News

27-Jan-2018
အဲ့တော့ ဥရောင်းမယ်ဆိုတဲ့ လူတွေကို ဆက်သွယ်တယ်။ သူတို့လည်း အံ့ဩသွားတယ်။ တကယ်လားတဲ့ ...။ လူတွေကလည်းသိတဲ့အတိုင်း တကယ်တမ်း ဝယ်မယ်လည်းဆိုရော ... မိန်းမနဲ့ တိုင်ပင်မယ့်လူနဲ့ ...။ မိဘနဲ့ တိုင်ပင်မယ့်လူနဲ့ ...။ နောက်ဆုံးလေးယောက်ပဲ ကျန်တယ်။ စိုပြေ့ သူငယ်ချင်း နှစ်ယောက်ကတော့ တကယ်ရောင်းမှာ ...။
21-Jan-2018
“ကျားဆွဲတာ နောက်မှဗျ... တကယ်လို့ ပြည်ထောင်စုကြီး ပြိုကွဲသွားလို့ နိုင်ငံတွေများလာရင် ဆီးဂိမ်းမှာ နိုင်ငံတွေ အများကြီးဖြစ်သွားမယ်။ ဘောလုံးပြိုင်ပွဲ ဆို အရင်က အုပ်စုနှစ်စုကနေ အုပ်စုလေးစုတို့ ဘာတို့ ဖြစ်လာမယ်။ ကျုပ်တို့လည်း ဘောလုံးပွဲတွေ အကြာကြီး ကြည့်ရမယ်...ပြီးတော့ ...”
14-Jan-2018
ဒီတော့ စိုပြေတို့ မြန်မာနိုင်ငံတော်ကြီးဟာ မင်္ဂလာတွေ ခဏခဏဆောင်ပြီး မင်္ဂလာရှိတဲ့ နိုင်ငံကြီးဖြစ်ပြီပေါ့။ တစ်ခုတော့ရှိတယ်။ မင်္ဂလာတွေ ဆောင်လွန်းတော့ စပွန်ဆာတွေ ပေးရတာနဲ့ ဟိုတယ်တွေ၊ ပိုးထည်တိုက်တွေ၊ ခရိုနီတွေလည်း စိတ်တော်တော်ညစ်မယ်ထင်တယ်။ ပြဿနာမရှိပါဘူး။ ခရိုနီတွေကိုလည်း လက်ဖွဲ့အနည်းအများပေါ်ကိုကြည့်ပြီး လုပ်ပိုင်ခွင့်တွေ ချပေးလိုက်မှာပေါ့။
07-Jan-2018
ချွေတာရေး နိုင်ငံတော်ကြီးကား စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင်ပါ အလွန် ချွေတာသဖြင့် အိမ်နီးချင်း နိုင်ငံများကပင် ကျော်တက်သွားကြလေပြီ။ သဘောကောင်းလေစွ။
31-Dec-2017
ဘာလို့ ဒီရက်ပိုင်း အဖမ်းကြမ်းလဲ စုံစမ်းကြည့်တော့မှ ...။ အမေစု ပြန်ရောက်နေလို့တဲ့ ....။ ငါးဖမ်းတာကို အမေစုကြိုက် မကြိုက်တော့ မသိဘူး။ ဦးရဲကြီးတွေကတော့ ဖမ်းတာပဲ။ စိုပြေ့ စိတ်ထင် လုံခြုံရေးယူတာနေမယ်။ ငါးမျှားတဲ့ လူတွေက ကိုင်းတံတွေနဲ့ဆိုတော့ လက်နက်လား ဘာလားဆိုပြီး တစ်မျိုးတစ်မည် ထင်ပုံရတယ်။
24-Dec-2017
အဲ့ဒီလို...အချုပ်ထောင်တွေက သတင်းသမားများ ထွက်ချည်ဝင်ချည် ခိုနားရာဖြစ်တော့ ဘာဖြစ်တုံး။ ဒါဟာ တစ်ချိန်မှာ သတင်းမီဒီယာသမားတွေထဲက သမ္မတတွေ၊ ဝန်ကြီးတွေ ထွက်ပေါ်လာနိုင်တဲ့ နိမိတ်လို့သာ မှတ်ပေရော့။
17-Dec-2017
အဲ့လို သတင်းထောက်တွေကို အကုန်ဖမ်းမှ နားအေးမှာ...။ နို့မို့ဆို အစိုးရနဲ့ စစ်တပ်ကို ဘာလဲ ဘယ်လဲဆိုပြီး မေးခွန်းတွေထုတ်။ အကြပ်ရိုက်အောင် လုပ်။ အခွန်တွေကောက်နေပါတယ် ရေးလို့ရေး။ ပြည်သူတွေ ငတ်နေပါတယ်ရေးလို့ရေး ...
10-Dec-2017
သူ့ရှေ့တွင် ထိုင်နေသော ကိုတင်ငွေ ဦးဆောင်သူတစ်စုက သူ့ကို သေချာပြူးကြည့်ကြသည်။ ပင်နီတိုက်ပုံ လဲဝတ်ပြီးသော ဦးမြတ်လှသည် ရှက်ကိုးရှက်ကန်းဖြင့် နံရံထက်က သမ္မတပုံကိုကြည့်သည်။ ထို့နောက် မိမိချစ်သော ထိုင်ခုံလေးကို ကြည့်သည်။ “အေးလေ... သူတို့ဟာ သူတို့ ဘယ်သူပြောင်း ပြောင်း ... ငါ့ထိုင်ခုံလေး မပြောင်းရ ပြီးတာပဲ”
03-Dec-2017
တစ်ဆက်တည်းမှာ ရန်ကုန်မြို့က မြေကြွက်ကြီးတွေအတွက်လည်း စိုးရိမ်မိတယ်။ သူတို့ကို မြေအောက်ရထားကြီးက တိုက်မိကုန်တော့မှာပဲ။ မြေကြွက်ကြီးတွေ သနားစရာ။ ကိုကြီးဖြိုးကို တစ်ခုတော့ တောင်းဆိုချင်သဗျာ...။ အဲ့လို မြေအောက်ရထားလုပ်မယ်ဆိုရင် ရန်ကုန်မြို့က မြေကြွက်ကြီးတွေကိုတော့ အရင်ဆုံး နေရာရွှေ့ပေးသင့်တယ်။ နို့မို့ဆို မြေကြွက်တွေ ဒုက္ခရောက်မှာ။ နေရာရွှေ့မပေးဘူးဆိုရင်တော့...။ စိုပြေက ကန့်ကွက်မှာပဲ။
26-Nov-2017
အိမ်သူလေဒီ၏ ညည်းသံ၊ ညူသံများကြောင့် အစိုးရက ထပ်ခန့်သည့် လူကြီးများအကြောင်း အတွေး ကောင်းနေသော ကျွန်တော့်မှာ ခရမ်းချဉ်သီးအစိမ်း အစိတ်သားမှ သုံးဆယ်သား ဖြစ်လာသည့် ကိစ္စကိုသာ ဆက်တွေးရင်း ... မချိပြုံးလေး ပြုံးပြလိုက်ရလေတော့သတည်း။
19-Nov-2017
ဒီကြားထဲမှာ စိုပြေဟာ ကံမကောင်း အကြောင်းမလှဖြစ်ပြီး အာဏာရသွားရင်တော့ ပြဿနာပဲ ...။ ဘာလို့တုံးဆိုတော့ စိုပြေကလည်း စိုပြေချစ်တဲ့ လူတွေပုံနဲ့ ငွေစက္ကူ ထုတ်ချင်တာကိုး ....။
12-Nov-2017
“အိုဗျာ ... ဘာတဲ့ ပြည်သူထဲက လူတချို့ ပြောတာကြားခဲ့တယ် ... အစိုးရကလည်း တွေ့သမျှ အခွန်လိုက် ကောက်တာပဲတဲ့။ တွေ့သမျှ အခွန်တွေလိုက် ကောက်တယ်ဆိုကတည်းက သန့်ရှင်းရေး အားပေးတဲ့ အစိုးရမို့ပေါ့ဗျ ...”
04-Nov-2017
ထိုအရာသည် မြန်မာပြည်သို့ လာရောက်မည့် နိုင်ငံခြားသား ဧည့်သည်များအတွက် ထုတ်ဝေထားသော ခရီးသွားလမ်းညွှန်များတွင်လည်း မပါရှိသေးသဖြင့် ဒီလောက် ဆိုးဝါးသည့်အရာ ရှိနေမည်ဟု သူ လုံးဝ ထင်မထားခဲ့။
29-Oct-2017
ဘာသာပေါင်းစုံ မငြိမ်းချမ်းမချင်း ဆုတောင်းမယ်ဆိုရင်တော့ ...။ ပြဿနာ ရှိပြီ။ ရန်ကုန်မှာ ငြိမ်းချမ်းအောင်လား၊ ရခိုင်မှာ ငြိမ်းချမ်းအောင်လား ...၊ တစ်ကမ္ဘာလုံးမှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ရအောင်လား ...။ ဒါဆိုရင်တော့ ငါးနှစ်လောက်လည်း မရလောက်ဘူး။ တစ်သက်လုံး လုပ်ရမယ်ထင်တယ်။
21-Oct-2017
အခု အင်္ဂါနေ့တိုင်း ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ ကျင်းပနေတယ်လေ။ ခဏခဏ အင်္ဂါနေ့တိုင်း ကျွန်တော်တို့ဟာ ချစ်ကြပါတယ် ချစ်ကြပါတယ်လို့ တတွတ်တွတ် ဆိုနေတော့ ကျန်တဲ့နေ့တွေမှာ မချစ်ကြလို့များလားပေါ့။