News

07-Apr-2019
စစ်တပ်ကို မကြိုက်ရင်ရော ...။ ဒါဆို စစ်တပ်ထဲဝင်ပြီး စစ်တပ်ကို ပြောင်းလဲရမှာပေါ့ဟု ကျော်စိုးတွေးမိလေသည်။ “ဟုတ်တယ်လေကွာ ...။ အမေစုတောင် အာဏာရှင်ကို မကြိုက်လို့ ဖြုတ်ချပြီး ... သူကိုယ်တိုင် လုပ်နေတာမဟုတ်လား”ဟု ကျော်စိုးက ကျွန်တော့်ကို ပြောပြသည်။
01-Apr-2019
အောင်ပန်းမြို့သူမြို့သားတို့ကား သူတို့၏ ရွှေဗထူးအား မည်မျှ ကြည်ညိုကြသည်ကို အောင်ပန်းမြို့အဝင်ရှိ ဗထူး နှစ်တစ်ရာ့ငါးဆယ်ပြည့် စေတီတော် ကြီးတွင် ကပ်လှူထားသည့် ရွှေဆိုင်း၊ ပန်း၊ ဆီမီး ဆွမ်းတော်ပွဲများကို မြင်ရုံဖြင့် သိနိုင်ပါသည်။
31-Mar-2019
ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့နိုင်ငံကလူတွေ အခုလို ကျုပ်ကို အရင်လို ရွံရှာစက်ဆုပ်ပြီ မပတ်သက်စရာကောင်လို့ သဘောမထားတော့တာ ကျေးဇူးတင်ပါတယ်ဗျာ။ ကျုပ်ကို အခုလို အဆင့်ရှိရှိ သန့်သန့်ရှင်းရှင်း ဂရုစိုက်ကြတာမြင်ရတော့ ကျုပ် ပျော်လိုက်တာဗျာ။
24-Mar-2019
လမ်းထဲက ကလေးအော်ငိုကြသည်။ ဆူတာကိုး။ ခွေးတွေက အူ။ နားငြီးလို့ထင်သည်။ ဒီအတိုင်းဆို အေးအေးချမ်းချမ်းရှိလှသည့် ရပ်ကွက်လေး သူတို့လာမှပဲ ဆူညံနေတော့သည်။ လော်သံကိုနှိမ်နင်းဖို့ ကိုယ်စားလှယ်တွေကို အားကိုးရမလားလို့။ သူတို့ ပိုလို့တောင် ဆူနေသေးသည်။ အဲ့တော့ လော်သံကိုကြောက်သူတို့ ကိုယ်စားလှယ်လောင်းတွေကို မေတ္တာပို့ကြသည်။ ကိုယ်စားလှယ်လောင်းရဲ့ အဖွဲ့တွေကတော့ ဂရုသိပ်မစိုက်။ ပန်းဖလက်တွေ ဝေကြသည်။ လူတွေကလည်း ပန်းဖလက်တွေကို လမ်းပေါ်ကိုလွှင့်ပစ်။ ကိုယ်စားလှယ် လောင်းတွေလာမှပဲ လမ်းပေါ်မှာ အမှိုက်တွေပွကုန် တော့သည်။
10-Mar-2019
ကျော်စိုးထောက်ခံချက်နဲ့ ဘဏ်တွေက ပိုက်ဆံလိုက်ချေးမည်။ ဘဏ်တွေက အပေါင်တောင်းလျှင် အစိုးရရုံးကြီးနဲ့ လွှတ်တော်ကို အပေါင်ထားမည်။ ကျော်စိုးက ဝန်ကြီးချုပ်ဆိုတော့ အဲ့ရုံးကြီးက ဂရန်တွေ ကျော်စိုးဆီမှာ ရှိလောက်သည်။ လိုအပ်လျှင် ရန်ကုန်မြို့သစ်ကြီးကိုပါ အပေါင်ထားလိုက်မည်။
03-Mar-2019
“အင်းဗျာ...ဘုရားဒကာတို့ကို အားကျပါတယ်။ ကျုပ်ကတော့ ဒါနပဲ အားကိုးရတယ်ဗျိုး။ ရှာသမျှ လှူဖို့ပဲ မဟုတ်လားဗျ...မအားတဲ့ကြားက ဒီ ဘုရားကြီးဝေယျာဝစ္စကို အခုလို ပင်ပင်ပန်းပန်း လာလုပ်ပေးနေတာလည်း ကုသိုလ်ယူနေတာပါပဲ...သေရင် ကိုယ့်နောက်ပါမှာ ဒီဒါန ကုသိုလ်လေးပဲရှိတယ်...ဟဲဟဲ...ဟဲဟဲ...ဟဲဟဲ”
24-Feb-2019
အခုဆို မြို့တော်ဝန်နဲ့ ဂိတ်ကြေးကိစ္စပြဿနာတက်ပြီး လမ်းပိတ်လိုက်တဲ့ မင်္ဂလာဒုံက ဇေကမ္ဘာဆိုရင်လည်း ဒီလိုပဲလေ။ အစိုးရဆီက ဈေးပေါပေါနဲ့ မြေတွေဝယ်။ ပြီးတော့ တံတိုင်းခတ်ပြီး အကွက်ဖော်။ အိမ်ကွက်တင်မဟုတ်။ စက်မှုဇုန်အကွက်ပါဖော်တာ။ သူဆို ဈေးတွေတောင် ပိုကြီးသေးတယ်။ တစ်ကွက်ကို သိန်းကို ထောင်နဲ့ချီတယ်။ စိုပြေ့မြေတွေကတော့ အဲ့လောက် ဈေးကြီးကြီးနဲ့ မရောင်းပါဘူး။
17-Feb-2019
ဟော့ဒီ စက်ဝိုင်းမြို့တော်ကြီးတွင် မောင်ဗြိသာ စည်ပင်လူကြီးဖြစ်လျှင် ရဲရဲတောက် ကတိတစ်ခုပေးလိုက်ချင်သည်။ ရန်ကုန်ကို တစ်လအတွင်း စင်ကာပူလို ဖြစ်အောင်လုပ်ပြမည်။ မယုံမရှိနှင့်။
10-Feb-2019
ဗိုလ်ချုပ်ကို ကြည်ညိုသူတွေကလည်း တစ်နှစ်ကို နှစ်ခါလောက် အလေးပြုလို့ရမည်။ ပန်းပုဆရာ၊ ပန်းရန်ဆရာ၊ ကြေးသွန်းဆရာတွေအနေနှင့်လည်း လုပ်ငန်းကောင်းပြီး ဝင်ငွေရမည်။ ဒါပေမဲ့ ဗိုလ်ချုပ်အတွက်တော့ စိတ်မကောင်းပါ။ ပြည်မမှာတောင် ဗိုလ်ချုပ်ရုပ်တုကို တစ်နှစ်မှ နှစ်ခါလောက်ပဲသွားတွေ့ ကြတာ။ ဒီကြားထဲမှာ ဗိုလ်ချုပ်ဟာ တစ်ယောက်တည်း။ ဘယ်လောက်ပျင်းစရာကောင်းလိုက်မလဲ။ ဘယ်လောက် အထီးကျန်လိုက်မလဲ။ စိတ်ဓာတ်တွေပါ ကျလာနိုင်သည်။
27-Jan-2019
ကိုလိုနီခေတ်ရောက်တော့လည်း သန်လျင်သည် အောက်မြန်မာပြည်၏ ပြင်ဦးလွင်လို့ တင်စားရအောင် သန့်ရှင်းသပ်ရပ် နေလို့ကောင်းခဲ့သည်။ ဘုရားပုထိုးတွေ များစွာရှိသည်။ ရှေးဟောင်းအဆောက်အအုံတွေလည်း ပေါသည်။ နန်းတော်အဆောက်အအုံနှင့် အဓိကအဆောက် အအုံတွေကတော့ ခေတ်အဆက်ဆက် တိုက်ပွဲများကြောင့် ပျက်စီးခဲ့ရသည်။ ပုဂံထက်ပင်စောခဲ့သည့် ပါဒနိုင်ငံတော်ကြီးလည်း သန်လျင်ဘက်ကမ်းမှာ ရှိခဲ့ဖူးသည်။ ယခုတိုင် ပါဒနိုင်ငံတော်ကြီး၏ လက်ရာများ ကျောက်တန်းတွင် ရှိနေဆဲ။
19-Jan-2019
“ဟေ့လူ...ခင်ဗျားက အစိုးရကို ပုံချချင်တာလား... မရဘူးဗျ... ခင်ဗျားတို့က ပူးသတ်တွေ... အစိုးရကို...လာမထိနဲ့... ဒီလိုတည်ဆောက်နေတဲ့အချိန်မှာ စိတ်ရှည်သည်းခံရမယ့်အစား... တိုင်းပြည်ကို ရောင်းစားချင်နေတာလား...ကျုပ်တို့က... ရွေးကောက်ပွဲမှာ မဲရုံရှေ့... အင်္ကျီအနီဝတ်ပြီး မကြောက်မရွံ့ စက်ဘီးဖြတ်နင်းခဲ့တာ... ပေးဆပ်ခဲ့တာဗျ... နားလည်လား”
12-Jan-2019
အဲ့တော့ စမ်းချောင်းအမတ်ကို ပြန်တောင်းပန်ရတော့မှာပဲ ...။ အမတ်မင်းရေ မြို့တော်ဝန်ကို ငဖြီးကြီးလို့ ခေါ်နေတာကို ရုပ်သိမ်းပေးပါ။ ငဖြီးကြီးဆိုတာကို မြို့တော်ဝန်တစ်ယောက်တည်းကို မရည်ညွန်းပါနဲ့ ...။ အခြားသော ဖြီးဖြန်းနေတဲ့ဝန်ကြီး၊ ဝန်ကလေး၊ ဝန်ကြီးချုပ်ကအစ အခြားလူတွေကိုပါ ...။ ငဖြီးကြီးလို့ နာမည် ပြောင်းမှည့်ပေးပါလို့ ...။
06-Jan-2019
အလို...ငါမှားပါပေါ့လား။ ခုန ဒါမျိုးလက်မခံလို့ ပြောမိတာ အမှားကြီး မှားပါပေါ့လား။ တကယ်ခံခဲ့ရတဲ့သူတောင် ဒီလို ကြီးမြတ်တဲ့ သဘောထားရှိခဲ့တာ။သူ့လောက်မခံခဲ့ရတဲ့ ငါဟာ ခန္တီစ သည်းခံခြင်း တရားကိုတောင် နားမလည်တဲ့ လူ့အရိုင်းအစိုင်းကြီး ဖြစ်ပါပေါ့လား။
30-Dec-2018
အင်းလေ... ဒီအစိုးရလက်ထက်မှာမှ အေးလွန်းတာကိုး။ အရင်အစိုးရတွေလက်ထက်က ဘယ်အေးလို့ တုံး။ အေးခဲ့ရင်တောင် ဒီအစိုးရလောက် ဘယ်အေးမတုံး။ ဒီအစိုးရခေတ်မှာ တကယ်ကိုအေးတာပဲ။ စီးပွားရေးလည်းအေး...။ နိုင်ငံရေးလည်းအေး...။ ငြိမ်းချမ်းရေးကလည်းအေး...။ အကုန်လုံးအေးနေမှတော့ အခုဆို ဆောင်းတွင်းလည်း အေးပြီပေါ့လေ။