News

08-Jul-2018
နောက်အနှစ် ၂၀ မှာ မြန်မာပြည်ဟာ စင်ကာပူကိုမကျော်ရင် ဘယ်သူ တရားခံဖြစ်မယ်ထင်လဲ။ အများစုက စင်ကာပူကို ကျော်မယ်လို့ပြောခဲ့တဲ့ အမေစုကို အပြစ်တင်ကြမှာပေါ့။
30-Jun-2018
“ဒီသတင်းစာကို ဖတ်ကြည့် ... မူးယစ်ဆေးဝါးသမားတွေကို ရှာဖွေဖော်ထုတ်နိုင်ရင် အစိုးရက သိန်းတစ်ရာ့သုံးဆယ်အထိ ဆုချတော့မယ်တဲ့”
23-Jun-2018
ဒါ အင်မတန် နစ်နာရတဲ့ အရက်သမား အခွင့်အရေး ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်။ အခွန်ဆောင်မှ နိုင်ငံကြီးသား ပီသမည်ဟု ခြိမ်းခြောက်ကြေညာထားလို့သာ မျိုးချစ်စိတ် မြင့်မားသူကြီး အိုက်တင်နဲ့ အခွန်ဆောင်နေရတာ။ တကယ်တော့ အခွန်ကို အုတ်ခဲ မုန်းသည်။ သောက်လို့ မဝသေးခင် ကုန်ကုန်သွားတဲ့ အရက်ပုလင်းခွံတွေမြင်ရင် ပိုစိတ်နာသည်။
16-Jun-2018
အစိုးရကို အမြဲအပြစ်တင်နေသူတွေ အနေနှင့်လည်း အမေစု ပြောစကားတွေကို ပြန်လည်နားထောင် သင့်သည်။ ဒါမှ အရာအားလုံးဟာ ပြည်သူတွေနှင့်သာဆိုင်ကြောင်း သိကြပေမည်။ ဒါပေမဲ့ ၂၀၁၅ ရှေ့ပိုင်းက အမေစုပြောတာတွေကိုတော့ ပြန်နားမထောင်နှင့်။ အဲ့ဒါတွေ ပြန်နားထောင်လျှင်တော့ အရာရာသည် အစိုးရနှင့်ဆိုင်သည်ဟု ထင်သွားလိမ့်မည်။
02-Jun-2018
လူငယ်တွေ ဒီလောက်ရှိနေတာကို ဒါကြီးကိုမှ ရွေးရသလားကွာဆိုပြီး ပြည်သူတွေက အံ့ဩသည်။ အတိုက်အခံသမားတွေက လန့်သွားသည်။ အဘတွေကတောင် အဘပြန်ခေါ်ရမယ့် အရွယ်ကြီးကို ရွေးလိုက်တာကိုး။ ဒါကလည်း နိုင်ငံရေး အားသာချက်ဖြစ်သည်။ အဘတွေက အဘပြန်ခေါ်ရပြီဆို အတိုက်အခံလည်း ငြိမ်သွားနိုင်သည်။ လော်ဘီတွေကတော့ အေးဆေးပါ။ မဟာသီယာတောင် ၉၂ နှစ်ရှိတာ အစိုးရ ပြန်လုပ်တုန်းဆိုပြီး ထောက်ပြသည်။ အဲ့တော့ အဘဘက်တော်သားတွေကလည်း ဦးသန်းရွှေကြီး ပြန်ခေါ်လိုက်ရမလားဆိုပြီး ပြန်တမ်းတသည်။
26-May-2018
“ဟာ...ဆရာမကလည်း...သား ကျောက်အောင်ပြီလေ... အခု ကားဝယ်လာတာ... လာ...ကားပေါ်တက် ...သားလိုက်ပို့မယ်” အမေရော ကျွန်တော်ပါ ဘေးဘီကိုကြည့် လိုက်သည်။ ကားနှင့်တူတာ ဘာမှ မတွေ့။
19-May-2018
“ရေမလာ အစိုးရ၊ ခွေးသတ်အစိုးရ၊ ကားသွင်းခွင့်မပေးတဲ့အစိုးရ”ဆိုပြီး ဆက်ပြောနေသေးသည်။ “ဟာ ... ဟေ့ကောင် ဘာတွေ အော်နေတာလဲ။ မင်းတော့ အဖမ်းခံရတော့မှာပဲ။ လာအိမ်ထဲကို”ဟု ကျွန်တော်ကလှမ်းခေါ်လိုက်သည်။ “မင်းကရော ဘာလို့ စောစော မထရတာတုံး ငါအော်ခေါ်တာ မကြားဘူးလား။ ဘောမ လက်သစ်ကောင်”
12-May-2018
ငြိမ်းချမ်းရေးအော်လျှင် အော်သလောက် ကျွန်တော်တို့ ပြည်တွင်းစစ်သည် နှစ်ကာလ ရှည်ကြာ ပြီ။ ပြည်တွင်းစစ်ကြီးတိုက်ရင်း စီးပွားပျက်သွားသည့် လက်နက်ကိုင်ခေါင်းဆောင်ဟု ရှာမတွေ့။ စီးပွားဖြစ်သွားသူတွေသာ တွေ့နေရ၏။ ပြည်တွင်းစစ်ကြီးကြောင့် ဘဝတွေပျက်၊ စီးပွားတွေပျက်၊ အသက်ထွက်သွားသည့် အောက်ခြေငယ်သားနှင့် ပြည်သူတွေသာ မိုးဦးကျဖားလို တပြုတ်ပြုတ်။ ကမ္ဘာ့အလယ်တွင် ပြည်တွင်းစစ် အရှည်ကြာဆုံး တိုင်းပြည်အဖြစ် နာမည်ကလည်း ပျက်ပြီးရင်း ပျက်ရသည်။
05-May-2018
မြန်မာပေါကားကို ကမ္ဘာကကြည့်ဖြစ်လို့ အကြိုက် တွေ့သွားရင် ထောပြီလေ။ အဲ့တော့ မြန်မာပြည်အနေနဲ့ အဆင့်မြင့်ကားတွေ၊ ရှယ်ကားတွေ ထုတ်လုပ်နေတာ ပင်ပန်းတယ်။ ပေါကားသာ ဆက်ရိုက်။ အဲ့ပေါကားကို မားကက်တင်း ကောင်းကောင်းနဲ့ဖြန့်။ ကမ္ဘာပေါ်က ငပေါတွေကြားမှာပေါက်မယ်။
28-Apr-2018
တကယ်တော့ ... မောင်ဗြိ သိလိုက်ပါပြီ။ အိမ်ထောင်ဦးစီးကြီးဟာ အမှိုက်ပုံ မီးလောင်နေချိန်မှာ အမှိုက်ပုံကြီး ဆီမလာသေးဘဲ သာသနာရေးကိစ္စတွေ လုပ်နေတာအကြောင်းရှိပါတယ်။ သာသနာရေးဆိုင်ရာတွေလုပ်တော့ နတ်ပြည်က သိကြားမင်းကမနေသာဘဲ လူ့ပြည်ကို ဆင်းလာရပါတယ်။ ဒီတော့ သိကြားမင်းနဲ့အတူ မိုးက ပါလာပါလေရောလား။ ကိုင်း ... မိုးရွာလိုက်တော့ ... အခု မီးငြိမ်းပြီလေ။
21-Apr-2018
ကြောက်ဆို သူက ရန်ကုန်ကို စီမံခန့်ခွဲနေသူကြီး မဟုတ်လား ...။ ကွမ်းယာဆိုင်တွေ၊ မာဆတ်၊ ကေတီဗီတွေက အစ ... ဘတ်စ်ကားကြီးတွေနဲ့ ကွန်တိန်နာတွေ အလယ် ...။ အခုဆို မြတ်စွာဘုရားရဲ့ ဆံတော်တွေကိုတောင် စီမံခန့်ခွဲနေတာ ...။ သြင်္ကန်ကိစ္စ ဘာညာကတော့ ထားလိုက်ပါတော့ ...။ သူလုပ်တိုင်း ဘယ်လို ကသောင်းကနင်းဖြစ်လဲဆိုတာ အားလုံးအသိ ...။
06-Apr-2018
“စိတ်ညစ်တာက အခုခေတ်ကလေးတွေပေါ့။ ကလေးတွေ ဆိုတဲ့အတိုင်း ရည်းစားတွေရှိကြမယ်။ ရည်းစားနဲ့ အပြန်အလှန် ပြောကြတာတွေ အစိုးရက စောင့်ကြည့်နေမလား။ ဟိုပေါ်ဒီပေါ်ပုံတွေကို အစိုးရက တွေ့သွားမလား။ အစိုးရကတွေ့သွားပြီး မိဘတွေကို သွားတိုင်မလား။ စိုးရိမ်ကြမှာပေါ့”
18-Mar-2018
“မမဝင်း နားကပ်လေး လှလိုက်တာ။ ဒီနေ့ဝတ်တဲ့ချိတ်လေးက လန်းတယ်နော်။ ဟို တဘက်လေးရော မခြုံတော့ဘူးလား။ ဟိုစိန်ကလေးက မမဝင်းနဲ့ အရမ်းလိုက်တယ်” ဆိုတာတွေဟာ ဗိုလ်အောင်ထိန်ရဲ့ ဖားလုံးတွေပဲ။ အဲ့လို ဖားလွန်းအားကြီးတော့ ဗိုလ်အောင်ထိန်ဟာ ဖားကြီးနဲ့ တူလာတယ်။ ဖားတောင်မှ စားဖားမဟုတ်။ ပါးအစ်အစ်နဲ့ ဖားပြုတ်ကြီးနဲ့တူတာ။
10-Mar-2018
ဖြစ်ပြီးရင်ပျက်တတ်တဲ့ သင်္ခါရသဘောတွေထဲ ဒီငြိမ်းစုစီဆိုတာကြီးလည်း ပါတယ်လို့ မှတ်လိုက်ပါတော့ကွယ်။ ဒီလောက်ဆိုရင်ဖြင့် တူမောင်ကြီးလည်း ကျေနပ်လောက်ပြီ ထင်ပါတယ်။