဒီလို သူများပိုင်တဲ့ဟာကို သွားလုပ်ရင်...လူဆိုးတဲ့... အခုကျတော့ သားက သူများဂိုးမို့ သွားမသွင်းဘူး... ကိုယ့်ဂိုးကိုယ်သွင်းတာ... ဘယ်လိုလုပ် လူဆိုးဖြစ်မှာလဲ...ဦးရဲ့”
06-Aug-2017
ဘာပဲဖြစ်ဖြစ် လူကြီးတွေ ကြက်သားစားပြီးတော့... လူတွေလည်း ကြက်ငှက်တုပ်ကွေး မရှိကြောင်း ယုံသွားလောက်ပြီ။ ဒါပေမဲ့ နည်းနည်းတော့ စောင့်ကြည့်ဦးမယ် ထင်တယ်။ အခုလို စားပြတဲ့လူတွေ ကြက်တုပ်ကွေး ဖြစ်မဖြစ်ပေါ့။ ဖြစ်ရင် သူတို့ အရင်သေပစေဆိုတဲ့ သဘော...။
30-Jul-2017
“မျက်နှာဖုံးတွေက ဈေးတက်ကုန်ပြီဆိုပဲ” ...“တုပ်ကွေးမဖြစ်ချင်ရင် အရည်များများ သောက်ပေးရမယ်တဲ့” အလိုလေး... ဒီတစ်ခုတော့ ငါနဲ့ ကိုက်ပြီဟ...ညနေ ဘီယာဆိုင် လစ်ရမယ်ဟု တွေးကာ တံတွေးပင် မျိုချမိသည်။
23-Jul-2017
အခုတော့ ကိုဖြိုးက စပယ်ယာတွေကို ဖြုတ်ပစ်လိုက်ပြီ။ စိုပြေ အားကျခဲ့ရတဲ့ စပယ်ယာတွေတောင် ဘဝပျက်ကုန်တာ...။ စိုပြေ့ ရည်မှန်းချက်လေးတော့ သွားပြီ။ အဲ့တော့ မြန်မာပြည်က ထွက်တော့မယ်။ စပယ်ယာတွေရှိတဲ့ နိုင်ငံကိုပဲ သွားတော့မယ်။
09-Jul-2017
ဘာပဲဖြစ်ဖြစ် အရင်တုန်းက စကားတွေ သတိရသည်။ ရွေးကောက်ပွဲပြီးခါစက ဖြစ်သည်။ အစိုးရသစ်တက်ရင် နိုင်ငံခြားက မြန်မာတွေ ပြန်လာမည်။ ဦးနှောက်ယိုစီးမှု မဖြစ်တော့။ မြန်မာတွေ ပြန်လာရင် အဲ့နိုင်ငံတွေ ဒုက္ခရောက်မည်။ အလုပ်လုပ်မယ့်လူ မရှိတော့လို့...။ စသည်ဖြင့်...။