News

POST TYPE

SATIRE

ကလေးတွင် မိန်းမကိုယ်အတွင်းဝှက်၍ သယ်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းမိ
11-Sep-2018
ကလေး၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်က ခရီးသည်တင်ယာဉ်တစ်စီးပေါ် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးထံမှ မိန်းမကိုယ်အတွင်းဝှက်၍ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၅) ကလေးမြို့မှသိရသည်။ 

ယင်းနေ့က တမူးမြို့ဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးကို ကလေးမြို့နယ် ရန်မျိုးအောင်ကျေးရွာအဝင် နန်းကျစ်လှော် တံတားအနီးတွင် ရပ်တန့်စေပြီး ယာဉ်ပေါ်ပါ ခရီးသည်များကို စစ်ဆေးခဲ့ရာ ကလေးမြို့နေ ဒေါ်ဌေးဝင်း ၅၄ နှစ်၏ မိန်းမကိုယ်အတွင်း ကွန်ဒုံးဖြင့်ထည့်၍ သယ်ဆောင်လာသည့် ကျပ် ၂ သိန်းခန့်တန်ဖိုးရှိ ဘိန်းဖြူနှင့် ကျပ်တစ်သိန်းခြောက်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၅) ကလေးမြို့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူကို ကလေးမြို့မရဲစခန်းတွင် မယ (ပ) ၁၂၄/ ၂၀၁၈ ၊ မူးစိတ်ပုဒ်မ - ၁၉ (က) ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းမှသိရသည်။ 

R-20



  • VIA